ကဗျာ

ဒိုရာ (Dora) ● လမ်းပိတ်နေတဲ့ တိမ်

ဒိုရာ (Dora) ● လမ်းပိတ်နေတဲ့ တိမ်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၇

မရှိတော့ဘူး။
ဒါဟာ နောက်ဆုံးလွှတ်ချခြင်းပဲ။

နောက်ဆုံး အိမ်ပြန်တော့မယ့် ကြယ်ဟာ
နီနေရဲ့
အဲ့ဒီမက ရှိသေးရင်
ဝမ်းဟာ အဲ့ဒီထက်မနက်ခဲ့ရင်
ခိုတွေလို ကိုယ့်အိပ်တန်းကိုယ်ရှာမတတ်ခဲ့ရင်
အိမ်ပြန်ချိန်ဟာ ဒီ့ထက်ပိုချိုလိမ့်မှာပေါ့။

ခု
မြစ်တွေနဲ့အတူ ငါလည်းပြန်ခဲ့ရ။

ဒိုရာ (Dora)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts