ကဗျာ

ကေဇော်မိုး ● ကျဆုံးခြင်း ငါ့နိုင်ငံ (၈)

ကေဇော်မိုး ● ကျဆုံးခြင်း ငါ့နိုင်ငံ (၈)
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇

မုတ်သုံမမှန်တဲ့ နွေအခင်းအကျင်းထဲ
စီးဝင်သွားတဲ့သွေးတွေဟာ
ရေနီလမ်းရဲ့ ဘယ်အပိုင်းမှာ အနည်ကျနေလဲ။
ပင်လယ်ရာသီဟာ ရေနီကမ်းမှာ မြစ်ကိုဆိုက်ရဲ့လား။
တိမ်ဟာတောကိုဖုံးသွားတဲ့ အရိုးဆုံးပြက်လုံးလား။
မြစ်ဖြောင့်ရှုခင်းထဲ ကမ်းကို အလင်းထပ်ပြဖို့သေချာလား။

မေးကား မေး၏
ရှုပ်ထွေးငြိဝင်ဆဲဇာတ်ကြောင်းထဲ
ယဉ်ကျေးလိမ္မာလက်မှတ်ရ အမြင်တိမ်သူများ
ကြပ်မပြည့်သူများနဲ့ တဖက်ပိတ်ဒိုင်ယာရီ
မှန်မဆောင်ဖြစ်ခဲ့တဲ့ ငါ့နိုင်ငံတော်ထဲ။ ။

ကေဇော်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts