ကဗျာ

လူဖန်ခါး ● ပိုးဟပ်

လူဖန်ခါး ● ပိုးဟပ်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၇

အစာရှာ ဝင်ပေါက် ထွက်ပေါက် ရှေ့
အမွှေးနှစ်စထောင် ကြမ်းပြင်ပေါ် လွှားလွှား လွှားလွှား။

ဒီကိစ္စ ဘုရားလည်း မြင်မှာမဟုတ်ဘူး
ဒီအတွက်
လမ်းတွေလည်း မပြင်တော့ဘူး
ခြေထောက်တွေလည်း မလျှောက်တော့ဘူး …

ခေါင်းပြတ်နေရင်တောင်
နှစ်ရက် အသက်ရှင်သန်နိုင်တယ်ဆိုရင် …

တရက်ကို အသက်ရှိသမျှ ဝါးမြို
တရက်ကို ရမ္မက်ရှိသမျှ ဇိမ်ခံ …

ဘယ်နှယ့် . ..
ရယ်ရယ်မောမော ဖိသတ်ခံ စောင့်နေတာတုန်း
မင်းကိုယ်တိုင် ခေါင်းပျက်ကြီးနဲ့ ။      ။

လူဖန်ခါး
ဇန်နဝါရီ ၁၈၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts