(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၇
Bâle ဘားလ် သို့မဟုတ် Basel ဘာဇယ် (ပါးဇယ်) အထက်ရိုင်းမြစ်ကမ်းပေါ်ကမြို့ (ဓါတ်ပုံ မရငတ)
Bâle ဘားလ် သို့မဟုတ်
Basel ဘာဇယ် (ပါးဇယ်)
အထက်ရိုင်းမြစ်ကမ်းပါးပေါ်ကမြို့
Région Trinationale de Bâle ခေါ်ကြတဲ့မြို့
ဆွစ်ဇာလန်ပြည်ရဲ့ တတိယ အကြီးဆုံးလို့ ဆိုတဲ့မြို့
ဓာတုစက်မှုလုပ်ငန်းတွေနဲ့ တဟုန်ထိုး တိုးတက်မှုတွေ များလာတဲ့ မြို့
Schweiz,Deutschland,France ဆွစ် ဂျာမဏီ ပြင်သစ် သုံးပွင့်ဆိုင်အရပ်မှာ တည်ရှိတဲ့မြို့
မကြာခင်ကာလက ဒီမြို့လေးကို တညနေနဲ့ တနေ့တာ မောင်ရင်ငတေ ဖြတ်သန်းခဲ့ပါတယ်။
ဆွစ်ဇာလန်ရဲ့ မြို့ကြီးတော်တော်များများက ရေခဲတောင်နှင်းဖြူတောင်တွေနဲ့ နီးကပ်စွာ တည်ရှိနေပေမယ့် ဘာဇယ်မြို့က တော့ ရေခဲတောင်တန်းတွေနဲ့ ခပ်လှမ်းလှမ်းဝေးရာ မြောက်ဖျားစွန်းဘက်မှာ တည်ရှိပါတယ်။ ဂျာမဏီပြင်သစ်မြေတို့နဲ့ ကပ် လျှက်တည်ရှိတာမို့ ဆွစ်လူမျိုးဆွစ်မြေ အငွေ့အသက် ဓလေ့စရိုက်ကို သိပ်မခံစားရပါဘူးလို့ မောင်ရင်ငတေ့ ခရီးသွားဖော်က သူ့ခံစားရချက် ပြောပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ဆွစ် အငွေ့အသက်ထက် ဂျာမန်ရနံ့သာ ထုံသင်းနေကြောင်းပါ။
ဒီ ဘာဇယ်မြို့မှာ စိတ်ဝင်စားစဖွယ် အကြောင်းအရာတွေကတော့ အများကြီး ရှိမှာပါ။ လူတွေအကြောင်း မြို့အကြောင်း သ မိုင်း ပထဝီ စီးပွားရေး ကြီးပွားရေးအကြောင်းများစွာ ရှိမှာပါ။
သို့ပေသော်လည်း မောင်ရင်ငတေရဲ့ “ဘာဇယ်မြို့မှာ တညနေနဲ့တနေ့တာ” ခရီးတိုလေးအတွင်းမှာ ရောက်ခဲ့သမျှ မြင်ခဲ့သမျှ တွေထဲက အမှတ်ရစရာတွေထဲက တခုကို အရင်ဆုံး ပြောချင်ရေးချင်မိရပါတယ်။ မောင်ရင်ငတေစိတ်ထဲ အရေးပါတာက တခြားသူများအတွက် ဘာမှမဟုတ်ပါဘူးဆိုလာရင်လည်း ဗဲရီးဆောရီးပါခင်ဗျာ၊ ဘာရယ်မဟုတ် ရေးချင်တာလေး ရေးနေရ ရင် စိတ်ချမ်းသာလို့ပါ။
ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်တဲ့ အကြောင်းအရာလေးတခုပါ။ သာမန် မြစ်ကူးချောင်းကူး ကူးတို့လုပ်ငန်းလေး တခုအ ကြောင်းပါ။ လုပ်ငန်းသေးသေးလေးကို ထိမ်းသိမ်းထားကြတဲ့ အကြောင်းလေးတခုကိုပါ။
ရိုင်းမြစ်က ဘာဇယ်မြို့ကို အလယ်က ဖြတ်သန်းစီးဆင်းသွားတာပါ။
ရိုင်းမြစ်ညှာဒေသမှာတော့ အကြီးဆုံးမြို့တမြို့လို့ ပြောရင် ရနိုင်ပါတယ်။
ရိုင်းမြစ်ရဲ့ ဘယ်ဘက်ကမ်းက မြို့တော်ဟောင်းတည်ရာလို့ ဆိုကြပါတယ်။
ဒါပေမယ့် ညာဘက်ကမ်းကလည်း ဟိုးကာလတွေထဲက လူနေထူထပ်ပါတယ်။
ဒီကနေ့ခေတ်မှာ ဘာဇယ်မြို့လယ်မှာ ရိုင်းမြစ်ကူးတံတား ငါးစင်း ရှိပါတယ်။
ပထမဆုံး တည်ဆောက်ခဲ့တဲ့ တံတားကတော့ Mittlere RheinBrücke တံတားပါ။
Mittlere RheinBrücke သို့မဟုတ် Mittlere Brücke မြို့လယ်တံတားလို့ ဆိုပါတော့။ ရိုင်းမြစ်ကမ်းရိုးတလျှောက် မြောက် ပင်လယ်ထိ ရှေးအကျဆုံးတံတားလို့ ဆိုကြပါတယ်။ အေဒီ ၁၂၄၄ ခုနှစ်လောက်မှာ တည်ရှိနေပြီလို့ ဆိုကြပေမယ့် အတိ အကျတော့ မပြောနိုင်ကြပါဘူး။
ဒါပေမယ့်လည်း ဒီကနေ့မှာတော့ အဲဒီ အော်ရဂျင်နယ် ရှေးဟောင်းတံတားကို မတွေ့နိုင်တော့ပါဘူး။ ၁၉၀၃ ခုနှစ်မှာ အသစ် ဆောက်ခဲ့တာမို့ ၁၁၄ နှစ်သား အစားထိုးတံတားသစ်ကိုသာ တွေ့မြင်ရမှာပါ။
၁၈၇၉ ခုနှစ် ဒုတိယတံတား Wettsteinbrücke မတည်ဆောက်မီထိ ဘာဇယ်ရိုင်းမြစ်ကူးတံတားက ဒီ Mittlere Brücke တစင်းတည်းသာ ရှိပါသေးတယ်။ တံတားတွေ မရှိသေးတော့ မြစ်ကူးဖို့အတွက် လှေတွေသမ္ဗာန်တွေ အားကိုးခဲ့ရမှာ မဆန်း လှပါဘူး။ အဲဒီမှာ မောင်ရင်ငတေ မှတ်တမ်းတင်ချင်မိတဲ့ Münster-Fähre “LEU” ကူးတို့လုပ်ငန်းလေးတခုအကြောင်းက အရေးပါလို့ လာခဲ့ပါပြီ။
ဒီကနေ့ထိ အဲဒီလို ဘာဇယ် ရိုင်းမြစ်ကူး ကူးတို့လုပ်ငန်း လေးခုတိုင်တိုင် ရှိနေပါသေးတယ်တဲ့။ ဟိုးတုန်းကတော့ ဒီထက် ပိုများလိမ့်မယ်ဆိုတာက သေချာလှပါတယ်။ အခုတော့ တရားဝင် အခွန်ငွေဆောင် လက်မှတ်ရောင်း ပိုက်ဆံယူတဲ့ လုပ်ကိုင် တဲ့လုပ်ငန်း လေးခု တည်ရှိနေပါသေးတယ်တဲ့။
အဲဒီလို ကူးတို့လုပ်ငန်း St. Alban Fähre, Münster-Fähre, Klingental-Fähre, St.Johan-Fähre လေးခုမှာ မောင်ရင်ငတေရောက်ခဲ့တာက မြို့လယ်ခေါင်ကျတဲ့ Basler Münster (Basel Minster) Cathédrale de Bâle အနီးမှာ တည်ရှိတဲ့ Münster-Fähre “LEU” ကူးတို့ ဖယ်ရီ ရှိရာဆီိသို့ပါ။
အဲဒီ Münster-Fähre လုပ်ငန်းက ၁၈၇၇ ခုနှစ်ဝန်းကျင်ကာလထဲကတိုင် စတင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး ဒီကနေ့ထိတိုင်လည်း လည်ပတ်နေနိုင်နေဆဲ လုပ်ငန်းတခုပါတဲ့။ အဲဒါကိုက မောင်ရင်ငတေ့အတွက် စိတ်ဝင်စားမှုတွေ ပိုများလာစေခဲ့ပါတယ် ဆို ရင်တော့ မမှားပေပါဘူး။
မောင်ရင်ငတေ အဲဒီနေရာ ရောက်တဲ့နေ့က မနက်ပိုင်းတပိုင်းလုံး ခပ်ဖွဲဖွဲနဲ့ စွေနေတဲ့မိုးရယ် အုံ့ဆိုင်း မှိုင်းနေတဲ့ တိမ်ညို မည်းမည်းတွေရယ်အောက်မှာ ဘာဇယ် ရိုင်းမြစ်ရေက ရေးစီးအား ခပ်သန်သန်နဲ့ စီးဆင်းနေချိန်ပါ။ ဒါပေမယ့် ကံလေးက ကောင်းချင်တော့ နေမွန်းတည့်အကျော်မှာတော့ မိုးကောင်းကင်က ကြည်လင်လို့လာ ပြာလို့လာသလို တမနက်လုံး ပျောက် နေတဲ့ နေမင်းကလည်း တိမ်ဆိုင်ဖြူတွေကြား ပြူထွက်လာပါတယ်။ အဲဒီအချိန်မှာ ဘာဇယ်လမ်းမတွေပေါ်မှာလည်း ဘယ် က ရောက်လာတယ်မသိ လူတွေ လူတွေနဲ့ စည်ကားလို့ လာပါတယ်။ အဲဒီမှာ မနက်ပိုင်းချိန်က မောင်ရင်ငတေ တွေ့ခဲ့ရတဲ့ ဘာဇယ် Münster-Fähre ဖယ်ရီလှေလေးကတော့ မနက်ကြီးပိုင်းကလို မဟုတ်တော့ပါဘူး။ မနားမနေ ဟိုဘက် ဒီဘက် ကူးလို့ အလုပ်တွေ မမောနိုင် မပမ်းနိုင် လုပ်နေရပါပြီ။
မောင်ရင်ငတေ့ မျက်မြင်အရ ရိုင်းမြစ်ရေရဲ့ ရေစီးအားက ပါရီမြို့လယ်မှာ ဖြတ်သန်း စီးဆင်းသွားတဲ့ စဲန်းမြစ် ရေအလျှင်ထက် သုံးလေးဆ သာနိုင်ပါတယ်။ အဲဒီလို မြန်ဆန်စွာ စီးဆင်းနေတဲ့ ရိုင်းမြစ်ရေပြင်ကို စက်မပါ မော်တာမပါအင်ဂျင်မပါ တက်တွေ လက်တွေ ဘာမှမပါရှိပါဘဲနဲ့ ရေစီးကြောင်းတိုင်း သံကြိုးတွဲလောင်းနဲ့ ကမ်းနှစ်ဘက်ကို ဆက်သွယ်ပေးနေတဲ့ ကူးတို့လှေ စနစ်ပါ။
စာတချို့မှာတော့ Cable Ferry ရယ်လို့ ခေါ်ကြလေရဲ့။ ရှေးရှေးတုန်းကထဲက တည်ရှိလာတဲ့ စနစ် လို့လည်း ပြောကြပါတယ်။ ဒီနေ့ မောင်ရင်ငတေတို့ ခေတ်အရဆိုရင်တော့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဇီးရိုးရာခိုင်နှုန်းလို့ ပြောရမှာပါ။ ပေါ်လူးရှင်းတို့ ဖန်လုံအိမ်တို့ အိုဇုန်းလွှာတို့ ပြဿနာတွေကို ဟိုးရှေးရှေးက လူသားတွေဖန်တီးခဲ့တာ မဟုတ်ဘူးဆိုတာလည်း သက်သေပြ တာမျိုးပါ။ သူဋ္ဌေးနိုင်ငံကြီးရဲ့ အသေးစား သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုတခု ဆိုရရင်လည်း မမှားပေဘူးပေါ့၊ အသုံးလည်း ဝင် ခရီးသွားချင်သူ လူတွေလည်း စိတ်ဝင်စားဖွယ်ရာ တခုပါလို့ မောင်ရင်ငတေ ဆိုချင်ပါတယ်။ ရိုင်းမြစ် ရေစီးကလည်း ခပ်သန်သန်မို့လို့ ကြည့်ရတာကိုက အသည်းယားစဖွယ်ပါ။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို မမျှော်လင့်ပါဘဲ ရာသီဥတုက ဖောက်ပြန် လေနီကြမ်းတွေကဆင် ရိုင်းမြစ် ရေစီးကကြမ်းလာ ရေစီးအား လေအားနဲ့ သံကြိုးက ပြတ်တောက် လှေက ရေစီး နဲ့မျောပါ မှောက်၊ အဲဒီမှာ မင်းသမီးကို မင်းသားက ရေနစ်ရာကကယ် ချစ်ကြလေသတည်း ဇာတ်လမ်းမျိုး မရှိခဲ့ဖူးပါဘူးလို့ မပြောနိုင်ပါဘူး။ ဒီကနေ့မှာတော့ ရာသီကြမ်းတမ်းတဲ့အချိန်ဆိုရင်တော့ လှေအသွားအလာ ပိတ်ထားကြောင်းပါ။
မောင်ရင်ငတေ့အတွက် ပိုမို စိတ်ဝင်စားဖွယ် ကောင်းနေတာက ဒီလုပ်ငန်းက ခရီးသွားတိုးရစ်တွေကိုသာ ဆွဲဆောင်ဖို့ လုပ် နေတာမျိုး မဟုတ်ပါဘဲနဲ့ ဒေသခံ ကျောင်းသား အလုပ်သမားများအတွက် နေ့စဉ်နေ့တိုင်း မသုံးမဖြစ်အသုံးဝင်နေဆဲ ဆိုတာ ပါ။ ဒီ Münster-Fähre ဖယ်ရီ တည်ရှိရာနေရာက အချက်အချာ မြို့လယ်ခေါင်မို့ ခရီးသွားသူတွေနဲ့ ပိုလို့စည်ကား နေတာ ကတော့ သေချာလှပါတယ်။
အဲဒီ Basler Münster ဘုရားကျောင်းဝန်းတွင်းကနေ လှပသာယာတဲ့ ဘာဇယ်မြို့ရယ် ရိုင်းမြစ်ရယ် ရှုခင်းရှုကွက်ကောင်း ကောင်းနဲ့ မြင်တွေ့နိုင်တဲ့နေရာဖြစ်တာမို့ မောင်ရင်ငတေတို့လို လာလည်ကြသူတွေရော ဒေသခံ ဘာဇယ်သူ ဘာဇယ်သား တွေပါ အများအပြား ရောက်ရှိတတ်ကြတဲ့နေရာပါ။
တခြား ကူးတို့ဖယ်ရီရှိရာ သုံးနေရာအနီးကို မောင်ရင်ငတေ မရောက်ခဲ့လို့ သေချာမပြောနိုင်ပေမယ့် ဒီနေရာမှာတော့ တိုးရစ် တွေရော သူတို့အိမ်ခံတွေရော အများအပြားဖြတ်ကူးနေကြတာကို မျက်မြင် တွေ့ရှိခဲ့ရကြောင်းပါ။ ကူးသန်းခကတော့ ဥရော ပရဲ့ တခါသုံးလက်မှတ် ဈေးနှုန်းလို့ ပြောရမှာဖြစ်တဲ့ တယူရိုခွဲ ကျသင့်ပါတယ်။ လက်မှတ် လပေး နှစ်ပေးသမားတွေက တော့ ကူးရတာ တန်မှာပေါ့လေ။
ကမ္ဘာတလွှားမှာတော့ အဲဒီလို Cable Ferry လှေ အသေးစားလေးတွေနဲ့ မဟုတ်ပါဘဲ ကားလေးငါး ဆယ်စီးခန့်နဲ့ လူရာကျော် ဆန့်တဲ့ မြစ်ကူးချောင်းကူး Cable Ferry ကူးတို့ အကြီးစားတွေ ရှိပါတယ်။ အဲ ဒါပေမယ့် ဘာစွမ်းအင်မှ မလိုအပ်တဲ့ သဘာဝ ကျကျ ဒီလို ဘာဇယ် ရိုင်းမြစ်ကူးလှေမျိုးကတော့ အတော်ကြီးကို ရှားပါးလှမှာ ဖြစ်ကြောင်းပါ။
တကယ်တော့ ဘာဇယ်မြို့က ရိုင်းမြစ်ကူး ကူးတို့ဖယ်ရီ လှေကလေးများကို ကေဘယ်ဖယ်ရီလို့သာ ခပ်လွယ်လွယ် ခေါ်နေကြပေမယ့် အတိအကျ ပြောရမယ်ဆိုရင် Reaction Ferry ပြင်သစ်လိုတော့ Bac à Traille သို့မဟုတ် Bac à Chaîne ခေါ်ပါတယ်တဲ့၊ မောင်ရင်ငတေ ဒီစာကြောင်းတွေကို ရေး နေတုန်း တတ်သိပညာရှင်တယောက်က ပြောလာတာပါ။ ခပ်သေးသေးနဲ့ ပေါ့ပေါ့ပါးပါး လှေသမ္မာန် တွေကိုသာ ဒီစနစ်သုံးလို့ရနိုင်ပါတယ်တဲ့၊ Reaction ဆိုတာကတော့ မြစ်ရေစီးကို တုန့်ပြန်ဆန့်ကျင် ရတဲ့ သဘောပါတဲ့၊ ရှင်းသူက ရှင်းပြပေမယ့် မောင်ရင်ငတေ နားလည်သလောက်က ဒါပါ ခင်ဗျာ။ မောင်ရင်ငတေ မှတ်တမ်းတင်ခဲ့တဲ့ ရိုင်းမြစ်ကူး Münster-Fähre Ferry à Cable ဗီဒီယို မှတ်တမ်းလေးကို ကြည့်ချင်ရင်တော့
၁။ ။ https://www.youtube.com/watch?time_continue=5&v=v3-AY0CiFkQ
၁။ ။ http://www.maungyinngatay.com/2017/09/munster-fahre-leu-bale.html
၂။ ။ https://www.youtube.com/watch?v=2ESMyosl8SI
၂။ ။ http://www.maungyinngatay.com/2017/09/munster-fahre-ferry-cable.html
တိုက်ရိုက် ဘာသာပြန်ခြင်းကိစ္စမှာ ညံ့ဖျင်းလှတာမို့ သံကြိုးကူးတို့ Cable Ferry ဆိုတာ ဘာလဲလို့ အင်္ဂလိပ်လို ရှင်းပြချက်ကို (သို့ပေမယ့် ဘာဇယ်မြို့က ကူးတို့ လှေလေးများရဲ့ စနစ်ပုံစံဟောင်းနဲ့တော့ အတိအကျ မတူညီပါဘူး) ပူးတွဲတင်ပြရင်း ….
မောင်ရင်ငတေရဲ့ “ ပင်သစ်အရှေ့ဖျားက “ဆွစ်-ဂျာမန်”တို့ ဆုံရာမြေ ” “ဘာဇယ်မြို့မှာ တညနေနဲ့ တနေ့တာ (ကူးတို့လှေ လေး တစင်းအကြောင်း) ” စာစုကို ရပ်နားလိုက်ရပါတယ် ခင်ဗျား။
What is a Cable Ferry ?
At least 163 working cable ferries throughout the world, and there are probably.
It is a ferry guided by two (sometimes only one) steel cables along which it pulls itself. Originally chains were used, and some examples of chain ferries still operate.
Most of the time the cable lies on the bottom, Only in front of the moving ferry does it reach the surface, so there is very little disturbance of other river traffic. In Canada, conventional ferries are being converted to cable operation.
The advantages of cable ferries over conventional ones are lower capital cost and much lower running costs, because a comparatively small engine is used, with about the power (and therefore the fuel consumption) of a medium sized truck.
No steering is required and radar is hardly needed. Many cable ferries overseas operate on a crew of one, the driver doubling as deckhand.
မောင်ရင်ငတေ
၁၁၀၉၂၀၁၇