ဒေါက်တာခင်မောင်ဝင်း (သချာင်္) – The RIGHT WORD – 2
HIGH , ELEVATED ,LOFTY , TALL, TOWERING
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇
၁။ ဤစကားလုံးများသည် မြင့်မားသောဟု ဆိုလိုသည်။ သို့မဟုတ် အရာဝတ္ထု တခုခုသည် မြင့်မားသော နေရာတွင် ရှိခြင်း၊ ၄င်းကို မြင့်မားသော နေရာတွင် ထားခြင်းကို ဖေါ်ပြနိုင်သည်။
၂။ HIGH ကို ဤအဓိပ္ပါယ်နှစ်မျိုးစလုံး သုံးနိုင်သည်။
high buildings – မြင့်မားသော အဆောက်အဦများ
The house is high up in the hills.
အိမ်သည် တောင်များကြား၊ မြင့်မားသော နေရာတွင်ရှိသည်။
၃။ TALL ကို မြင့်မားသောဟူသော အဓိပ္ပါယ် တမျိုးတည်းသာသုံးသည်။
Tall man အရပ်ရှည်သောသူ။
၎။ အထက်အောက် ရှည်ခြင်းမြင့်ခြင်းကို ဖေါ်ပြရာတွင် TALL ကို ပို၍ အသုံးများသည်။ အရပ်ရှည်ခြင်းကို HIGH မသုံး TALL သုံးသည်။ သို့သော်လည်း HIGH ကို သုံးသော နေရာများ ရှိပါသည်။
The highest mountain အမြင့်ဆုံးတောင်
High buildings တွင် tall buildings ဟူ၍ high နှင့် tall အလဲအလှယ်လုပ်၍ သုံးနိုင်သည်။
၅ ။ ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာတွင်
HIGH ကိုသုံး နိုင်သည်။
High spirits စိတ်ဓာတ် တက်ခြင်း
High moral စိတ်ဓာတ် မြင့်မားသော
High temperature မြင့်မားသောအပူချိန်
6. ELEVATED သည် ဘေးပတ်ဝန်းကျင်ထက်ပို၍ မြင့်မားမှုကို ဖော်ပြသည်။ အပေါ်သို့ မြင့်တက်လာခြင်းလည်း ဖြစ် နိုင်သည်။
The office building is elevated a dozen floors above the ground.
ရုံးအဆောက်အဦသည် မြေ ပေါ်မှ ၁၂ ထပ်လောက် အပေါ်ရောက် နေသည်။
The road is bit elevated here.
လမ်းသည် ဒီနေရာမှာ အနည်းငယ်မြင့်နေသည်။
The platform is elevated.
လမ်းဘေးပလက်ဖောင်းသည် မြင့်နေသည်။
၇။ TOWERING သည် ဘေးပတ်ပတ်လည်ရှိ အခြားအရာများအပေါ်မိုးနေသကဲ့သို့ မြင့်မားသည့် အဖြစ်ကို ဖေါ်ပြသည်။
The towering pine trees မြင့်မားသော ကျွန်းပင်များ
The towering skyscrapers မြင့်မားသော မိုးပျံတိုက်ကြီးများ
၈။ TOWERING ကို အရည်အချင်းဆိုင်ရာတွင်လည်းသုံးသည်။
U Pon Nya is a towering figure in Myanmar Literature.
ဦးပုညသည် မြန်မာစာပေတွင် ထင်ရှားသောပုဂ္ဂိုလ် ဖြစ်သည်။
၉။ LOFTYကို မြင့်မားသည့် အဓိပ္ပာယ်ဖြင့် သုံးရာတွင် ယခုအခါတွင် ဟန်ဆောင်မှုဆန်သည်။ စိတ်ပိုင်းဆိုင်ရာတွင် မတူမတန်သလိုသဘောထားမျိုး ကိုဖေါ်ပြသည်။
The lofty attitude of some writers to the needs of the people.
အချို့သောစာရေးဆရာများ၏ လူအများလိုအပ်ချက်ကို ထည့်မစဉ်းစားသည့် သဘောထား။
၁၀။ အခြားဆင်တူစကားလုံးများမှာ
Outstanding, steep, summit
၁၁။ ဆန့်ကျင်ဘက်များ။
Base, degraded, low short