ကဗျာ

ဝါကျဖြူ ● တွဲ​လျောင်းဆွဲထားတဲ့ ​မှောင်​ရိပ်​​တွေ

ဝါကျဖြူ ● တွဲ​လျောင်းဆွဲထားတဲ့ ​မှောင်​ရိပ်​​တွေ
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၇

သစ်​ရွက်​​တွေကွယ်​ထားတဲ့ထဲမှာ
မြို့​တော်​ကို​တွေ့​နေရသလိုမျိုးပဲ။

အမှတ်​ရစရာ အကျင့်​ထဲမှာ အ​မှောင်​ရိပ်​က မကျ​သေးဘူး
ဝိညာဉ်​တွေက လူ​ခေါ်ဆိုင်း​တွေ တီး​နေကြပြီ။

ဖမ်းစားဖို့
လူငယ်​ရဲ့​သွေး​တွေ
ဆေးရုံခုတင်​​ခြေရင်းမှာ စီးကျပြီး ပန်း​တွေပွင့်​လို့။

အကုန်​မြန်​လိုက်​တာ
ပြူတင်း​ဘောင်​​ပေါ် တက်​မလာ​သေးတဲ့ ​နေလုံးက
ချက်​ချင်းပဲ ​မှောင်​ရိပ်​ အခက်​အလက်​ထဲတိုးဝင်​ခဲ့။

အဝတ်​စွပ်​ခြင်းခံလိုက်​ရတဲ့ ည​တွေ
ဝိညာဉ်​ အူသံ​တွေကို သူတို့အာသာ​ပြေဖို့
ငါတို့အိပ်​ရာကထလာခဲ့ရတယ်​။

လင်းဆွဲတွေ​ပြောင်းပြန်​ချိတ်​ထားတဲ့ညတိုင်းမှာ
ဝိညာဉ်​ အူသံ​နဲ့အတူ
တ​ယောက်​​ယောက်​အရိပ်​ဟာ တံခါးကို လာ လာ ​ခေါက်​တယ်​။

အနာတရကျားတ​ကောင်​ရဲ့လမ်းမှာ
သွေးစက်​၊ အနံ့၊ ​ခြေရာ၊ မျိုးတုံး​ပျောက်​ကွယ်​မှု၊ ဒဏ်​ရာ၊ အနာတရ၊ ​ဆေးရုံ၊ အကျဉ်း​ထောင်​၊ စိတ္တဇ ​ဆေးရုံ။

အဲဒီ တွဲ​လျောင်းကျ​နေတဲ့ ကြိုးကို ဖြတ်​ချလိုက်​ကြပါ​တော့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts