သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (29)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (29)
အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၇

 

ပိုမိုရှုပ်ထွေးသော ညီမျှချင်း ဖော်မြူလာများကို Sheet မှာ သုံးစွဲခြင်း

 

သချာင်္ ဖော်မြူလာတွေထဲမှာ ၇ + ၉ ပြီးတော့ ၅ + ၂ × ၈ ဆိုတာတွေလည်း ရှိပါတယ်။ complex formula တွေလို့ ခေါ်တယ်။ အဲဒါတွေက ဘယ်ဂဏန်းကို အရင် တွက်ချက်ရမယ် ဆိုတဲ့ အစဉ်အတိုင်း လုပ်ရတာ ရှိလာတယ်။ order of operation လို့ ပြောပါတယ်။ မြန်မာလိုကတော့ ကွင်း၏မြှောက်စားပေါင်းနှုတ်လို့ ကျောင်းသားတွေက သိကြပါတယ်။ () ထဲကဟာကို အရင်တွက် ပြီးမှ ၏ ဆိုတဲ့ ထပ်ညွှန်းကိန်း (exponential) ကိုတွက်၊ ပြီးမှ * မြှောက် ၊ ပြီးမှ / စား၊ ပြီးမှ + ပေါင်း၊ နောက်ဆုံးမှ ဖော်မြူလာထဲမှာ – နှုတ်တာကို လုပ်ရတာဖြစ်ပါတယ်။

 

Sheet မှာလည်း အဲသည်နည်းအတိုင်း ကျင့်သုံးရပါတယ်။ အင်္ဂလိပ်လိုကတော့ P E M D A S လို့ အတိုကောက် အစဉ်တွက်နည်းကို မှတ်ပါတယ်။ အောက်ပါကို ကြည့်ပါ။

 

  • PEMDAS, 10+(6-3)/2^2*4-1
  • P parentheses: 10+(6-3)/2^2*4-1
  • E exponents: 10+3/2^2*4-1
  • MD multiplication division, whichever comes first: 10+3/4*4-1
  • AS addition subtraction, whichever comes first: 10+3-1
  • AS addition subtraction, whichever comes first: 13-1
  • answer: 13-1=12

 

အဖြေက ၁၂ ပါ။ အဲသည် ညီမျှခြင်း ဖော်မြူလာကို Sheet ထဲ ထည့်လိုက်ရင်လည်း ၁၂ အဖြေ ထွက်ပါတယ်။ သူကလည်း အဲသည် တွက်နည်းအစဉ်အတိုင်း တွက်လို့ပါ။

 

Creating complex formulas

ရှုပ်ထွေးသော တွက်နည်း ဖော်ဖြူလာ ထည့်သွင်းခြင်း

 

အောက်ပါ Google Sheet မှာ ပစ္စည်း ၃ မျိုး ရဲ့ တခုချင်း ဈေး၊ အရေအတွက် နဲ့ ပစ္စည်းအလိုက် ကျသင့်ငွေကို ရိုးရိုးဖော်မြူလာနဲ့ တွက်ထားပါတယ်။ Line total တခုချင်းစီမှာ – d3 = b3*c3, d4=b4*c4, d5=b5*c5  နဲ့ တွက်ထားပါတယ်။ ပြီးတော့မှ d3, d4, d5 တွေကို ပေါင်း၊ နောက်တော့ အခွန်နှုန်း ၅.၅% – (မြှောက်ဖော်ကိန်း ၀.၀၅၅) နဲ့ ပြန် မြှောက်ပါတယ်။
ရှုပ်ထွေးတွက်နည်းက d6 = (d3+d4+d5)*0.055 ဖြစ်ပါတယ်။ ပုံကို ကြည့်ပါ။

 

Entering a complex formula
(D3+D4+D5) = $274.10. (ဒါကို အရင်တွက်ပါတယ်၊ ကွင်းထဲက ဟာက ပထမဦးစားပေး)
ပြီးတော့ tax rateနဲ့ မြှောက် – $274.10*0.055.
the tax က $15.08.
The result in D6

 

အကယ်၍များ d5 cell ထဲက ကိန်းကို ပြင်လိုက်ရင် အလိုလို tax ကို ပြောင်းတွက်သွားတာ မြင်နိုင်ပါတယ်။
Result of an incorrect formula

To create a complex formula using the order of operations:

တွက်နည်းအစဉ် (ကွင်း၏မြှောက်စားပေါင်းနှုတ်) ကို အခြေခံပြီး ရှုပ်ထွေး ဖော်မြူလာကို ထည့်ခြင်း

 

အောက်မှာကတော့ line total လို့ခေါ်တဲ့ တခုချင်းစီ ကျသင့်ငွေကို မတွက်တော့ပဲ တခါတည်း သက်ဆိုင်ရာ ပစ္စည်း တခုချင်းဈေးနဲ့ သူ့အရေအတွက်ကို တခါတည်း မြှောက်၊ နောက်တခုကိုလည်း အရေအတွက်နဲ့ ဆက်မြှောက်ပြီး အားလုံးပေါင်း – subtotal တွက်တာကို ထည့်ကြည့်ရအောင်ပါ။

 

  1. အောက်မှာ ပြတဲ့အတိုင်း sub total လို့ cell တခုမှာ ရိုက်၊ ပြီးတော့ C5 cell မှာ ဖော်မြူလာကို တခါတည်း ထည့်ကြရအောင်ပါ။
  2. Selecting a cell
  3. C5 = B3*C3+B4*C4.  လို့ ထည့်လိုက်တဲ့အခါမှာ တွက်နည်းအစဉ် order of operation အရ မြှောက်ဖော်ကိန်းတွေကို အရင် မြှောက်ပြီးမှ ပေါင်းတာကို တွေ့ရပါမယ်။
multiplication: 2.79*35 = 97.65
2.29*20 = 45.80.
ပြီးတော့မှ မြှောက်လာဒ် ၂ ခု ကို ပေါင်း –  97.65+45.80.
  1. Entering the formula
  2. press Enter  ခေါက်လိုက်တဲ့အခါ အဖြေက – $143.45. ဖြစ်ပါတယ်။
  3. The displayed result
ဂူးဂဲ sheet မှာ ဖော်မြူလာ မှားရင် သူက မှားတယ် ပြောမှာ မဟုတ်ပါ။ ကိုယ်မှားတာကို ကိုယ့်ဖာသာ ပြန်စစ်ရပါမယ်။

Challenge!

  1. အောက်ပါ sheet မှာ line total တွေကို တွက်ထားပြီးနောက် အောက်က d6 and d7 မှာ discount ၂ မျိုး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts