Poems မြန်မာပြည်တွင်း

နိုဝင်ဘာနှင်း (ကလေးဝ)-ဥမ္မတက

ဥမ္မတက
နိုဝင်ဘာနှင်း (ကလေးဝ )
(မိုးမခ)၊ စက်တင်ဘာ ၅၊ ၂၀၁၇
 
နံရံတွေမှာ ပဲ့တင်ထပ်နေတဲ့စကာရပ်တိုင်းမှာ
ရူးနှမ်းခြင်းတွေရှိတယ်…..

ဝေါဟာရတွေကိုသရုပ်ခွဲနေတဲ့
နားနှစ်ဖက်လည်း ရင်ကွဲလုနီးပါး …….

အလင်းနဲ့အမှောင်ကြား ဝင်လေထွက်လေရှုနေတဲ့
မျက်လုံးအိမ်မှာ ရူးသွပ်မှုတောကဖျတ်ဖျတ်လူး….

အမြင်အာရုံတွေစိတ်ဖြာနေတဲ့
စက္ခုနှစ်ဖက်ခမျာ
မသေသပ်တဲ့ ဝတ်ရုံနဲ့……

ကောင်းကင်ကြီးက မပြိုပါဘူး…..

စကားလုံးတွေ မွစာကြဲနေတဲ့ အဇ္ဈတွေသာ
လောကကြီးထဲ တအိအိပြိုကျ……..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts