ဘာသာပြန်ကဏ္ဍ ရသဆောင်းပါးစုံ

မောင်ဖေသက်နီ ● ရင်သွေးတွေကို မွေးဖွားသန့်စင်တဲ့အခါ မိခင်တွေဟာ ဘာကြောင့် နာကျင်ပြီး အန္တရာယ်ရှိရပါသလဲ

မောင်ဖေသက်နီ ● ရင်သွေးတွေကို မွေးဖွားသန့်စင်တဲ့အခါ မိခင်တွေဟာ ဘာကြောင့် နာကျင်ပြီး အန္တရာယ်ရှိရပါသလဲ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇

ကောလင်း ဘာရာ့စ်  Colin Barras  ရေးသားပြီး မောင်ဖေသက်နီက မြန်မာဘာသာပြန်ပါတယ်

—–

ကောလင်း ဘာရာ့စ်  Colin Barras  က ဘီဘီစီ ကမ္ဘာကြီးဆိုင်ရာဝက်ဆိုက် http://www.bbc.com/earth/story/20161221-the-real-reasons-why-childbirth-is-so-painful-and-dangerous မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရေးသားပြီး မောင်ဖေသက်နီက မြန်မာဘာသာပြန်ဆိုပါတယ်။

——-

လွန်ခဲ့တဲ့နှစ်ကာလအတော်စောစောကတည်းက ခေါင်းစဉ်မှာပါအကြောင်းအရာဖြစ်တဲ့ “ရင်သွေးငယ်   တွေကို မွေးဖွားသန့် စင်တဲ့အခါ မိခင်တွေဟာ ဘာကြောင့်နာကျင်ပြီး အန္တရာယ်ရှိရပါသလဲ” ဆိုတာကို ဆေးပညာရှင်တွေ (Physicians)၊ သဘာဝတ္ထဗေဒပညာရှင်တွေ(Naturalists)၊ သမိုင်းပညာရှင်တွေ (Historians) နဲ့မနုဿဗေဒပညာရှင်တွေ (Anthropologists) ဟာပူးတွဲပြီးတော့ရော၊ တသီးပုဂ္ဂလတဦးချင်းစီအနေနဲ့ရော လေ့လာမှုသုတေသနတွေကို ပြုလုပ်ခဲ့ကြပါတယ်။ သူတိုရဲ့ သုတေ သန အဖွဲ့ ဝင်တွေဟာ အန္တရာယ်ကြီးမားတယ်ဆိုတဲ့ အဆင့်ထက်ကျော်လွန်ပြီး ပိုမိုနက်နဲတဲ့အဆင့်အထိကို မသိရှိ၊ မလေ့လာနိုင်ခဲ့ကြသေးပါဘူး။

တကမ္ဘာလုံးမှာ လူအများခံစားနေရတဲ့ ကျန်းမာရေး၊ ရောဂါဘယဆိုးတွေနဲ့ပတ်သက်ပြီး WHO (World Health Organization) လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကဦးစီးပြီး ၁၉၉၀ ခုနှစ်ထဲမှာ ဆေးသုတေသနတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ရလာခဲ့တဲ့ ရလဒ်တွေအရကျမှဘဲ တကမ္ဘာ လုံးက အမျိုးသမီးအရေအတွက်စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းခန့်၊ ကိန်းဂဏန်းအရေအတွက်အားဖြင့် အမျိုးသမီး ၈၃၀ ယောက်ခန့်ဟာ နေ့စဉ်လိုလို ကိုယ်ဝန်ဆောင်မှု၊ ကလေးမွေးဖွားမှုတွေနဲ့ဆက်စပ် ပြီး အသက်ဆုံးရှုံးမှုတွေကိုရင်ဆိုင်ခဲ့ကြရတယ်လို့သိရှိခဲ့တာပါ။

“အဲဒီ ကိန်းဂဏန်းတွေကိုတွေ့ ရတာ တုန်လှုပ်ချောက်ချားစရာ အချက်တချက်ဖြစ်နေပါတယ်။ ဒီ အရေအတွက်ဟာ ကမ္ဘာကြီးပေါ်မှာရှိကြတဲ့ လူသား ‘မ’ သတ္တ၀ါ မိခင်တွေသာမကဘဲ တိရစ္ဆာန် ‘မ’ သတ္တ၀ါ မိခင်တွေရောပါ အခုလိုမျိုးခံစားနေကြတယ်လို့ဆိုလိုခဲ့ပုံရပါတယ်။ အဲဒါဟာ သမရိုးကျ အဖြစ်အပျက်တခုလိုမျိုး ဖြစ်နေခဲ့တာပါ။ ရင်သွေးငယ်တွေကို ကိုယ်ဝန်ဆောင်နေစဉ်မှာရော၊ မွေးဖွား  နေစဉ်တွေမှာပါ နာကျင်မှုဝေဒနာတွေကို ဣတ္ထိလိင်ပိုင်ရှင် ‘မ’ သတ္တ၀ါတွေဟာ အခုလိုမျိုးခံစားနေကြ ရတာပါဘဲ” လို့ အင်္ဂလန်နိုင်ငံက ‘University College London လန်ဒန်ယူနှီဗာစီးတီးကောလိပ်’ မှာ ရင်သွေးငယ်တွေအကြောင်းကို အထူးသုတေသနတွေပြုလုပ်နေတဲ့ ဂျိုးနသန် ၀ဲလ်စ် Jonathan Wells က ပြောဆိုခဲ့ဖူးပါတယ်။ ဒါဆိုရင်ကျနော်တို့ လူသားမျိုးနွယ်စိတ်ဝင် မိခင်တွေဟာမျိုးဆက်သစ်   လေးတွေကို မွေးဖွားသန့်စင်တဲ့ ကိစ္စကရော ထိတ်လန့်စိုးရိမ်စရာဖြစ်နေပေသလော။

အဲဒီ အသက်အန္တရာယ်စိုးရိမ်ရမှုမျိုးတွေကို လျော့နည်းအောင်ဘယ်နည်းဘယ်ပုံလုပ်ကြမလဲ။

 

Hominins walked upright for millions of years (Credit: Juan Manuel Borrero/naturepl.com)
အပေါ်ပုံမှာ ဖေါ်ပြထားတဲ့အတိုင်း Hominin ဟိုမီနင် မျိုးနွယ်စိတ်ဝင်တွေဟာ ခါးကိုဒေါင်လိုက်မတ်မတ်ထားပြီးလမ်းလျှောက်တဲ့ အလေ့အထဖြစ်ပေါ်လာတာဟာ နှစ်ပေါင်း သန်းချီရှိလာနေပါပြီ
(အပေါ်က သရုပ်ပြပုံကို  Juan Manuel Borrero/naturepl.com မှ တဆင့်ရယူပါတယ်)


သိပ်မကြာသေးမီ ၂၀ ရာစု အလယ်ပိုင်းလောက်ရောက်တဲ့အခါကျမှ လူသားတွေဟာ သူတို့ ရဲ့ ရင်သွေးငယ်တွေကို ဘယ်ပုံ၊ဘယ်နည်းမွေးဖွားလာခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆေးပညာရှင်တွေ သဘာဝတ္ထဗေဒပညာရှင်တွေ၊ သမိုင်းပညာရှင်တွေနဲ့မနုဿဗေဒပညာရှင်တွေကစပြီး စဉ်းစားလာခဲ့ ကြတာပါ။ “လူတွေ ဘယ်ပုံ၊ ဘယ်နည်း ရုန်းကန်လှုပ်ရှားနေထိုင်ခဲ့ကြသလဲ” ဆိုတဲ့ စဉ်းစားမှုမျိုးကို လည်း ဆက်ပြီးလေ့လာခဲ့ကြပါသေးတယ်။ လူသားတွေရဲ့ ပြောင်းလဲဖြစ်ပေါ်တိုးတက်လာမှုဖြစ်စဉ်တွေ  (Evolution Processes of Human Being) ကိုလည်း “Hominin ဟိုမီနင်” မျိုးနွယ်စိတ်ဝင်ဆို တဲ့ အမည်သတ်မှတ်ပြီး ‘ကမ္ဘာ့အစောဆုံးလူသားမျိုးနွယ်စိတ်ဝင်တစု’ လို့ပညာရှင်တွေအပါအ၀င် အခြားလူအများအပြားက ခေါ်ဝေါ်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

အစောဆုံးရှိခဲ့ဖူးတဲ့ Hominin ဟိုမီနင် မျိုးနွယ်စိတ်တွေရဲ့ ရုပ်ကြွင်းစုတွေ အဖြစ်တည်ရှိခဲ့တာ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၇) သန်းလောက်တုန်းက ဖြစ်လိမ့်မယ်လို့ခန့်မှန်းခဲ့ကြပါလိမ့်မယ်။ စ တွေ့   စဉ်တုန်းကတော့ လူသားတွေရဲ့ရုပ်ကြွင်းတွေလို့မယုံမရဲဖြစ်ခဲ့ရပါလိမ့်မယ်။ “ဟိုမီနင် မျိုးနွယ်စိတ်ဝင်  တွေဟာ ခြေထောက်နှစ်ချောင်းပေါ်မတ်မတ်ရပ်ပြီး လမ်းလျှောက်ကြတယ်” လို့အဲဒီ့ ရုပ်ကြွင်းတွေကို စတင်တွေ့ ရှိခဲ့တဲ့ သုတေသီတွေထဲက တယောက်ရဲ့မှတ်တမ်းရေးသားထားခဲ့တာကို ဖတ်ရှုခဲ့ရဖူးပါ တယ်လို့ဂျိုးနသန် ၀ဲလ်စ် က ပြောဆိုခဲ့ဖူးပါတယ်။

ခြေထောက်နှစ်ချောင်းအပေါ် မတ်မတ်နဲ့လမ်းလျှောက်နိုင်ဖို့ အတွက် Hominin ဟိုမီနင် မျိုးနွယ်စိတ်ဝင်တွေဟာ သူတို့ ရဲ့ ကိုယ်ခန္ဓာဖွဲ့ စည်းပုံအရ သူတို့ အရိုးတွေဟာ ခြေလှမ်းလှမ်းလိုက်    တိုင်း သူတို့ ရဲ့ပေါင်တံရိုးဟာ တင်ပုဆုံရိုးနဲ့ပွတ်ပွတ်ပြီး သူ့ ကိုယ်ခန္ဓာကို သယ်ဆောင်သွားလေ့ရှိခဲ့ပုံ ရပါတယ်။

ဟိုး အရင်နှစ်တွေတုန်းက ရှာဖွေရရှိခဲ့တဲ့ ရုပ်ကြွင်းတွေအများစုကို လေ့လာသိရှိခဲ့ရသလောက်  ကတော့ သူတို့ ရဲ့ရင်သွေးတွေကို မွေးဖွားသန့်စင်တဲ့အခါ သူတို့ ရဲ့ခါးကို အထက်အောက်၊ ဒေါင်လိုက်  ဖြောင့်ဖြောင့်မတ်မတ်ထားပြီး (ရေပြင်ညီ လှဲလျောင်းတဲ့ပုံသဏ္ဍာန်အနေအထားနဲ့) တင်ပုဆုံရိုးအနီး က အမျိုးသမီးအင်္ဂါဇာတ်အပေါက် (Vagina) ကနေ အခုခေတ်လိုမျိုးအတိုင်း ရင်သွေးလေးရဲ့ ဦးခေါင်း ကနေစပြီး ဇောက်ထိုးပုံသဏ္ဍာန်နဲ့အလျားလိုက်မွေးဖွားခဲ့ကြလိမ့်မယ်လို့လေ့လာယူဆခဲ့ကြပုံရပါ တယ်။

အခု နောက်ဆုံးရှာဖွေတွေ့ ရှိခဲ့တဲ့ Hominin ဟိုမီနင် မျိုးနွယ်စိတ်ဝင်တွေရဲ့ ရုပ်ကြွင်းစုတွေ မှာကျတော့ သူတို့ ရဲ့တင်ပုဆုံဟာ ကြွက်သားညှစ်အားတွေနဲ့တွန်းအားဖြစ်စေပြီး မွေးဖွားခဲ့ကြတာလို့ စတင်သုံးသပ်လာခဲ့ပါတော့တယ်။ ဘာကြောင့် ဒီလိုမျိုးအနေအထားပုံစံပြောင်းလဲပြီး မွေးဖွားလာရ  သလဲဆိုတာကို ဆက်စပ်ပြီးစဉ်းစားကြည့်တဲ့အခါ လက်ရှိခေတ်မှာ ရှင်သန်ရပ်တည်နေကြတဲ့ အမျိုး သမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အရင်ခေတ်ကနဲ့စာရင် အနည်းငယ်သေးသွယ်လာနေကြသလို သူတို့ ရဲ့ ခန္ဓာကိုယ်ဟာလည်း ဖွဲ့ စည်းပုံတွေပြောင်းလဲလာခဲ့တာကြောင့်လို့သိရှိခဲ့ရတာပါ။

ခန္ဓာကိုယ်ဟာ ဆလင်ဒါလိုမျိုး ရှည်ရှည်မျောမျောပုံစံမျိုးအဖြစ် ပြောင်းလဲလာနေခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲဖြစ်ပေါ်နေတဲ့အတွက် တခါတရံမှာ ကလေးမွေးဖွားလာနိုင်မယ့် အမျိုးသမီးတွေရဲ့ အင်္ဂါဇာတ် (Vagina) လမ်းကြောင်းပေါက်ကို (ခေတ်မီနေတဲ့ ဒီနေ့ဆေးရုံတွေရဲ့) ခွဲခန်းတွေထဲမှာ ထုံဆေး၊ ဒါမှမဟုတ် မေ့ဆေးပေးပြီး ချဲ့ လိုက်ရတာမျိုးရှိတတ်ပါတယ်။ သူ့ သဘာဝအတိုင်းမွေးဖွား သန့်စင်တာမျိုးနဲ့စာရင်နည်းနည်းပိုပြီး အန္တရာယ်ဖြစ်နိုင်တယ်လို့သိရှိရပါတယ်။

ဟိုမီနင် အများစုဟာ ခါးကို မတ်မတ်အနေအထားနဲ့ လမ်းလျှောက်လေ့ရှိကြပါတယ်(အပေါ်က သရုပ်ပြပုံကို Credit: P. Plailly/E. Daynes/Science Photo Library မှ ရယူခဲ့ပါတယ်)

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းလောက်မှာတုန်းကတည်းက ‘ဟိုမီနင်’ လူသားမျိုးနွယ်စိတ်တွေရဲ့ ပြုမူနေထိုင်တဲ့ စရိုက်လက္ခဏာတွေဟာ တဖြည်းဖြည်းနဲ့စတင်ပြောင်းလဲလာနေခဲ့ပါပြီလို့လေ့လာသိ ရှိခဲ့ရပါတယ်။

အဲဒီတုန်းက ကျနော်တို့ ရဲ့ ဘိုးဘွားဘီဘင်မျိုးဆက် ရှေးခေတ်လူသားတွေဟာ ‘Ape လူဝံ’ အဆင့်လောက်မှာ ဘဲရှိကြပါသေးတယ်။ သူတို့ ရဲ့ ကိုယ်ခန္ဓာဟာလည်း အခုအချိန်ကထက် ပိုမိုထွား ကျိုင်းခဲ့ကြတာကိုတွေ့ ရှိခဲ့ရပါတယ်။ ခြေထောက်တွေ၊ လက်တွေနဲ့ ဦးနှောက်တွေရောဟာ အခု မျက်မှောက်ခေတ် လူသားတွေထက် အရွယ်အစားပိုပြီးကြီးမားနေတာကို လေ့လာတွေ့ ရှိခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ‘Man လူသား’ လို့မသတ်မှတ်မခေါ်ဆိုကြသေးဘဲ ‘Ape လူဝံ’ လို့ အားလုံးက  တညီတညွတ်တည်း သတ်မှတ်ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

တွေ့ ရှိခဲ့တဲ့ရုပ်ကြွင်းတွေအရ သူတို့ ရဲ့ ခန္ဓာကိုယ်အရပ်အမောင်းဟာ အခုခေတ်လူသားတွေ ထက် အနည်းငယ်ပိုရှည်နေတာ၊ ခြေတံ၊ လက်တံတွေကလည်း အနည်းငယ်ပိုရှည်နေတာ၊ ဦးခေါင်းခွံ ကလည်း အနည်းငယ်ပိုပြီးကြီးနေတာတွေကြောင့် လူသားတယောက်ရဲ့ ရုပ်ကြွင်းလို့မသတ်မှတ်ကြ တာဖြစ်လိမ့်မယ်လို့ယူဆနေခဲ့ကြတာပါ။ ဒါပေမယ့် မကြာသေးမီကရှာ ဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းစုဟာ လူသားအမျိုးသမီး တဦးတယောက်ရဲ့ အရိုးစုတွေဖြစ်နိုင်တယ်ဆိုတဲ့ တွေးခေါ်ယူဆမှုတခုကလည်းရှိ  နေခဲ့ပေမယ့် ဘယ်လို ‘မျိုးနွယ်စိတ်’၊ ဘာ ‘မျိုးနွယ်စိတ်’ ဆိုတဲ့ တိတိကျကျပြဌာန်းသတ်မှတ်ထား တာမျိုးတော့မရှိခဲ့ဘူးလို့လေ့လာသိရှိရပါတယ်။

ဦးနှောက်အရွယ်အစားကြီးမားတဲ့ မိဘတွေကမွေးလာတဲ့ သူတို့ ရဲ့ရင်သွေးငယ်လေးတွေဟာ   လည်း Evolution လို့ခေါ်တဲ့ ဆင့်ကဲပြောင်းလဲတိုးတက်မှုဖြစ်စဉ်နဲ့အညီ သူတို့ ရဲ့ ဦးနှောက်တွေက လည်း သူတို့ မိဘတွေအတိုင်း ကြီးမားနေလေ့ရှိကြပါတယ်။ သက်ရှိတိရစ္ဆာန်တွေရဲ့ ဆင့်ကဲပြောင်းလဲ  လာတဲ့ တိုးတက်မှုဖြစ်စဉ်မှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာသလဲဆိုတာ အမှန်အတိုင်း၊ အသေးစိတ် သိရှိဖို့ အင်မတန်ခက်ခဲနေခဲ့ပါတယ်။

မကြာသေးမီက ရှာဖွေတူးဖေါ်တွေ့ ရှိထားခဲ့တဲ့ ‘မ’ မျိုးနွယ်စိတ်ရုပ်ကြွင်းစုဟာလည်း ရင်သွေး  တွေကို မွေးဖွားသန့်စင်ပေးနိုင်ဖို့ အတွက် သူတို့ ရဲ့ တင်ပုဆုံတွေဟာ ပုံမှန်ထက်သေးသွယ်ပြီး ရှူးနေ နိုင်တဲ့အတွက် သာမန်လမ်းလျှောက်တဲ့အခါမှာတော့ သူတို့ ခြေထောက်တွေအပေါ်ပုံမှန်ထက်ပိုပြီး အားယူ၊ အားစိုက်လုပ်နေခဲ့ရလိမ့်မယ်လို့သုတေသီတွေအများစုက ယူဆခဲ့ကြပါတယ်။

သူတို့ ရဲ့ သားအိမ်ထဲမှာ ‘သက်ရှိသဘာဝပြောင်းလဲမှုဖြစ်စဉ်’ အရ ပြောင်းလဲလာနေခဲ့တဲ့ သူ့  ရင်သွေးလေးရဲ့ ဦးခေါင်းဟာ သူ့ မိခင်ရဲ့ဦးခေါင်းအတိုင်းကြီးထွားဖြစ်ထွန်းလာခဲ့တဲ့အတွက် မွေးဖွားတဲ့ အခါ အနည်းငယ်ပိုပြီးခက်ခဲသလိုဖြစ်ပြီး နာကျင်မှုဝေဒနာကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ အဲဒီလို ရင်သွေးလေးမျိုးကို မွေးဖွားရတာဟာ တနည်းနည်းနဲ့သူ့ မိခင်ရဲ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အတွက် အထူးဂရုစိုက်ဖို့ လိုအပ်နေမှာဖြစ်ပါတယ်။

ရှားဝုဒ် လန်းနက် ၀ါ့ရှ်ဘန်း Sherwood Larned Washburn ဆိုတဲ့ မနုဿဗေဒပညာရှင်က “Difficulties in Obstetric & Gynaecology Medicine သားဖွားနဲ့မီးယပ်ဆိုင်ရာ ဆေးပညာ အခက်အခဲများ” ကို အထူးသုတေသနပြုလုပ်ခဲ့သူပါ။ သုတေသီအများစုကလည်း ဒီနေ့အချိန်မှာ  တော့ “Problems of Having New Generation မျိုးဆက်ပွားမှုဆိုင်ရာပြဿနာရပ်များ” ဆိုတဲ့ အမည်နာမနဲ့ပြောင်းလဲသုံးစွဲနေကြပါပြီ။ သိပ္ပံပညာရှင်တွေကလည်း မျိုးဆက်ပွားမှုဆိုင်ရာပညာပေး မှုတွေကို အရင်တုန်းကထက် ပိုမိုရှင်းလင်းတဲ့နည်းနဲ့လမ်းညွှန်အကြံပြုမှုတွေကို လုပ်ကိုင်လာနိုင်နေ ကြပါပြီ။ လူအများကလည်း လွယ်လွယ်ကူကူနဲ့အဲဒီ့ အကြံဉာဏ်ကောင်းနဲ့တွေနဲ့လမ်းညွှန်မှုတွေကို လက်ခံကျင့်သုံးသွားနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့် အခက်အခဲဆိုတာမျိုးကတော့ အနည်းအကျဉ်းတော့ ဆက်လက်ရှိနေနိုင်မှာဖြစ်တဲ့ အတွက် ပျော်ရွှင်နိုင်မှုကတော့ အပြည့်အ၀ရရှိမှာ မဟုတ်သေးပေမယ်လို့အရင်ထက်စာရင်တော့  ပျော်ရွှင်မှုတွေကို အများကြီးဖန်တီးပေးနိုင်တော့မှာပါ။ အရင်တုန်းက သုတေသနပြုလုပ်ခဲ့သလိုမျိုးဘဲ ဂျိုးနသန် ၀ဲလ်စ် တွေ့ ရှိခဲ့တဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး ဆက်လက်သုတေသနပြုလုပ်ခဲ့ တာကြောင့် ရရှိတဲ့အကျိုးရလဒ်တွေဘဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ထားချိန် ကာလတာရှည်လာတာနဲ့အမျှ မိခင်တွေဟာ သူတို့ ရဲ့ ရင်သွေးလေး   တွေကို အင်မတန်ထွားကျိုင်းတဲ့ ကလေးလေးတွေအဖြစ် မွေးဖွားလာစေချင်ကြတာပါ။ အဲဒီ့ မိရိုးဖလာ အယူအဆမျိုး၊ စိတ်ပညာအရယုံကြည်မှုမျိုးကို ကျနော်တို့ အမြဲလိုလို ကြုံတွေ့ နေခဲ့ရပါတယ်။ အဆိုပါ မိရိုးဖလာယုံကြည်မှုဟာ အမြဲမမှန်နိုင်ဘူးလို့ရှားဝုဒ် လန်းနက် ၀ါ့ရှ်ဘန်း ကတော့ ယူဆနေပါတယ်။

“ဒီအကြောင်းကို သူ ဆောင်းပါးတပုဒ်ရေးသားခဲ့ဖူးပါတယ်။ သန္ဓေသားဖြစ်ထွန်းလာတဲ့ အချိန် ကစပြီး မွေးဖွားလာတဲ့အချိန်အထိ ရင်သွေလေးဟာမိခင်ရဲ့သားအိမ်ထဲမှာ တဖြည်းဖြည်းကြီးထွားဖြစ်  ထွန်းလာပုံအဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်းရေးသားတင်ပြထားတာပါ” လို့ ဂျိုးနသန် ၀ဲလ်စ် က ထပ်ပြီးသုံးသပ်ပြောဆိုခဲ့ပါတယ်။

နွားပေါက်လေးတွေ (Taurotragus oryx) လိုမျိုး တချို့ တိရစ္ဆာန်တွေဟာ မွေးဖွားခါစ ခြေထောက်ကို အသုံးမပြုနိုင်သေးတဲ့ အရွယ်မှာ သူတို့ ဒူးတွေကို မကွေးနိုင်သေးဘဲ တန်းပြီးလျှောက်ခဲ့ကြရပါတယ်။(ဒီပုံကို blickwinkel/Alamy က ရယူခဲ့ပါတယ်)


“ကျမတို့ ရဲ့ ကလေးတွေကို မွေးဖွားတဲ့အခါ ကိုယ်ဝန်ဆောင်ကာလ ပိုပြီးရှည်ကြာသလိုမျိုးဘဲ  မွေးလာတဲ့ကလေးတွေဟာလည်း မျှော်မှန်းထားတာထက်ကို အများကြီးပိုပြီးထွားကျိုင်းနေလေ့ရှိကြ ပါတယ်” လို့သုတေသီတဦးဖြစ်တဲ့ ဟိုလီ ဒန်းစ်ဝါ့သ် Holly Dunsworth က ပြောဆိုခဲ့ပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ ရဲ့ ရင်သွေးတွေကို မွေးဖွားလာကြတော့မယ့်အခါ ရင်သွေးလေးတွေရဲ့   ဦးနှောက်အရွယ်အစားကို ပညာရှင်တွေခန့်မှန်းထားကြတာထက် အရွယ်အစားပိုမိုကြီးမားပြီး သူတို့  မှတ်ဉာဏ်တွေကိုလည်း အင်မတန်ကောင်းမွန်တဲ့ဦးနှောက်မျိုးနဲ့မွေးဖွားလာစေချင်ကြပါတယ်။

လူသားတွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ တခြားမျောက်မျိုးနွယ်စိတ်ဝင်တွေထက် ပိုမိုကြာရှည်  လေ့ရှိကြပါတယ်။ လူသားအမျိုးသမီးတွေဟာ ယေဘုယျပြောရရင် သီတင်းပါတ်ပေါင်း ၃၈ ပါတ်ကနေ ၄၀ ပါတ်လောက် အတွင်းရှိနေချိန်မှာ ချင်ပန်ဇီ မျောက်တွေက ၃၂ ပါတ်လောက်ဘဲ ရှိကြပါတယ်။

ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်စိတ်မျိုးနဲ့ တော်တော်ဆင်တူတဲ့ “ဂိုရီလာ Gorilla” လို့ ခေါ်တဲ့  မျောက်မျိုးစိတ်တွေဟာ သူ့ ခန္ဓာကိုယ်မှာ “Orang-utans အူရန်း အူတဲန်စ်” လို့ခေါ်တဲ့ ကြွက်သား စိုင်ရှိတဲ့သတ္တ၀ါအမျိုးအစားဖြစ်တဲ့အတွက် သူ့ ရင်သွေးလေးကိုမွေးဖွားနိုင်ဖို့ အတွက် ရက်သတ္တပါတ် ပေါင်း ၃၇ ပါတ်လိုအပ်ပါတယ်။ (ဘာသာပြန်သူရဲ့ ထပ်မံဖြည့်စွက်ချက်။ ။ “Orang-utans အူရန်း အူတဲန်စ်” ဟာ  “ဂိုရီလာ Gorilla” လို့ခေါ်တဲ့ လူဝံသတ္တ၀ါတမျိုးရဲ့ ကြွက်သားစိုင်ဖြစ် ပါတယ်။ သူတို့ ဟာ သူတို့ ရဲ့ ကလေးငယ်တွေကို ကျနော်တို့ လူသားတွေလိုမျိုးဘဲ နို့ တိုက်ကျွေးမွေး  လေ့ရှိကြပါတယ်။ သူတို့ ရဲ့ ရင်သွေးငယ်လေးတွေကို ရင်ခွင်ပိုက်ကာလအတွင်း ပိုက်ထွေးပွေ့ ပိုက် ထားပြီး နို့ ချိုတိုက်ကျွေးနိုင်စေဖို့ လူသားမိခင်တွေရဲ့ လက်တွေမှာလိုမျိုး ခန္ဓာဗေဒဖွဲ့ စည်းပုံအရရှိနေတဲ့ ကြွက်သားစိုင်တမျိုးဖြစ်ပါတယ်)

ဟိုလီ ဒန်းစ်ဝါ့သ် နဲ့သူမရဲ့ အဖွဲ့ တွေဟာ အဲဒီအကြောင်းကို စာမျက်နှာပေါင်း ၂၀၁၂ မျက်နှာ ရှိတဲ့ ရှင်းပြချက်စာတမ်းတစောင်ကို ရေးသားဖြန့်ချိခဲ့ပါတယ်။ လူသားအမျိုးသမီးတယောက် ကိုယ်ဝန် ဆောင်ထားတဲ့ကာလအတွင်း သူမရဲ့ကိုယ်ခန္ဓာဟာ အပြောင်းအလဲတွေအများကြီးဖြစ်ခဲ့တဲ့အကြောင်း ကို ရေးသားရှင်းပြထားတာပါ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မျောက်ဝံတွေဟာ သူတို့ ရဲ့ရင်သွေးလေးတွေ  ကို မွေးဖွားပြီး ၃၇ ရက်ပိုကြာပြီးမှ လူသားတွေဟာ သူတို့ ရဲ့ ရင်သွေးငယ်လေးတွေကို ဖွားမြင်နိုင်ပါ တယ်လို့သူမနဲ့သူမရဲ့အဖွဲ့ ကပြောဆိုထားတာဖြစ်ပါတယ်။

လူနဲ့မျောက်ဝံတွေရဲ့ ဦးနှောက်အရွယ်အစားကတော့ ရွယ်တူလောက်ဖြစ်ကြပါတယ်။ သမိုင်း မတင်မီ Primate ပရိုင်းမိတ်ခေတ် လူသားအမျိုးသမီးတွေဟာ သူတို့ ရဲ့ရင်သွေးတွေကို မွေးဖွားလိုက်   တဲ့အခါ ဒီနေ့ခေတ်ထက်စာရင် ဦးနှောက်အရွယ်အစားပိုကြီးပြီး မွေးဖွားလာခဲ့တာမျိုးဖြစ်ကြတယ်လို့ ကျနော်တို့ လေ့လာသိရှိထားခဲ့ကြတာပါ။ အခုခေတ် မျိုးနွယ်စိတ်တွေထက် Primate ပရိုင်းမိတ်ခေတ် မှာရှိခဲ့တဲ့ မျိုးနွယ်စိတ်ဝင်တွေက ကိုယ်ခန္ဓ္ဓာပိုပြီး ထွားကျိုင်းမှုရှိကြတာဟာ ‘မ’ မျိုးစိတ်ဝင်လူတွေမှာ ဘဲ ဖြစ်ပျက်နေခဲ့ကြတာပါ။ အဲဒါကြောင့် ‘ဖို’ မျိုးစိတ်ဝင်လူတွေမှာလည်းဖြစ်ပျက်နေခဲ့ပါတယ်ဆိုတဲ့ ရှားဝုဒ် ၀ါ့ရှ်ဘန်း Sherwood Washburn ရဲ့ သုတေသနပြုမှုဟာ မမှန်ကန်တော့ဘူးဆိုတာ သေချာ သွားပါတယ်။ ဒီလိုဆိုရင် ရှားဝုဒ် ၀ါ့ရှ်ဘန်းရဲ့တခြားသုတေသနပြုလုပ်တာတွေမှာလည်း ပြဿနာအချို့  ရှိနေနိုင်သေးတာမို့ ပြန်လည်စစ်ဆေးကြည့်ဖို့ ကျန်ရှိနေဦးမှာပါ။

 

Male (left) and female (right) human pelvises (Credit: Visuals Unlimited/naturepl.com)
ဖို သတ္တ၀ါ (ဘယ်ဘက်ပုံ) နဲ့ မ သတ္တ၀ါ (ညာဘက်ပုံ) တို့ ရဲ့ တင်ပုဆုံများ (Visuals Unlimited/naturepl.com မှ ရယူပါတယ်)

ရင်သွေးငယ်လေးတွေ မွေးဖွားသန့်စင်တဲ့ အဓိကလမ်းကြောင်းတွေကို လေ့လာကြည့်တဲ့အခါ သူတို့ လမ်းလျှောက်စဉ်မှာ တင်ပုဆုံရိုးတွေကိုပွတ်တိုက်ပြီး အားယူခဲ့ရပုံကို (အပေါ်မှာဖေါ်ပြထားတဲ့ သရုပ်ပြပုံကိုရှု) မြင်တွေ့ ကြရပါတယ်။

ဘယ်နဲ့ညာနှစ်ဖက်လုံးကိုနှိုင်းယှဉ်ကြည့်တဲ့အခါ သူတို့ ဟာ ဒူးဆစ်တွေကိုမကွေးဘဲတဖြောင့်  ထဲ တည့်တည့်မတ်မတ်ထားပြီး (ခပ်ထောင့်ထောင့်ပုံစံနဲ့) လမ်းလျှောက်လေ့ရှိခဲ့ကြတယ်လို့သိရှိခဲ့ရပါ တယ်။ အားလုံးကိုခြုံပြီးပြောရရင် အဲဒီအချိန်က ‘မ’ သတ္တ၀ါတွေဟာ သူတို့ ရဲ့ ရင်သွေးတွေကို လွယ် လွယ်ကူကူ မွေးဖွားနိုင်စေဖို့ အတွက် “ဖြေရှင်းနည်းတခု” အနေနဲ့သူတို့ ရဲ့ တင်ပါးကြွက်သားတွေကို အတင်းညှစ်ပြီး ကလေးမွေးလမ်းကြောင်းကို ပိုပြီးကျယ်လာစေပြီး မွေးဖွားလာစေခဲ့တယ်လို့သိရှိခဲ့ရပါ တယ်။ အဲဒီ့နည်းကို ဒီနေ့ခေတ်အချိန်အထိ အသုံးပြုနေကြဆဲဘဲ ဖြစ်ကြပါတယ်။

ရင်သွေးလေးတွေမွေးဖွားရာလမ်းကြောင်းဟာ မွေးဖွားရမယ့်မိခင်လောင်းတွေရဲ့ အနေအထိုင် အစားအသောက်နဲ့တခြားကိစ္စအထွေထွေတို့ ကြောင့်လည်း အမျိုးမျိုးအဖုံဖုံ ကွဲပြားလေ့ရှိကြပါတယ်။ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်မြို့ မှာရှိတဲ့ Harvard University ဟားဗတ် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ အန်နာ ၀ါရဲန်နာ Anna Warrene နဲ့သူမရဲ့အဖွဲ့ ဝင်တွေဟာ ၂၀၁၅ ခုနှစ်မှာ ရင်သွေးလေးတွေမွေးဖွားလာတော့မယ့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကိုမေးခွန်း   တွေထုတ်ပြီး သုတေသနပြုလုပ်ခဲ့ကြပါတယ်။

သုတေသီတွေက အမျိုးသားနဲ့အမျိုးသမီးတွေရဲ့မျိုးပွားအင်္ဂါရပ်ဆိုင်ရာ အချက်အလက်တွေ ကို သူတို့ ရနိုင်သမျှရအောင်လိုက်လံစုဆောင်းနေခဲ့ကြပါတယ်။ အချက်အလက်တွေရပြီဆိုတာနဲ့ “Laboratory လက်တွေ့ သရုပ်ခွဲခန်း” တွေထဲမှာ သူတို့ ဟာ ကိုယ်ဟန်ပြမယ်တွေလိုမျိုး သရုပ်ပြ လမ်းလျှောက်ပြရပါတယ်။ အဲဒီလိုသူတို့ သရုပ်ပြတဲ့အနေနဲ့လမ်းလျှောက်ပြနေစဉ်မှာ ပညာရှင်တွေ က သူတို့ ရဲ့ တင်ပါးကြွက်သားလှုပ်ရှားပုံနဲ့ဘယ်လိုလှုပ်ရှားမှုတွေဖြစ်ခဲ့သဆိုတာကို အသေးစိတ် မှတ်တမ်းတင်ပြီး ပညာရှင်တွေဟာ သုတေသနလုပ်နေတာတွေကို ဆက်ပြီးပြုလုပ်ခဲ့ကြတာပါ။ တင်ပါး  ရှူးတဲ့ ကိုယ်ဝန်ဆောင်တွေမျိုးဆိုရင်ဘယ်လိုလှုပ်ရှားသလဲ၊ ဘယ်လိုမွေးဖွားခဲ့သလဲဆိုတာကိုပါ ဆက် ပြီးလေ့လာခဲ့ကြပါတယ်။ ဘယ်လိုအားယူခဲ့သလဲ၊ ဘယ်လိုအားယူပြီး သူ့ ရင်သွေးလေးကို ညှစ်ထုတ်   ပေးခဲ့သလဲဆိုတာတွေကိုပါ လေ့လာခဲ့ကြပါတယ်။ နောက်ဆုံးသူတိုရဲ့ရင်သွေးလေးဟာ လွတ်လွတ်  ကျွတ်ကျွတ်မွေးထွက်လာပြီးတဲ့အထိ အသေးစိတ်မှတ်တမ်းရယူခဲ့တာပါ။ အဲဒါဟာ လူသားမျိုးနွယ်စု   တွေရဲ့ မျိုးဆက်သစ်တယောက်အနေနဲ့မွေးဖွားလာခဲ့တဲ့ လူသားတဦးရဲ့အစဘဲဖြစ်ပါတယ်။

“မီးယပ်သားဖွားပညာရပ်ရဲ့ လျှို့ ဝှက်ချက်တခုက ရှိနေပါတယ်။ အဲဒါကတော့ တင်ပုဆုံရိုးရဲ့ အပေါက်ဝဟာ ဇီဝဗေဒဖွဲ့ စည်းပုံအရ သူတို့ ရဲ့ ရင်သွေးငယ်တွေကို မွေးဖွားတော့မယ်ဆိုရင် အမြဲ ထာဝရအလွယ်တကူမဖြစ်အောင် သဘာဝအရသူ့ ကိုယ်ခန္ဓာဖွဲ့ စည်းမှုက တည်ဆောက်ထားသလို မျိုးပါ” လို့ကနေဒါနိုင်ငံက University of Victoria in British Columbia ဘရစ်တစ်ရှ် ကိုလံ ဘီယာ ပြည်နယ်မှာရှိတဲ့ ဗစ်တိုရီးယားတက္ကသိုလ်မှာ သုတေသနတွေလုပ်နေတဲ့ Helen Kurki ဟယ်လင် ကားကီ က ပြောဆိုခဲ့ဖူးပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်မြို့ မှာရှိတဲ့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ အန်နာ ၀ါရဲန်နာနဲ့တွဲဖက်ပြီး  လေ့လာမှုတွေ ပြုလုပ်နေခဲ့ဖူးသူလည်းဖြစ်ပါတယ်။ သူတို့ တွေဟာအမျိုးသမီးတွေရဲ့ မီးယပ်သားဖွား ပညာရပ်ကိုအထူးပြု လေ့လာနေခဲ့ကြတာပါ။


ရင်သွေးလေးကို မွေးဖွားရတာဟာ အနည်းနဲ့အများဆိုသလို နာကျင်မှုဝေဒနာကို ခံစားရပါတယ်
(အပေါ်ကပုံကို Blend Images/Alamy မှ ရရှိခဲ့ပါတယ်)

တကယ်လို့အမျိုးသမီးရဲ့ တင်ပုဆုံဟာ ညှစ်အားပြုလုပ်ပေးဖို့ ကို မတတ်နိုင်တော့ဘူးဆိုရင် အဆိုပါအမျိုးသမီးကို ခြေလှမ်းစိတ်စိတ်နဲ့များများလမ်းလျှောက်စေခြင်းနဲ့သူ့ ရဲ့ မွေးလမ်းကြောင်းကို ကျယ်လာအောင် လေ့ကျင့်ခန်းတွေ ပြုလုပ်စေရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကလေးမွေးလမ်းဟာ  အမျိုးသမီး တယောက်နဲ့တယောက်ကွဲပြားမှုတွေရှိနိုင်ပါတယ်။ တချို့ မိခင်လောင်းတွေဆိုရင် “သား လျှောတယ်” ဆိုတဲ့ ကလေးပျက်ကျဖို့ လမ်းစဖြစ်လာစေနိုင်ပါတယ်။

လူသားတွေရဲ့ ရုပ်ကြွင်းတွေကို လေ့လာကြည့်ခြင်းနဲ့ပတ်သက်ပြီး ဟယ်လင် ကားကီ က သုတေသနလုပ်ထားတာတွေကို “The Basic Premise of the Obstetric Dilemma  ကလေး မွေးဖွားရာလမ်းကြောင်းရဲ့ အဖြစ်အပျက်များ” ဆိုတဲ့ အမည်နဲ့စာတမ်းတစောင်ကို၂၀၁၅ ခုနှစ် ထဲမှာ ပြုစုထားခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သားအိမ်ထဲမှာရှိနေတဲ့ သန္ဓေသားဟာ အရွယ်အစား၊ ပုံပန်းသဏ္ဍာန်တွေဟာ တဦးနဲ့တဦးထပ်တူမကျဘဲ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတတ်ပါတယ်။

“မီးယပ်သားဖွားကိစ္စဟာ တခါတရံ မယုံနိုင်စရာ၊ မထင်ထားတဲ့ အဖြစ်အပျက်မျိုးတွေဖြစ်လာ တတ်တာတွေရှိတဲ့အတွက် ကလေးမွေးဖွားတဲ့ကိစ္စနဲ့ပါတ်သက်တဲ့ ဖြေရှင်းပေးနိုင်မယ့်နည်လမ်းနဲ့ ကုသမှုမျိုးတွေကို ကြိုတင်လေ့လာထားသင့်တယ်” လို့ဟယ်လင် ကားကီ ကပြောဆိုခဲ့ပါတယ်။

ရှားဝုဒ် ၀ါ့ရှ်ဘန်းရဲ့ လမ်းညွှန်မှုဟာ အသုံးပြုပြီးတဲ့တိုင် စိတ်ကျေနပ်မှုမရရှိရင်တောင်မှ နောက် လူနာတွေကို ကူညီပံ့ပိုးပေးနိုင်မယ့်နည်းလမ်းသစ်တွေကို တွေ့ မြင်လာနိုင်မှာဖြစ်ပါတယ်။ ဟိုလီ ဒန်းစ်ဝါ့သ် ကတော့ အရေးကြီးတဲ့အချက်တချက်ဖြစ်တဲ့ “စိတ်၊ဆန္ဒနဲ့သတ္တိ” ကို ထောက်ပြခဲ့ပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးဟာ ချောချောမွေ့ မွေ့ အန္တရာယ်ကင်းကင်းနဲ့သူတိုရဲ့ ရင်သွေးလေးတွေကို မွေးဖွားလာနိုင်စေရေးကို ကျမတို့ အဓိကရည်ရွယ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်း ပါတ်တွေနဲ့လွန်ခဲ့တဲ့လတွေမှာတုန်းက သားသမီးမွေးဖွားရတဲ့အတွက် အင်မတန်ပင်ပန်းနွမ်းနယ်သွား တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအကြောင်း ကျမတို့ ရှင်းလင်းပြောပြခဲ့ပြီးပါပြီ။ အဲဒီလို ရှင်းပြခဲ့ရတာက အမျိုးသမီးတွေဟာ နောက်လာမယ့် မျိုးဆက်သစ်လေးတွေအတွက် ကိုယ်ဝန်မဆောင်နိုင်တော့ဘူး ဆိုတဲ့ အမူအကျင့်၊ အလေ့အထမျိုးမပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်လိုတဲ့သဘောဖြစ်ပါ တယ်” လို့ ဟိုလီ ဒန်းစ်ဝါ့သ် က ပြောဆိုခဲ့ပါတယ်။

သဘာဝအရဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ ပေါ်လစီတွေသတ်မှတ်ပြီးချမှတ်ရင်တော့ ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေက သူတို့ ခန္ဓာကိုယ်ထဲမှာရှိလာနေတဲ့ သူ့ရင်   သွေးလေးဖြစ်ပေါ်လာနေမှုကို ဖျက်လိုဖျက်ဆီးပြုလုပ်လိုစိတ်မရှိကြတဲ့အတွက် သူတို့ ရဲ့ အပြောအဆို နဲ့အမူအရာတွေက ဖျက်ချမှုတွေကိုမလုပ်လိုဘူးဆိုတာပေါ်လွင်နေပါတယ်။ အဓမ္မလုပ်ခဲ့မယ်ဆိုရင် တနေ့မှာ သူတို့ ရဲ့ မျိုးဆက်ပြတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးရှိနေကြတာမို့ အားအင်ပြတ်နေတဲ့ သတ္တ၀ါတွေလိုမျိုးဖြစ်ပြီး တနေ့တော့ သူတို့ မျိုးဆက်ပြတ်သွားနိုင်ပါလိမ့်မယ်။

အားလုံးကိုခြုံပြောရရင် လူသားတွေရဲ့ ဦးနှောက်တွေးခေါ်ဉာဏ်ရည်ဟာ လူသားတယောက် အနေနဲ့ရပ်တည်နေထိုင်ပြီးနောက်မျိုးဆက်သစ်တခုကို မွေးထုတ်ပေးနိုင်မယ့် စွမ်းအားတွေဟာ အပြည့်အ၀ရှိနေကြတာကို ကိုယ်ဝန်ဆောင်မိခင်လောင်းတွေက သက်သေပြနေကြပါတယ်။

ဟိုလီ ဒန်းစ်ဝါ့သ် ကတော့ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ရင်သွေးငယ်တဖြည်းဖြည်း ကြီးထွားလာနေခဲ့ပုံကို “EGG လို့ခေါ်တဲ့ မျိုးဆက်ပွားမှုဆိုင်ရာကြီးထွားဖွံ့ ဖြိုးလာမှု Energetics of Gestation and Growth (EGG) ” ဆိုတဲ့ သုတေသနကျမ်းတစောင်ကို ရေးသားပြုစုခဲ့ပါတယ်။

This CT scan shows the size of a full-term foetus (Credit: Cultura Creative RF/Alamy)
ဖြစ်ပေါ်လာနေတဲ့ ရင်သွေးလောလးရဲ့ပုံကို သူ့ နဂိုအရွယ်အစားအတိုင်း ဖေါ်ပြနေတဲ့ စီတီ စကင် CT scan ရဲ့ဓါတ်ပုံ
(အပေါ်က ဓါတ်ပုံကို  Cultura Creative RF/Alamy မှ ရယူခဲ့ပါတယ်)


မွေးဖွားလာတော့မယ့် ကလေးလေးရဲ့ ဦးခေါင်းနဲ့သူ့ ခန္ဓာကိုယ်အရွယ်အစားဟာသူ့ မိခင်ရဲ့မွေးလမ်းကြောင်းနဲ့ကွက်တိလောက်ဘဲရှိပါတယ်။ သူ့ မိခင်ရဲ့ မွေးလမ်းကြောင်းမှတဆင့် ရင်သွေးလေးရဲ့ ဦးခေါင်းဟာ အရင်ဆုံးမွေးထွက်လာမှာဖြစ်ပါတယ်။ မွေးလမ်းကြောင်းဟာ အလွန်အမင်းတင်းကျပ်နေ တာမို့ အရမ်းခက်ခဲလိမ့်မယ်လို့လူအများက သတ်မှတ်ထားကြတယ်လို့ဟိုလီ ဒန်းစ်ဝါ့သ် ကတော့ ယုံကြည်နေခဲ့ပါတယ်။ မိခင်မှာရှိတဲ့ မွေးလမ်းကြောင်းနဲ့ရင်သွေးကလေးဟာ ကွက်တိလိုဖြစ်နေတာ   ကြောင့် မိခင်လောင်းရဲ့တင်ပုဆုံရိုးဟာ ကလေးမွေးလာမယ့်လမ်းကြောင်း အတိုင်းအတိအကျဖြစ်နေ ပါတယ်။ အဲဒါကြောင့် ရင်သွေးလေးရဲ့အရွယ်အစားနဲ့အညီအမျှဖြစ်အောင် သဘာဝတရားကြီးက ဖန်တီးပေးထားသလို ဖြစ်နေပါတယ်။

Evolution လို့ခေါ်တဲ့ လူသားတွေရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုဆင့်ကဲဖြစ်စဉ်မှာ ခက်ခဲတယ်လို့ ထင်မြင်ယူဆထားကြတာတွေထက် အများကြီးလွယ်ကူနေတတ်တာကို တွေ့ ရှိပါတယ်လို့ဟယ်လင် ကားကီ က ရှုမြင်နေပါတယ်။ “ကလေးလေးမွေးထွက်လာနိုင်တဲ့ မွေးလမ်းကြောင်းဟာ အရင်ခန့်မှန်း ထားနေခဲ့တာတွေထက်အများကြီးပိုပြီး ချောချောမွေ့ မွေ့ မွေးဖွားလာနိုင်လောက်တဲ့အထိကို ကြီးမား ကျယ်ပြန့်နေလေ့ရှိကြတာကို သိရှိခဲ့ရပါတယ်” လို့သူမက ပြောဆိုခဲ့ပါတယ်။

ကောလင်း ဘာရာ့စ်  Colin Barras က ဘီဘီစီ ယဉ်ကျေးမှုဝက်ဆိုက် http://www.bbc.com/earth/story/20161221-the-real-reasons-why-childbirth-is-so-painful-and-dangerous  မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရေးသားပြီး  မောင်ဖေသက်နီက မြန်မာဘာသာပြန်ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts