ကဗျာ

အာကာဦး ● ပွန်း

အာကာဦး ● ပွန်း
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၇

ကျမဟာ မိန်းသားဖြစ်​​ကြောင်း
ဒီကဗျာကိုဖတ်​ရင်း ရှင်​တို့သိလာမှာပါ။

မုန်​တိုင်းလို​ လေ​တွေ အရပ်​မျက်​နှာ​ပေါင်းစုံက
ဘယ်​လိုပဲဝင်​လာဝင်​လာ
ကျမဟာ ဒီတိုက်​ပွဲထဲက မရှိမဖြစ်​ စစ်​သား။

ကျမဟာ တခါ တခါ​ ထောက်​​ကောင်​။
ကျမဟာ တခါ တခါ အ​သေခံပွိုင့်​။

ရှင်​တို့​ပြော​နေကျ စကားအတိုင်း​ပြောရရင်
ထိုး​ကျွေးခံလိုက်​ရတဲ့​ သေး​သေးနုပ်​နုပ်​​လေးဟာ
ကျမပါပဲ။

တခု​တော့​ပြောပါရ​စေ
အ​ကြောင်းအ​ပေါင်းသင့်​လို့
ရန်​သူ့ခံတပ်​ထဲ ဝင်​​မွှေခွင့်​ရရင်
ကျမဟာ ​နေ့ခြင်း ညခြင်း
ဘုရင်​မကြီး ဖြစ်​ခွင့်​ရှိတယ်​ဆိုတဲ့အ​ကြောင်း။     ။

အာကာဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts