သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (27)
အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇

 

Using multiple sheets

တဖိုင်တည်းတွင် Google Sheet အများအပြား တွဲသုံးခြင်း

Sheet နဲ့ Docs နဲ့ မတူတာကတော့ စာရင်းစာရွက်တွေကို တဖိုင်တည်းမှာပဲ တွဲပြီး sheet အများအပြား ဖွင့်လှစ် သုံးစွဲတာမျိုး ဖြစ်ပါတယ်။ docs မှာဆိုရင် လအလိုက် တဖိုင်စီ သိမ်းထားရမယ်။ sheet မှာ ဆိုရင်တော့ တဖိုင်တည်းအတွင်းမှာ multiple sheet လို့ ခေါ်တဲ့ sheet တွေကို လအလိုက် သီးခြားစီ ဖွင့်ပြီး တွဲသိမ်းထားလို့ ရပါတယ်။ မာတီပယ်ရှိ(တ်) တွေကို အသစ်လုပ်တာ၊ ကူးတာ၊ ဖျက်တာ၊ ရွေ့တာကို ဒီသင်ခန်းစာကနေ သရုပ်ပြမှာ ဖြစ်ပါတယ်။

To create a new sheet: စာရင်းစာရွက်အသစ် ဖွင့်ခြင်း

 

အခု ဥပမာမှာကတော့ ကွန်ပြူတာစင်တာတခုမှာ လအလိုက် ဆားဗစ်စာရင်းတွေ ထည့်သွင်းတဲ့ sheet တွေကို ဖွင့်ပြီး ထားမယ် ဆိုကြပါစို့။

 

  1. Add Sheet command ကို sheets toolbar ကနေ အောက်ပါအတိုင်း ခေါ်သုံးပါ။
  2. Clicking the Add Sheet command.
  3. A new sheet (sheet 1) ဆိုတာ ပေါ်လာပါမယ်။ A new sheet appears in the sheets toolbar.

 

အပေါ်မီးနူးကနေလည်း sheet အသစ်ကို ထည့်လို့ ရပါတယ်။ Insert Menu ကို ဆွဲချပါ။ ပြီးတော့ New sheet လို့ drop-down menu ကနေ ရွေးပါ။

 

Clicking Insert and selecting New Sheet.

To rename a sheet: စာရင်းစာရွက်ကို အမည်ပြောင်းခြင်း

  1. Sheet tab ကို အရင် ရွေးချယ်ပါ။ ပြီးတော့ အဲသည် မောက်စ်ကနေ ထောက်ပြီး ပေါ်လာတာကနေ Rename… လို့ ဆလက်လုပ်ပါ။
  2. Renaming a sheet.
  3. သင်အလိုရှိရာ အမည်ကို ပြောင်းရိုက်ထည့်ပါ။ အခုဆိုရင်တော့ မေလ ဆိုပြီး ရိုက်ထည့်လိုက်ပေါ့။
  4. Renaming a sheet.
  5. ပြီးတာနဲ့ Enter ခေါက်။ sheet အမည် ပြောင်းပြီးပါပြီ။
  6. The renamed sheet.

To switch to a different sheet: Sheet တခုမှ တခုသို့ ကူးပြောင်းခြင်း

  1. sheet tabs တွေကို မောက်စ်နဲ့ နှိပ်လိုက်ပါ။ sheet တခုကနေ နောက်တခုကို display ပြောင်းသွားပါလိမ့်မယ်။
  2. Selecting the desired sheet.
  3. ဇန်န၀ါရီ sheet ကို ပြောင်းနှိပ်လိုက်တော့ January မှာ ရှိနေတဲ့ စာရင်းတွေ ပေါ်လာတာပေါ့။The selected sheet.

 

ဒီ sheet တွေကိုလည်း gmail account တွေကနေ share လုပ်လို့ ရပါတယ်။ သူများတွေနဲ့ စာရင်းတွေကို ခွဲပြီး ၀ိုင်းလုပ်ကြတာမျိုး လုပ်လို့ရတာပေါ့။ ဒါကို docs သင်တုန်းက ပြောပြီး ဖြစ်ပါတယ်။ သဘောက အတူတူပါပဲ။ တခု ထူးတာကတော့ ကိုယ့်စာရင်းကို ရှယ်ထားပေမယ့် သူများ ၀င်မပြင်စေချင်ရင် sheet Protect လုပ်လို့ ရပါတယ်။ လုပ်နည်းကတော့ ကိုယ့် sheet ကို မောက်စ်နဲ့ ထောက်ပြီးတော့ ပေါ်လာတဲ့ မီးနူးကနေ Protect Sheet ကို နှိပ်ပါ။ Protecting a sheet.

To move a sheet: Sheet တွေကို နေရာ အထားအသို ရွေ့ခြင်း

  1. ရွေ့ချင်တဲ့ စာရင်း sheet tab ကို ကလစ်လုပ်၊ မောက်ကို ဖိပြီး ဆွဲပြီး လိုတဲ့ နေရာကို ရွှေ့လို့ ရပါတယ်။ ဥပမာ May ကို Jan နောက်နေ April sheet tab နောက်အထိ ရောက်အောင် Click and drag လုပ်ပါ။
  2. Moving a sheet tab
  3. မောက်စ်ကို လွှတ်လိုက်ရင် သူ့အဲသည်ကို ရွှေ့သွားပါလိမ့်မယ်။
  4. After placing the tab

To duplicate a sheet: Sheet ကို မိတ္တူ ပွားခြင်း

  1. ကော်ပီပွားလိုတဲ့ sheet tab ကို ကလစ်လုပ်ပါ။ ပြီးတော့ Duplicate ကို Menu ကနေ ရွေးချယ်ပါ။

 

  1. Selecting Duplicate
  2. Copy of May ဆိုပြီးတော့ May Sheet Tab ဘေးမှာ ပေါ်လာပါတယ်။ ပြီးတော့မှ Rename Sheet လုပ်ပေါ့။ The duplicated sheet

 

To copy a sheet to another spreadsheet in Google Drive

 

သင့်မှာ အခြား spreadsheet ဖိုင်တွေ ဒရိုက်ထဲမှာ ရှိသေးရင် အဲသည်ဖိုင်ထဲကို လက်ရှိ ဖိုင်ထဲက sheet tab ကိုလည်း ကူးပေးလို့ ရတယ်နော်။ တဖိုင်တည်းအတွင်းက sheet tab တွေ ကူးတာမဟုတ်ပါ။ သဘောကတော့ ဒီနှစ် ဆားဗစ်လော့ဖိုင်ထဲက မေလ စာရင်းစာရွက်ကို မနှစ်က ဆားဗစ်လော့ဖိုင်ထဲဆီကို ကော်ပီ ကူးပို့ထားလို့ ရတယ်လို့ ပြောချင်တာ။ သင်တန်းဆရာက ဒါကို သရုပ်ပြပေးဖို့ လိုပါတယ်။

 

To delete a sheet: sheet ကို ဖျက်ခြင်း

  1. Sheet tab ကလစ်လုပ်ပါ။ Delete from the menu ရွေးချယ်ပါ။
  2. Selecting Delete
  3. သင့်ကို သတိပေးတဲ့  warning dialog box ပေါ်လာမယ်။ သေချာရင်တော့ OK ကို ကလစ်လုပ်ပြီး ဖျက်နိုင်ပါပြီ။
  4. Clicking OK

 

ဆက်လက်ဖော်ပြပါမည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts