ကဗျာ

ကိုပွေး ● ညဝတ်အင်္ကျီ

ကိုပွေး ● ညဝတ်အင်္ကျီ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇

ကိုယ့်ကုသိုလ်နဲ့ကိုယ် ငရဲမှာ ပျော်ပါတယ်
အရှင်လတ်လတ် သေပြီးတဲ့နောက်

စကားတခွန်း ပြောပြီးတိုင်း
‘ရူးတောင်သွားဦးမယ်’ နဲ့ ဆုံးတယ်
ဘုရားနဲ့ ငါကိုင်တုပ်ပြီး စကားနိုင်လုတဲ့အခါ

မြေကြီးထဲ ကျွံဝင်သွားပြီးမှ
တိမ်နားက ကြယ်က တချက် ထတွန်တယ်
မိုးက နွံထဲမှာ စုန်းစုန်းမြုပ်လို့

ကျောမှာ ရေးထားတဲ့အတိုင်း
ရင်ဘတ် က ပြေးတယ်
လောကဓံ ဆိုတဲ့ ငှက်ပျောဖူးလေး
ငါ့နဖူးမှာ စိမ်းစိမ်းစိုစို။  ။

ကိုပွေး
၂၃၊ ၀၈၊ ၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts