နှောင်ကြိုးမဲ့ သမဂ္ဂအလံတော်ကို အမြင့်မားဆုံးလွှ င့်ထူကြ
မြတ်လှိုင်း
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၇
ကျနော်တို့မြန်မာနိုင်ငံသမို င်းမှာ ပထမကျောင်းသား သပိတ်ဟာ ၁၉၂၀ မှာပေါ်ပေါက်လာခဲ့ပါတယ်၊
အဲဒီ့ ၁၉၂၀ ကျောင်းသားပထမသပိတ်ကစပြီး ၁၉၃၁ ခုနှစ် မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုစပြီး တည်ထောင်နိုင် ခဲ့ပါတယ်။ တကသကိုတည်ထောင်ပြီး နှ စ်အနည်းငယ်ကြာ အပြီးမှာတော့ ဒုတိ ယကျောင်းသားသပိတ်ကို ၁၉၃၆ ခုနှစ် မှာ တိုက်ပွဲဝင်ဆင်နွဲနိုင်ခဲ့ပါ တယ်။ အဲဒီအချိန်က တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူတာက ကိုနုပါ။ ကိုနုကိုတက္ကသိုလ်ကောင် စီနဲ့အာဏာပိုင်အဖွဲ့ကိုဝေဖန်တဲ့ မိန့် ခွန်းပြောတာကြောင့် ကျောင်းထုတ်လိုက်တဲ့အပြင် မကြာမီ မှာပဲ သမဂ္ဂကထုတ်တဲ့ အိုးဝေမဂ္ဂဇင်းပါ HellHoundatlarge ဆောင်းပါးကိုေ ရးသူရဲ့နာမယ်ကိုမပြောခဲ့တာကြော င့် အယ် ဒီတာ ကိုအောင်ဆန်းကိုကျောင်း ထုတ် လိုက်ပါတယ်။ အဲဒီလိုကျောင်း ထုတ်လို့ဖြစ်ပေါ်ခဲ့တဲ့ကျာင်းသား သပိတ်ပါ။
အဲဒီ ကျောင်းသားသမဂ္ဂကနေ တို့ဗမာအစည်းအရုံးခေါင်းဆောင် တွေအဖြစ် သခင်အောင်ဆန်း၊ သခင်နုတို့ ဖြစ်လာ ခဲ့ကြပါတယ်။
ဒုတိယကျောင်းသားသပိတ်ကြီးမှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂကို ဖွဲ့စည်းနိုင်ခဲ့ပါ တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့စည်းရုံးဦးဆောင်မှုနဲ့  ၁၉၃၈ ခုနှစ် ၁၃၀၀ ပြည့်အရေးတော်ပုံ ကြီး ဖြစ်တဲ့နယ်ချဲ့ဆန့်ကျင်ရေး လူထုတိုက်ပွဲ မှာ ပါဝင်ဆင်နွှဲနို င်ခဲ့ပါတယ်။ အဲဒီအချိန်က ဗမာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနဲ့ အတွင်းရေးမှူး ကိုဗဆွေ တို့ဟာလည်း နယ်ချဲ့အစိုး ရရဲ့အဖမ်းအဆီးခံခဲ့ရပါတယ်။ ဗသက ဒုဥက္ကဋ္ဌ ကိုလှရွှေကအတွင်းဝန်ရုံးကို ချီတက်တဲ့ကျောင်းသား သမဂ္ဂ ချီတက် ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သလို၊ အဲ ဒီနေ့မှာ ကျောင်း သားအာဇာနည် ကိုအောင်ကျော် ကျဆုံးခဲ့ရပါတယ်။
အဲဒီနေ့ဆန္ဒပြချီ တက်ပွဲကို ဦးဆောင်တဲ့နေရာမှာ ကိုကြည်မောင်(ဗိုလ်မှူးကြီးကြည်ေ မာင်၊ NLD ခေါင်း ဆောင်)၊ ကိုဌေးမြို င်(ဒဂုန်တာရာ)တို့လည်းပါဝင်ပါ တယ်။ ကိုကြည်မောင်က ဗကသအမှုဆောင်အဖွဲ့ဝင်ပါ။
နောက် ဗိုလ်နေဝင်းက နိုင်ငံကိုအာဏာသိမ်းလိုက်တဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)တို့ရဲ့ အခြေခံအဆောက်အဦကို ဖြိုဖျက်လို က် တာခံခဲ့ရပါတယ်။
အဲဒီအချိန်က ဗကသဥက္ကဋ္ဌက ကိုလှရွှေပါ။ အတွင်းရေးမှူးက ကိုတင်ထွန်းပါ၊ ၁၉၆၂
ဇူ လိုင် ၇ ရက်နေ့ တကသအဆောက်အဦကို ဗိုလ်နေဝင်းရဲ့အာဏာသိမ်းအစိုးရက
မိုင်းခွဲပြီး ဖျက်ဆီးဖြိုချတဲ့  အချိန်မှာ ၇ ဇူလိုင်အရေးအခင်းကို ဦးဆောင်ခဲ့သူတွေက ကိုစိုးသိန်း(မောင်ဝံသ)နဲ့ ကိုတင်မောင်ဝင်း (ခရမ်း) တို့ဖြစ် ပါ တယ်။
အဲဒီအချိန်က ဗကသဥက္ကဋ္ဌက ကိုလှရွှေပါ။ အတွင်းရေးမှူးက ကိုတင်ထွန်းပါ၊ ၁၉၆၂
ဇူ လိုင် ၇ ရက်နေ့ တကသအဆောက်အဦကို ဗိုလ်နေဝင်းရဲ့အာဏာသိမ်းအစိုးရက
မိုင်းခွဲပြီး ဖျက်ဆီးဖြိုချတဲ
ဗိုလ်နေဝင်းဟာ တကသကိုဖြိုချဖျက်ဆီးပစ်ခဲ့တာက တကသအဆောက်အဦကို မဟုတ်ပါဘူး။ ဒီ တကသ ဆိုတဲ့အဆောက် အဦထဲက သမဂ္ဂစိတ်ဓာတ်ကိုဖြိလှဲလိုက်ဖို့ ရည်ရွယ်ခဲ့တာပါ။ ကျောင်းသားသမဂ္ဂ စိတ်ဓာတ် တွေက ခေတ်အဆက်ဆက်မှာ အထင်ကရအရေးတော်ပုံကြီးတွေကို စတင်နိုင်ခဲ့တယ်။ ဒီလိုပဲဦးဆော င်နိုင် တဲ့အရည်အချင်းတွေရှိခဲ့ ကြတယ်။ ဒါကိုဗိုလ်နေဝင်းသိလို့ သူ့ရဲ့အာဏာသိမ်းအစိုးရကိုဆန့်ကျ င်မယ့် သမဂ္ဂ စိတ်ကိုဖြိုလှဲနိုင်ဖို့ ကြိုးစားခဲ့တာပါ။ အာဏာသိမ်းပြီး အာဏာရှင်စနစ်နဲ့ရေရှည်အုပ်ချုပ် နိုင်ဖို့ တကသ အဆောက်အဦကို ဖြိုချလိုက်သလို ၊ သမဂ္ဂစိတ်တွေကိုမြေမြှုပ်ပစ်ခဲ့ပါ တယ်။
ဒါပေမဲ့ သမဂ္ဂစိတ်တွေက မြေကြီးထဲကနေ အညွှန့်တွေပြန်ပေါက် လာခဲ့ပါတယ်။
ဗိုလ်နေဝင်းရဲ့အာဏာရှင်စစ်အစိုး ရကို ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အေ ရးအခင်း၊ မှိုင်းရာပြည့်တို့က လည်း ကျောင်းသားသမဂ္ဂ စိတ်ဓာတ်နဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။
နောက်ဆုံး ဗိုလ်နေဝင်းရဲ့မဆလလို့ ခေါ်တဲ့မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီကိုတော်လှန်ပြီး ပြန်ဖြု တ်ချဖို့ ကြိုးစားခဲ့တဲ့ ရှစ်လေး လုံးလူထု အရေးတော်ပုံမှာလည်း ကိုမင်းကိုနိုင်တို့ ဗမာနိုင်ငံလုံးဆို င်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချု ပ်အနေနဲ့ ဦးဆောင်ခဲ့ကြပါတယ်။ ရှ စ်လေးလုံး မတိုင်ခင်မတ်လမှာ ကို မင်းဇေယျာ၊ ကိုဌေး ကြွယ်၊ ညိုထွန်း ၊ တင်အေးတို့၊ ဇွန်လကျောင်းသားလှု ပ်ရှားမှုမှာ ကိုမောင်မောင်ကျော်၊ မိုးသီးဇွန်တို့ဟာ လည်း သမဂ္ဂစိတ် ဓာတ်နဲ့အာဏာရှင်ကို တော်လှန်ခဲ့ ကြပါတယ်။
ကျောင်းသားသမဂ္ဂဆိုတာ ခေတ်အဆက်ဆက်ြ မန်မာပြည်သမိုင်းမှာ ရှေ့တန်းကတို က်စစ်ဆင်ခဲ့ပြီး သမိုင်း ကိုရေးထိုးနိုင်ခဲ့သူတွေပါ။
ဗိုလ်နေဝန်းရဲ့စစ်အာဏာရှင်အစိုး ရက မိုင်းဗုံးထောင်ပြီးဖြိုဖျက်ခဲ့ တဲ့ တကသအဆောက်အဦကို ၈၈ ခုနှစ်မှာ ခဏတာတက်လာခဲတဲ့ ဒေါက်တာမောင်မောင်အစိုးရလက်ထက် မှာ ပြန်ဆောက်ပေးဖို့စကားစခေါ်ခဲ့ပါ တယ်။
ဒါကို ကျောင်းသားသမဂ္ဂဝင်ကျောင်းသားခေါ င်းဆောင်တွေက လက်မခံခဲ့ပါဘူ။
အခုပြည်သူတွေကိုယ်တိုင်ရွေးချယ် တင်မြှောက်ပေးလိုက်တဲ့ ဒီမိုကေ ရစီအစိုးရတက်နေပါပြီ။ အရပ်သားဒီ မိုကရေစီအစိုးရဆိုတာလည်း စစ်တပ်အာဏာရှိသူတွေနဲ့ ပူးတွဲအု ပ်ချုပ်နေရတဲ့အစိုးရပါ။
ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ရှိအစိုးရရဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချု ပ်အနေနဲ့ တကသအဆောက်အဦကို ပြန်တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန် ကြီးချုပ်ကလည်း ၈၈ ကာလမှာ ဗကသ အဖွဲ့ချုပ်ကခွဲထွက်လိုက်တဲ့ အောက်ဗမာပြည်ကျောင်းသား သမဂ္ဂ (အောက်ဗ)ရဲ့အတွင်းရေးမှူး တယောက် ပါ။ သမဂ္ဂစိတ်ဓာတ်အနေနဲ့  ရှိခဲ့သူတယောက်လို့ ပြောရမှာ ပါ။ အောက်ဗ ဆိုပြီးဖွဲ့တဲ့အချိန်မှာ အတွင်းရေး မှူးအဖွဲ့ထဲမှာ ကိုအောင်ထွန်းနဲ့ ဗသက်အောင်တို့လည်း ပါခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က အခု အရပ်သားအစိုးရရဲ့တာဝန်ရှိသူ တယောက်ပါ၊ ခေတ်အဆက်ဆက်က ကျောင်းသားသမဂ္ဂဆိုတာ အစိုးရတွေကိုဆန့်ကျင်တိုက်ခိုက် လာခဲ့ပါတယ်။ ဘယ်အစိုးရတက်တက်၊ြ ပည် သူတွေရဲ့အကျိုးစီးပွားကို၊ေ ကျာင်းသားတွေရဲ့ အကျိုးစီးပွား၊ အခွင့်ရေးကိုဆန့်ကျင်ပြီး လုပ်ဆောင်လာ မယ်ဆို ရင်၊ သမဂ္ဂစိတ်ဓာတ်နဲ့ သမဂ္ဂအလံတော်ကိုဆွဲကိုင်ပြီး ပြည်သူတွေရဲ့ရှေ့ဆုံးကနေ လမ်းမပေါ် ထွက်လာမယ့်သူတွေပါ။ ဘယ် အစိုးရဖြစ်ဖြစ် ပြည်သူရဲ့အကျိုးကိုထိခိုက်တဲ့လု ပ်ရပ်ကို လုပ်ဆောင်လာ မယ်ဆိုရင် ခွပ်ဒေါင်းတွေအနေနဲ့ သေမကြောက်၊ ကျည်မကြောက်၊ ထောင်မေ ကြာက်ပဲ ဇွဲနဲ့ခွပ်နေမယ့် ခွပ်ဒေါင်းတွေဖြစ်နေမှာပါ။ အစိုး ရက တည် ငြိမ် ငြိမ်းချမ်းတဲ့အခြေအေ နကိုလုပ်ဆောင်ပေးနေမယ်ဆိုရင် ကျောင်းပရဝုဏ်အတွင်းမှ စည်းလုံးစွာ ကနေတဲ့ ကဒေါင်းတွေဖြစ်နေပါ လိမ့်မယ်။
ဒါကြောင့် တကသအဆောက်အဦကိုပြန် တည်ဆောက်ဖို့ ဘယ်အစိုးရရဲ့ပူးပေါင်းကူညီမှုကို မှမယူပဲ တည် ဆောက်စေချင်ပါတယ်။ တည်ဆောက် သင့်ပါတယ်။
နောက်တချက်က၊ ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင်အစိုးရကဖျက်ဆီးဖြို ဖျက်ခဲ့တဲ့ တကသအဆောက်အဦကို ပြန် တည်ဆောက်ဖို့ထက်၊ သမဂ္ဂစိတ်ဓာတ်တွေကိုမြဲမြံအောင် တည်ဆောင်နိုင်ဖို့ ပိုအရေးကြီးပါ တယ်။
အခုဆိုရင် ကျောင်းသားသမဂ္ဂတွေက အကွဲကွဲအပြားပြား ဖြစ်နေကြပါတယ်။
အခုဆိုရင် ကျောင်းသားသမဂ္ဂတွေက အကွဲကွဲအပြားပြား ဖြစ်နေကြပါတယ်။
ကိုယ်နဲ့နီးစပ်ရာအသိုင်းအဝိုင်းလေးကိုစုဖွဲ့ပြီး သမဂ္ဂအမည်ခံနေကြပါတယ်။
အခုသမဂ္ဂဆိုပြီးဖွဲ့ထားကြတဲ့ သမဂ္ဂေ ခါင်းဆောင်လုပ်နေသူတွေကို ကျောင်းသားအများစုကလက်ခံဖို့ လို အပ်ပါတယ်။
အခုသမဂ္ဂဆိုပြီးဖွဲ့ထားကြတဲ့ သမဂ္ဂေ
၈၈ ခုနှစ်စစ်အာဏာရှင်စနစ်ကိုတော် လှန်ဖို့အတွက် နီးစပ်ရာ၊ တူညီသူေ တွဆက်စပ်ဆက်သွယ်ပြီးဖွဲ့ခဲ့ရတဲ အခြေအနေမျိုးလည်း မဟုတ်တော့ပါဘူး။ ကျောင်းသားသမဂ္ဂဆိုတဲ့အသံကြားရင် ကို အလွန်အန္တရာယ်များ တဲ့အချိန် လည်း ကျော်လွန်ခဲ့ပါပြီ။ အခုအချိ န်မှာ ကျောင်းသားတွေအနေနဲ့ သမဂ္ဂစိတ်ဓာတ်ရှိနေအောင် စည်းရုံးေ ဟာပြောနေဖို့လိုနေပါပြီ။ သမဂ္ဂစိတ်ဓာတ်ဖြစ်တဲ့ အောင်ဆန်းစိ တ်ဓာတ်၊ ဗဟိန်း စိတ်ဓာတ်တွေ၊ အောင် ဆန်းရဲ့သမဂ္ဂဝိညာဉ်၊ ဗဟိန်းရဲ့ သမဂ္ဂဝိညာဉ်တွေအစဉ်အမြဲပူးကပ်ေ နအောင်လည်း အမြဲလှုပ်ရှား ဆောင်ရွက်နေနိုင်ဖို့  အရေးကြီးပါတယ်။
ပြည်သူတွေရဲ့အခက်အခဲကို အမြဲကူညီေ ပးနိုင်ဖို့ ကြိုးစားနေရပါမယ်။ ကျောင်းသားများရဲ့အခွင့်အရေးကို လည်း လိုအပ်လာရင် အမြဲတောင်းဆိုနိုင် ရပါလိမ့်မယ်။
ပြောမယ်ဆိုရင် ဥပမာအနေနဲ့ စစ်အာဏာရှင်လက်အောက်ကရုန်းကန်ထိုးဖောက်ထွက်လာပြီး ဒီမိုကရေစီေ ခတ်ကိုတည်ဆောက်နိုင်ဖို့ အတွက် လည်း၊ ကျောင်းသားသမဂ္ဂစိတ်ဓာတ်နဲ့ဝိုင်းကူညီဖို့လိုအပ်နေပါတယ်။ စစ်အာဏာရှင်ခေတ်မှာ အမြစ်စွဲခဲ့ တဲ့ အာဏာရှင်ဆန်တဲ့ ဇာတ်ပျက်ဗျူရို ကရက်တွေရဲ့အကျင့်ပျက် ခြစားမှု တွေကို တိုက်ဖျက်နိုင်ဖို့ကလည်း သမဂ္ဂအဖွဲ့ဝင်တိုင်းမှာ တာဝန်ရှိ ပါတယ်။ ဒီဇာတ်ပျက် ဗျူရိုကရက်တွေ ရဲ့ အတ္တတွေကို အမြစ်ပါမကျန် ဆွဲနှုတ်ပေးရပါလိမ့်မယ်။
အခြားအခြားသောအလုပ်များဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေအတွက်ေ ဆာင်ရွက်ရမယ့်တာဝန် အများအပြားရှိေ နပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ေ တွအနေနဲ့အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ဖို့မလိုပါဘူး၊ နောက်ဆုံးေ ကျာင်းအုပ်ချုပ်ရေးအပိုင်းမှာေ တာင် မပါဝင် သင့်ပါဘူး။ ကျောင်းသားတွေရဲ့အခွင့်အရေးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ဖို့ ပဲ လိုအပ်ပါတယ်။
ကျနော့်အယူအဆအနေနဲ့တော့၊ အထက်တန်းကျောင်းအဆင့်သမဂ္ဂတွေ၊ တက္ကသိုလ်ကျောင်းသမဂ္ဂတွေ၊ ကောလိပ်ကျောင်းသား သမဂ္ဂတွေကို စည်းရုံးပြီး၊ စည်းလုံးညီညွတ်စွာ အရင်ရွေးချယ်တင်မြှောက်ဖွဲ့စည်း နိုင်ရပါလိမ့်မယ်။ နောက်ဆုံးအဆင့် မှာမှ ဗမာနိုင်ငံလုံး ဆိုင်ရာကျော င်းသားသမဂ္ဂအဖွဲ့ချုပ်ကို ဖွဲ့စည်းရပါ မယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ နဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ အဖွဲ့ချုပ်ပေါ်ပေါက် လာပြီးမှ ဗိုလ်နေဝင်းရဲ့စစ်အာဏာရှင်တွေဖျ က်ဆီးခဲ့တဲ့ တကသအဆောက်အဦကို ပြန်တည်ဆောက်ေ စ ချင်ပါတယ်။
အခု အမျိုးမျိုးပာဆိုကွဲနေတဲ့ တကသကိုစစ်အာဏာရှင်ခေတ်မှာ ဖျက်ဆီးပစ်ခဲ့တာကို သမိုင်းသက်ေ သ အနေနဲ့ ထားချင်ပြီး၊ ဖျက်ဆီးခံလို က်ရတဲ့တကသအဆောက်အဦရဲ့အနီးမှာ သမဂ္ဂအဆောက်အဦသစ်ကို ပြန်ဆောက်ချ င်တယ်ပြောနေကြသူများ၊ တကသကိုပြန်တည်ဆောက်ချင်သူများအေ နနဲ့ အချိန်စောနေပါ သေးတယ်လို့ ထင်ပါ တယ်။ သမဂ္ဂအဆင့်ဆင့်ပေါ်ပေါက်လာပြီး၊ ဗကသဖြစ်ပေါ်လာမှ ပေါ်ပေါက်လာတဲ့ ဗကသခေါင်းဆောင်အသစ်များကိုဆုံြး ဖတ်နိုင်ခွင့်ပြုစေချင်ပါတယ်။ ဒါေ ပမဲ့ တကသကိုပြန်တည်ဆောက် တဲ့ေ နရာမှာ ဘယ်လိုအစိုးရတက်တက်၊ တက်နေတဲ့အစိုးရတွေရဲ့ကူညီပူးပေါ င်းမှုတွေကိုတော့ မယူသင့်ပါ။
အနှောင်အဖွဲ့ကင်းတဲ့သမဂ္ဂအလံတော် ကို အမြင့်မားဆုံးလွှင့်တင်နိုင် ပါစေ။
မြတ်လှိုင်း
ရန်ကုန်တိုင်းမ်းဂျာနယ်
အတွဲ၁၃။ အမှတ် ၉။ ၁ မတ် ၂၀၁၇
အတွဲ၁၃။ အမှတ် ၉။ ၁ မတ် ၂၀၁၇