ရန်လင်းအောင်

Yan Linn Aung – Poem

ဘယ်ပုံပေါ်လို့၊ ဘယ်သူ့ ပေါ် ပုံ
ရန်လင်းအောင်
အောက်တိုဘာ ၅၊ ၂၀၁၃


ဒီလူ နဲ့ ဒီလူ
ဒီအဆင် နဲ့ ဒီ ဂွင်
ထုံးစံအတိုင်း
စ တဲ့လူက  စ
ကြွတဲ့ လူက ကြွ
ထုံစံအတိုင်း
မ တဲ့ လူက  မ
ဖွ တဲ့ လူက ဖွ
ထုံစံအတိုင်း
တို့ တဲ့ လူက တို့
ရှို့ တဲ့လူ က ရှို့
ထုံးစံအတိုင်း
လောင်တဲ့ သူက လောင်
မှောင်တဲ့ လူက မှောင်
ထုံးစံအတိုင်း
တင်း တဲ့ လူက တင်း
ဗြင်း တဲ့ လူက ဗြင်း
ထိရဲရင် ထိကြည့် မီးပွင့်မယ်တကဲကဲ
မထိရဲရင်လည်း ကျွတ်ကျဲရမယ့်
ခေတ်ကြီးထဲ
ကြိုးစားပြီးသွား
ကြိုးစားပြီးရပ်
ကြိုးစားပြီးထိုင်
ကြိုးစားပြီးအိပ်
တိတ်တိတ်နေလည်း
အဖိတ်အစင်က မနိုင်ဘူး
အခါခါခွဲ မ တာတောင် ပုဆိုးကျွတ်ကျန်မယ့်အဖြစ်
မီးလောင်လွယ်သည်
ဂါလံ ၁၅၀၀ နဲ့
အန္တရာယ်ရှိသည်
ဗို့အား ၁၅၀၀ နဲ့
ဘယ်နားရွှေ့ရွှေ့
ကမ္ဘာကြီးဟာ
ကွက်သေ ဒီစာတမ်းကြီး
ဘတ်လပ်ဘတ်လပ်နဲ့
မိုးလင်း  မိုးချုပ်
လူနာ လာမေးလိုက်
သေစာရင်းဝင်ကောက်လိုက်
စိတ်ဟာ

စိတ်ထဲ မှာတောင်နေစရာ ရှားလို့      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts