ကဗျာ ခင်လွန်း

ခင်လွန်း – ကိုယ်ရေးအကျဉ်း


google
 ကိုယ်ရေးအကျဉ်း
ခင်လွန်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၇

  အမည်ရင်း
ဘဖေငြိမ်း

အခြားအမည်
ကိုသူပုန်ကြီး

ပညာရေး
အခြေခံလူတန်းစားဘဝသင်ယူထား

ထင်ရှားတဲ့အမှတ်အသား
ပုဂ္ဂိုလ်ရေးထင်ရှားမှု လုံးဝအလျဉ်းမရှိသူ

စိတ်ဝင်စားသည့်ဘာသာ
အဖိနှိပ်အနိုင်ကျင့်ခံတွေနဲ့တသားထဲဖြစ်ရေး

ကျွမ်းကျင်မှု
အာဏာရှင်ကိုအနုပညာတရပ်ရပ်နဲ့ဆန့်ကျင်နေဖို့

အလုပ်အကိုင်
အရေးတော်ပုံ ကဗျာဆရာ

သွေးအမျိုးအစား
ဗဟိန်းသွေး

နေရပ်
အောက်ဆုံးအလွှာ(မြန်မာပြည်)


ခင်လွန်း
၃၀.၁၁.၂၀၁၆
နံနက်- ၆:၄၀

(ဟိန်း ရာပြည့် ကဗျာ ၁၀၀ ပဒုမ္မာ စာအုပ်မှ…)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts