ခိုင်အောင်ကျော် (နယူးယောက်)

Khaing Aung Kyaw (NY) – Articles

ပြည်သူ့ဆန္ဒခံယူပွဲကို အစိုးရကသာ တာဝန်ရှိတယ်
ခိုင်အောင်ကျော် (နယူးယောက်)
အောက်တိုဘာ ၄၊ ၂၀၁၃


နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ရဲ့ ပေါ်လီစီကို ချပြတာ-ဆုံးဖြတ်တာ-ဥပဒေပြုတာမျိုးတွေကို လွှတ်တော်တွေထဲမှာ အခင်းအကျင်း ပြုလုပ်ကြတယ် ။ ဘာကြောင့်လဲဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတကအစ လွှတ်တော်ဥက္ကဋ္ဌ တွေဟာ အဆုံးအဖြတ်တွေကို ပြုလုပ်ဆောင်ရွက်နိုင်ကြလို့ဘဲဖြစ်တယ် ။ ပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်နယ်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာလဲဘဲ လွှတ်တော်တွင်းမှာ သူတို့ရဲ့ မဲဆန္ဒရှင် ပြည်သူများအတွက် ကိုယ်စား တင်ပြနိုင်ကြလို့ဖြစ်တယ် ။ ဒါဟာ မည်သည့်နိုင်ငံမှာမဆို ပြည်သူ့လွှတ်တော်အခင်းအကျင်းဖြစ်တယ် ။ 
အဲဒီလို လွှတ်တော်တွင်းမှာ အတိုက်အခံပါတီအနေနဲ့ ရှိနေခဲ့ ရင် အစိုးရရဲ့ ပေါ်လီစီတွေ-ဆုံးဖြတ်တာတွေ- ဥပဒေပြုတာတွေကို လက်မခံရင် လွှတ်တော်တွင်းမှာ ဆန့် ကျင်ကန့် ကွက်ကြတယ် ။ ဒါဟာ အစိုးရရဲ့ ပေါ်လီစီတွေ-ဆုံးဖြတ်တာတွေ- ဥပဒေပြုတာတွေဟာ သူတို့ရဲ့ ပါတီအာဘော်တွေ ဖြစ်တာမို့  အတိုက်အခံပါတီဖြစ်တဲ့ ပါတီက လွှတ်တော်အတွင်းမှာ ကန့် ကွက်ဆန္ဒပြကြ-မဲခွဲကြ ပြုလုပ်ကြတာဖြစ်တယ် ။ လွှတ်တော်ညီလာခံဟာ လွှတ်တော်ကိုယ်စားလှယ်များအတွက် အကောင်းဆုံးသော ပြောရေးဆိုခွင့်နေရာဖြစ်တယ် ။ နိုင်ငံအတွက် အကောင်းဆုံးသော ဥပဒေပြုရေးနေရာဖြစ်တယ် ။
မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်ဆိုတာရှိတယ် ။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ် ။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးလည်မသုန် ကာကွယ်စောင့်ရှောက် ထမ်းရွက်ပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုပြီးသားဖြစ်တယ် ။ ပြည်သူတွေက သူတို့ရဲ့ ကိုယ်စား မဲဆန္ဒပေးပြီး စေလွှတ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုယင်း နိုင်ငံတော်အတွက် လွှတ်တော်ညီလာခံမှာ ခေါင်းပေါင်းစတလူလူ ပေါင်းသူတွေနဲ့ ပုဝါပါးတွေလွှမ်းခြုံကာ ခြုံလွှာရစ်ပတ်နေကြသူများ နဲ့ တက်ရောက်နေကြပြီဖြစ်တယ် ။ မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးပါတီ မရှိတော့ဘူးဆိုတာ ပြည်သူတစ်ရပ်လုံးက သိနေကြတယ် ။
ပြည်သူ့လွှတ်တော်ထဲကို ရောက်ရှိသွားကြတဲ့ နိုင်ငံရေးပါတီတိုင်းဟာ အဲဒီလို-၂၀၀၈-ခုနစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပါမည်လို့ ပြောထားတဲ့အတွက် သူတို့တွေဟာ အဲဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျမ်းသစ္စာကျိန်ဆိုထားတဲ့အတိုင်းလူ့ ဂုဏ်သိက္ခာရှိစွာ နေတတ်ပြ-ရပ်တည်ပြတတ်နေကြပြီ ။ ။ ဒါမှသာ သူ့ဆန်စားရဲမှ ဆိုတဲ့ မြန်မာစကားပုံအတိုင်း အဓိပ္ပယ်ရှိမှာဖြစ်တယ် ။
တစ်ချို့ က လွှတ်တော်ပြင်ပဆိုတဲ့ စကားကို သုံးစွဲကြတယ် ။ လွှတ်တော်ပြင်ပလို့ သုံးစွဲကြသူများဟာ လွှတ်တော်တွင်းမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျမ်းသစ္စာမကျိန်ဆိုသူများကသာ သုံးစွဲလို့ရတယ် ။ သုံးစွဲသလို လွှတ်တော်ပြင်ပမှာ နိုင်ငံရေးအခန်းအနားတွေကို ကျင်းပဟောပြောလို့ရတယ် ။ ပြည်သူ့အမြင်ပေါ်လီစီများကို ချပြဟောပြော ရေးသားထုတ်ဝေဖြန့် ချီပြီး ဆောင်ရွက်ပိုင်ခွင့်ရှိတယ် ။ တိတိကျကျ ပြောရရင် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်သူတွေ- လွှတ်တော်တွင်းကို မရောက်နိုင်ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ ဆောင်ရွက်ကြ-လှုပ်ရှားကြတဲ့ ရေးသားဖြန့် ချီထုတ်ဝေကြရတဲ့ တစ်နိုင်တစ်ပိုင် နိုင်ငံရေးအခွင့်အလမ်းမျိုးသာဖြစ်တယ် ။ အတိုက်အခံသမားတွေရဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ ပြောနိုင်တယ် ။
ပြည်သူ့အမြင်ပေါ်လီစီများကို ချပြဖေါ်ပြတဲ့အခါ သူတို့အဖို့  အစိုးရကို တောင်းဆိုတာတွေ-ကန့်  ကွက်တာတွေ တင်ပြပြောဆို ဟောပြော ရေးသားကြတာမျိုးဖြစ်တယ် ။ အစိုးရက အဲဒီလို လွှတ်တော်ပြင်ပမှာ ပြုလုပ်နေတဲ့ အခန်းအနားတွေများက တောင်းဆိုတာတွေ-ကန့် ကွက်တာတွေကို လက်မခံလို့ရသလို ဆောင်ရွက်ပေးနိုင်တာတွေလဲ ပြုလုပ်လို့ရတယ် ။ ဒါက အစိုးရရဲ့ သဘောတရားအပေါ်မှာ မူတည်တယ် ။ ဒီနေ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမယ်-ပြင်ဆင်ဖြည့်စွက်မယ် ဆိုတဲ့အသံမျိုးကြားနေရတယ် ။ 
စောစောက အထက်မှာ တင်ပြသလို -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမယ်-ပြင်ဆင်ဖြည့်စွက်မယ် စသည်ဖြင့် ပြုလုပ်ချင်သပဆိုရင် လွှတ်တော်တွင်းမှာရောက်ရှိနေကြတဲ့ နိုင်ငံရေးပါတီများရဲ့ လွှတ်တော်ကိုယ်စားလှယ်များသာ လွှတ်တော်တွင်းမှာ ပြုလုပ်ဆောင်ရွက်စေဖို့  ပြည်သူတွေက အသည်းကြားက မဲတစ်ပြား ပေးပြီးသားဖြစ်တယ် ။ နောက်ကြောင်းပြန်လှည့်ကာ နေပြည်တော်လွှတ်တော်ခမ်းမကနေပြီး ပြည်သူများရှိရာ သို့  ပြန်လာကြမဲ့  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဘယ်လိုရင်ထဲက စိတ်ဆန္ဒတွေနဲ့ နောက်ထပ်တစ်ခါ စကားပြောနေကြရမည်နည်း ။ ပေးအပ်ထားပြီးသား တာဝန်ကို မထမ်းဆောင်ဘဲ ပြည်လည်တစ်ခါ ပြည်သူ တွေဆီကို လာရောက်ကြမဲ့  လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံရေးသမားပီပီ သတ္တိရှိရှိ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်ခမ်းမမှာ သွားလုပ်ပါလို့ ပြောရုံသာရှိမယ် ။ အသစ်ပြန်ရေးဆွဲမယ် သို့ မဟုတ် ပြင်ဆင်ဖြည့်စွက်ပေးရမယ်လို့ တင်ပြရဲရမှာဖြစ်တယ် ။ ခုတော့ ပြည်သူတွေကို ချပြမယ်-ဟောပြောမယ်-ပြည်သူ့အသံကို လိုချင်တယ် လို့ ပြောလာတဲ့ဟာကျတော့ ကျွန်တော်ကဖြင့် ရီမောနေမိပါတယ် ။ ဒလ၀မ်လဲ ဒလ၀မ်အလုပ်- မန်နေဂျာလဲ မန်နေဂျာအလုပ်-နိုင်ငံရေးသမားလဲ နိုင်ငံရေးအလုပ်- ရှင်ဘုရင်လဲ ရှင်ဘုရင် အလုပ်- စာရေးဆရာကြီး မောင်သာရ ပြောသလို ရှင်ဘုရင်နဲ့ညားတော့ မိဖုရား ပေါ့——ဒါမျိုးတွေ ဖြစ်စေချင်ပါတယ် ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts