တိုးနှောင်မိုး ● နိုင်ငံတော်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၇
လူတယောက်က လေယဉ်ပျံဖြစ်ချင်တယ်
လူတယောက်က လေထီးဖြစ်ချင်တယ်
လူတယောက်က သေနတ်ဖြစ်ချင်တယ်
လူတယောက်က ကျည်ဆံဖြစ်ချင်တယ်
လူတယောက်က မီးဖြစ်ချင်တယ်
လူတယောက်က ရေဖြစ်ချင်တယ်
လူတယောက်က ပိုက်စံဖြစ်ချင်တယ်
လူတယောက်က ပိုက်စံအိတ်ဖြစ်ချင်တယ်
လူတယောက်က အရက်သောက်ချင်တယ်
လူတယောက်က ဖဲရိုက်ချင်တယ်
လူတယောက်က တရားနာချင်တယ်
လူတယောက်က မီးဖိုချောင်ထဲဝင်ချင်တယ်
လူတယောက်က ခြင်ထောင်ထဲဝင်ချင်တယ်
လူတယောက်က ဆိုင်ကယ်စီးချင်တယ်
လူတယောက်က စက်ဘီးစီးချင်တယ်
လူတယောက်က ကားဝယ်ချင်တယ်
လူတယောက်က ဒေါ်လာဝယ်ချင်တယ်
လူတယောက်က နားပင်းချင်တယ်
လူတယောက်က ဆွံ့ အချင်တယ်
လူတယောက်က စစ်ကိုလိုလားတယ်
လူတယောက်က ငြိမ်းချမ်းရေးပဲလိုချင်တယ်
လူတယောက်က မိန်းဖြစ်ချင်တယ်
လူတယောက်က ယောက်ျားဖြစ်ချင်တယ်
လူတယောက်က ဖုန်းဆက်ချင်တယ်
လူတယောက်က ဖုန်းမကိုင်ချင်ဘူး
လူတယောက်က လိင်စိတ်ပြင်းတယ်
လူတယောက်က လိင်စိတ်ကုန်ခမ်းနေတယ်
လူတယောက်က အချုပ်ခန်းထဲမှာ
လူတယောက်က ခြင်ထောင်ထဲမှာ
လူတယောက်က TV ကြည့်နေတယ်
လူတယောက်က ပါးစပ်ဆိုင်းတီးနေတယ်
လူတယောက်က ပြာကျနေတယ်
လူတယောက်က မျက်မှန်တပ်ထားတယ်
လူတယောက်က ဂဏန်းတွက်နေတယ်
လူတယောက်က ထမင်းချက်နေတယ်
လူတယောက်က ခေါင်းမပါဘူး
လူတယောက်က လက်မပါဘူး
လူတယောက်က အိပ်ပြန်တာအိမ်ပြန်မရောက်ဘူး
လူတယောက်က အိမ်မပြန်ပဲအိမ်ပြန်ရောက်နေတယ်
လူတယောက်က မင်္ဂလာဆောင်နေတယ်
လူတယောက်က အသုဘချနေတယ်
လူတယောက်က ဖလင်ပေါ်ခုန်တက်တယ်
လူတယောက်က စီဒီချပ်ပေါ်ခုန်တက်တယ်
လူတယောက်က မိုက်ကယ်အင်ဂျလိုဆီသွားတယ်
လူတယောက်က ဇီဒန်းဆီသွားတယ်
လူတယောက်က ဘော်တဲလားဖြစ်သွားတယ်
လူတယောက်က လန်ဒန်မြို့ ကြီးဖြစ်သွားတယ်
လူတယောက်က မိသားစုဆီသွားတယ်
လူတယောက်က သူငယ်ချင်းတွေဆီသွားတယ်
လူတယောက်က လွတ်တော်ထဲမှာ
လူတယောက်ကလက်ထိပ်နဲ့ပါသွားတယ်
လူတယောက်က မိသားစုနဲ့
လူတယောက်က အထီးကျန်ဆန်နေတယ်
လူတယောက်က ငိုနေတယ်
လူတယောက်က ရယ်နေတယ်
လူတယောက်က ပန်းပွင့်နေတယ်
လူတယောက်က ရေတံခွန်ဆန်နေတယ်
လူတယောက်က facebook သုံးနေတယ်
လူတယောက်က ဆာလောင်နေတယ်
လူတယောက်က သွေးပူနေတယ်
လူတယောက်က ပြာကျနေတယ်
လူတယောက်က အော်နေတယ်
လူတယောက်က ခရီးသွားနေတယ်
လူတယောက်က ပိုက်စံရှာနေတယ်
လူတယောက်က ပိုက်စံဖြုန်းနေတယ်
လူတယောက်က ကဗျာရွတ်နေတယ်
လူတယောက်က လမ်းလျောက်နေတယ်
လူတယောက်က စိတ်ကုးထဲတိမ်တွေကိုပျိုးနေတယ်
လူတယောက်က သီးချင်းထဲခုန်ချသွားတယ်
အဲ့ဒီလိုနဲ့ အရေအတွက် တခုနဲ့ တခု
ချိတ်ဆက်တွေ ချိတ်ဆက်ထားတဲ့ ကြိုးထုံးဟာ
မြစ်ကြီးလေးသွယ်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့
အစပ်တွေနယ်ထားတဲ့နယ်စပ်နဲ့
ရှေ့ရေးတွေ တွန့်လိန်ကောက်ကွေးနေတဲ့ချီးကျူးမှုတွေနဲ့
စိမ်းစိမ်းစိုစို သရဲကားလား
ခြောက်ခြောက်သွေ့သွေ့ ဇာတ်ညွှန်းလား
အတိတ်မေ့နေတယ်
ရွှေပျောက်နေတယ်
ကဗျာဟာမမှည့်ဝင်းခင် လိမ္မော်ခင်းထဲဖြတ်တိုက်သွားတဲ့
လေနဲ့ထိတွေ့မိသောအလံ
အတွေးနိမ့်နိမ့် လှံလှည်ရှည်စကားလုံးများ
မနက်ဖြန်ဆိုတာမင်းနဲ့ ငါနဲ့အချစ်လောက်မဝေးဘူး
အလှပြင်ပစ္စည်းထည့်ထားတဲ့ အိတ်သွန်ဖာမှောက်သလို
ဧည့်ခန်းထဲကပန်းအိုးထဲ ဂန္ဓမာပန်းတွေထိုးထားတဲ့နိမိတ်
နှင်ဆီပန်းတွေ ချိုးငှက်ဖြစ်သွားတဲ့အထိ။ ။