ကဗျာ

မျိုးတေဇာမောင် ● ငါးကန်

မျိုးတေဇာမောင် ● ငါးကန်
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၇

သမုဒ္ဒရာတွေဟာ ကမ္ဘာကြီးရဲ့ငါးကန်တွေ
ဘုရားသခင်က ငါးတွေရွာချပေးတယ်
နာခံတတ်တဲ့ငါးတွေပေါ့
သမုဒ္ဒရာထဲမကျခင်
လေထဲမှာ စိတ်ကြိုက်ဝဲပျံကြပြီး
နာခံတတ်တဲ့ငါးတွေဟာ
တော်လှန်တတ်တဲ့ငါးတွေဖြစ်သွားတယ်
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ သမုဒ္ဒရာတွေထဲ
ကျရတာပဲ
အဲ့ဒါ
ငါးတွေသမုဒ္ဒရာထဲ မပျော်တဲ့အကြောင်းအရင်းပဲ
အဲ့ဒါ
တံငါသည်တွေ ငါးတွေဖမ်းမိနေရတဲ့အကြောင်းအရင်းပဲ။

မျိုးတေဇာမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts