ကဗျာ

ရဲရင့်သက်ဇွဲ – ၉၆ ဒီဇင်ဘာတမ်းခြင်း

ရဲရင့်သက်ဇွဲ – ၉၆ ဒီဇင်ဘာတမ်းခြင်း
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၇

ရသေ့ စိတ်ဖြေတဲ့
ရသေ့ ဘယ်လိုစိတ်ဖြေသလဲ
ငါမတွေ့ ဘူးတော့ မသိဘူး ……

ဒီရာသီမှာ …
မဟုတ်ဘူး …
ဒီရာသီမှမဟုတ်ဘူး …..
အသက်ရှင်နေသမျှ ကာလပတ်လုံး
ငါ အမုန်းဆုံးက စစ်ဝါဒီ အာဏာရှင် …..

သွေးဆာနေတဲ့ စစ်ဝါဒီတွေရဲ့ 
အပြုံးကြားမှာ
၉၆ ဒီဇင်ဘာရဲ့  နီစွေးတဲ့
နှလုံးသားကို ငါတွေ့ နေရတယ် ….

အသံတွေကြားလား…..
အသံတွေကြားတယ်
၉၆ ဒီဇင်ဘာရဲ့ တိုက်ပွဲခေါ်သံ
အမှန်တရားအတွက် တောက်လောင်တဲ့မီး
ကမ္ဘာဆုံးထိတိုင်အောင်…..

ငါ့ရဲဘော်တွေအတွက်
နာကျင်ကြေကွဲတဲ့ရင်ကို
ဘာတွေနဲ့  အစားထိုးရမလဲ ….
ကမ္ဘာမကြေ တေးသံသာ
တမြေ့မြေ့လောင်ကျွမ်း ………

ရသေ့ စိတ်ဘယ်လိုဖြေလဲ
ငါမမြင်ဘူးတော့ မသိဘူး
ငါ့စိတ်ကိုတော့ ငါ့ရဲဘော်တွေရဲ့ 
ယုံကြည်ချက် နှလုံးသားတွေနဲ့  မီးဆေးနေတုန်း …….

(၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts