ကဗျာ

ကမ်လူဝေး ● အမာရွတ်​ အသစ်​နဲ့

ကမ်လူဝေး ● အမာရွတ်​ အသစ်​နဲ့
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၇

အမာရွတ်​ အ​ဟောင်းကို
အမာရွတ်​ အသစ်​လုပ်​ဖို့
အမာရွတ်​ကို ဓားနဲ့လှီးထုတ်​လိုက်​သတဲ့
အသစ်​ဟာ အ​ဟောင်းထက်​ ပို​ကောင်းရမယ်​ဆိုပဲ။

ကောင်းလာ​လေမလားဆိုတဲ့
မျှော်​လင့်​ချက်​နဲ့ နာကြင်​မှုကို ကြိတ်​ခံခဲ့
သွေး​တွေလည်း ရဲရဲ​တောက်
ပိုးဝင်​လို့ အနာရင်း
အမာရွတ်​ အသစ်​ဟာ
အမာရွတ်​ မဖြစ်​ခင်​ကတည်းက
ဒုက္ခ​တွေလှလှကြီး ​ပေးခဲ့။

အချိန်​တန်​​တော့
အမာရွတ်​ အသစ်​ဟာ
အမာရွတ်​ အ​ဟောင်း​နေရာမှာ
ခန့်​ခန့်​ကြီး​နေရာယူလို့။

အမာရွတ်​ဟာ အမာရွတ်​ပဲဖြစ်​ရဲ့
ဟောင်းခြင်းနဲ့ သစ်​ခြင်းဟာ
လူကြား​ကောင်း​အောင်​ ​ပြောစရာ
ဇာတ်​လမ်းပမာသာဖြစ်​လို့
အမာရွတ်​ဟာ အမာရွတ်​အဖြစ်
ရွံရှာစရာ ဒီအတိုင်း။ ။

ကမ်​လူ​ဝေး

 

illustration : Shanmukha Inkas


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts