သတင်းပဒေသာ

လွတ်လပ်လှိုင်းမဂ္ဂဇင်း မိတ်ဆက်

လွတ်လပ်လှိုင်းမဂ္ဂဇင်း မိတ်ဆက်
(မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇

လက်ခံရရှိတဲ့ အကြောင်းကြားစာက အောက်ပါအတိုင်း ဖြစ်ပါတယ်ခင်ဗျား။ ကြိုဆိုကြပါစို့။

မိတ်ဆွေများခင်ဗျား …
လွတ်လပ်လှိုင်းလို့အမည်ရတဲ့ မဂ္ဂဇင်းလေးတခုကို ထုတ်ဝေသွားမယ့်အကြောင်း နိုဝင်ဘာ(၁၉)ရက် စာဆိုတော်နေ့ အခါသမယမှာ အသိပေးအကြောင်းကြားအပ်ပါတယ်။ လက်ခံရရှိတဲ့ စာမူတွေအပေါ်မူတည်ပြီး ဒီဇင်ဘာ(၁)ရက်နေ့ကနေ စတင်ဖော်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ လွတ်လပ်လှိုင်းမဂ္ဂဇင်းကို စာမူတွေပေးပို့ကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။လက်ပွတ်ဖုန်း (Smartphone)တွေနဲ့ ကျောက်သင်ပုန်း (Tablet) တွေ အသုံးများကြတဲ့ လူမှုကွန်ယက်မှာ လွတ်လပ်လှိုင်းကို ဖတ်ရှုရတာ အဆင်ပြေအောင်လို့ မဂ္ဂဇင်းရဲ့  အပြင်အဆင်ကို ပုံစံတမျိုးနဲ့တည်ဆောက်ထားပါတယ်။

အထူးသဖြင့် စာမျက်နှာများတဲ့ ဆောင်းပါးတွေ၊ ဝတ္ထုတွေကိုဖတ်ရတဲ့အခါ၊ ဓာတ်ပုံကလေးတွေကို ကြည့်ရတဲ့အခါ ပိုပြီး သက်သောင့်သက်သာရှိအောင်လို့ စာမျက်နှာအပြင်အဆင်ကို “မျက်စိတဝေ့စာ”ကလေး ပိုင်းဆစ်ဖန်တီးထားပါတယ်။ သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

အယ်ဒီတာအဖွဲ့
လွတ်လပ်လှိုင်းမဂ္ဂဇင်း (နိုဝင်ဘာ၊ ၁၉ ၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts