ကဗျာ မြန်မာပြည်တွင်း

ကမ်​လူ​ဝေး – ဖိုက်​တင်း​ဘောနဲ့ထမင်းစားချင်​​နေတဲ့ကဗျာ

KT#
ဖိုက်​တင်း​ဘောနဲ့ထမင်းစားချင်​​နေတဲ့ကဗျာ
ကမ်​လူ​ဝေး
(မိုးမခ)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၇ 

ကာကွယ်​​ဆေးထိုးပြီးမှ

အစာအဆိပ်​သင့်​​သေရတဲ့ က​လေးရဲ့ နာ​ရေးဟာ
ဝမ်းနည်းစရာ။
ကာကွယ်​​ဆေးထိုးပြီးမှ
ပြင်းထန်​အဆုတ်​​ရောဂါအခံနဲ့
အသက်​ပေးလိုက်​ရတဲ့က​လေးက​တော့
မြေကြီးထဲမှာ လှဲ​လျောင်းခဲ့ရှာ။
ပြောချင်​ရာပြောပြီး ဖြစ်​ချင်​ရာဖြစ်​​နေကြတဲ့ ​ခေတ်​မှာ
ဝန်​ထမ်းတ​ယောက်​ဟာ 
လက်​​ဆောင်​ နှစ်​​သောင်းခွဲဖိုးထက်​ပိုမယူရပါ။
အနုပညာပစ္စည်းတခုကို တန်​ဖိုးဖြတ်​ရရင်
အလကားဖြစ်​နိုင်​သလို
တန်​ဖိုးမဖြတ်​နိုင်​​အောင်​ တန်​​ကြေးရှိနိုင်​ပါတယ်​။
ကိုယ်​ပိုင်​တဲ့​ရွှေ တပိသာက​တော့
နှစ်​​သောင်း​လေး​ထောင်​နဲ့​ရောင်းပြီး 
ဝန်​ထမ်းတ​ယောက်​ကို လက်​​ဆောင်​​ပေးခဲ့ပါတယ်​။
ဖြစ်​ချင်​ရာဖြစ်​​နေတဲ့ ​လောကကြီး အဓွန့်​ရှည်​ပါ​စေ
ဈေး​ကောင်းရ​နေတဲ့ ကပ်​ပယ်​အိတ်​ထဲက​ကောင်​​တွေ
ဟင်းအိုးထဲမြန်​မြန်​ ​ရောက်​ကြပါ​စေ။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts