ရသဆောင်းပါးစုံ

နှစ်စဉ် ဆင်နွှဲမြဲ ရွှေတိဂုံ မသိုးသင်ကန်းရက်ပွဲတော်

နှစ်စဉ် ဆင်နွှဲမြဲ ရွှေတိဂုံ မသိုးသင်ကန်းရက်ပွဲတော်
(ပြည့်ပြည့်၊ Myanmar NOW) မိုးမခ။ အောက်တိုဘာ ၂၇၊ ၂၀၁၇
ရွှေတိဂုံဘုရား၏ အထင်ကရ အစီအစဉ်တစ်ခုဖြစ်သည့် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို အောက်တိုဘာ ၂၃ တွင် အစပြုလိုက်သည်။
ဝိနည်းတော်နှင့်အညီ ညတွင်းချင်း အဆင့်ဆင့် ရက်လုပ်ခြင်း၊ ချုပ်ခြင်းအတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ တင်းကျပ်ထားကြောင်း၊ ရွှေတိဂုံရှိ ဘာသာရေးအသင်းများအနက် အသင်း ၉ သင်း အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂ အထိ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ရက်ကန်းခတ်ကျွမ်းကျင် လျှင်မြန်သူတို့ ချုပ်လုပ်ပြီးစီးသော သင်္ကန်းများကို ပြိုင်ပွဲအပြီးနောက်တစ်နေ့ဖြစ်သော တန်ဆောင်မုန်း လပြည့်နေ့ နံနက်ရောက်သည့်အခါ ရင်ပြင်ပေါ်ရှိ ကြိုတင်သတ်မှတ်ထားသော ဆင်းတုတော်ကြီးများတွင် ကပ်လှူ ပူဇော်ကြမည်ဖြစ်သည်။
အနယ်နယ်အရပ်ရပ်မှ စေတီပုထိုးအများအပြားတွင် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်မှာ ဘုရင်ခေတ်ကတည်းကဖြစ်သည်ဟု သိရသည်။
နေ့ မကူး၊ ရက် မကူးဘဲ တစ်ရက်တည်း အပြီး ရက်လုပ်လှူဒါန်းကြခြင်း ဖြစ်သောကြောင့် မသိုးသင်္ကန်းဟု ခေါ်ဝေါ်ကြကြောင်း သိရသည်။

(ဓာတ်ပုံများ – ပြည့်ပြည့်/Myanmar Now)

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts