လှကျော်ဇော အခန်းဆက်များ

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ (အပိုင်း-၂)

လှကျော်ဇော- ရာစုပိုးလမ်းမကြီးအကြောင်းသိကောင်းစရာများ
အပိုင်း(၂)။
(မိုးမခ)၊ ဇွန် ၂၂၊ ၂၀၁၇
ပိုးလမ်းမကြီးဆိုင်ရာသမိုင်းအချက်အလက်များ။
၂၁ ရာစုပိုးလမ်းမအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်-ဖွင့်ပွဲကို ၂၀၁၇ခု မေလ (၁၄) ရက်နေ့က ပီကင်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တရုတ်သမ္မတရှီကျင့်ဖင်က အဖွင့်မိန့်ခွန်း ပြောရာမှာ- ပိုးလမ်းမရဲ့သမိုင်းကြောင်းက အစချီပြီး ဒီလိုပြောခဲ့ပါတယ်။
…… တရုတ်လူမျိုးများရဲ့ဘိုးဘွားဘီဘင်များဟာ ရှေးနှစ်ပေါင်း(၂၀၀၀)ကျော်ကစလို့ တောတွေတောင်တွေ သဲကန္တာရ တွေကိုဖြတ်ပြီး အာရှ-ဥရောပ-အာဖရိကတို့ကို ဆက်စပ်ပေးတဲ့(ကုန်းတွင်း)ပိုးလမ်းကြီးကို ဖွင့် လှစ်ပေးခဲ့တယ်။ တခါ အရှေ့ဘက်ကမ်းရိုးတန်းများကနေပြီး သဘောင်္များရွက်လွှင့်ကာ သမုဒ္ဒရာတွေကို ဖြတ်ပြီး အနောက်ဘက်အာဖရိက အရှေ့ဘက်ကမ်းခြေများအထိပေါက်ရောက်တဲ့ ရေလမ်းကြောင်း ပိုး လမ်းမကြီးကိုလည်း တည်ဆောက်လမ်းဖွင့်ခဲ့ကြပါတယ်။….
…… အဲဒီလမ်းကြောင်းကြီးတွေကနေ ရှေးတရုတ်လူမျီုးကုန်သည်များဟာ လမ်းခရီးတလျှောက် အပြန် အလှန်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းများသာမက ယဉ်ကျေးမှုဆိုင်ရာအယူအဆတွေ၊ အတွေးအခေါ် တွေ၊ ဘာသာတရားတွေကို အပြန်အလှန် နားလည်ယူကြလေ့လာသင်ယူကြနဲ့၊ လူသားသမိုင်းဖွံ့ဖြိုး တိုး တက်ရေးအတွက် အလွန်ထိရောက်စွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။…….
…… ဒီရှေးပိုးလမ်းမကြီးဟာ ငြိမ်းချမ်းရေးနဲ့ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမှုနဲ့အားလုံးပါဝင်နိုင်မှု၊ အပြန် အလှန် လေ့လာသင်ယူရေးနဲ့ အပြန်အလှန်အကျိုးရှိမှု၊ …. ဆိုတဲ့ စိတ်ဓာတ်တွေပေါင်းဖွဲ့ပါဝင်နေပါတယ်။ ဒီပိုးလမ်းမ စိတ်ဓာတ်ဟာ လူသားများရဲ့ယဉ်ကျေးမှုသမိုင်းအတွက် အလွန်ကြီးမြတ်တဲ့ အမွေအနှစ်တရပ် ပါ……တဲ့။
     ပြီးနောက် သမ္မတရှီကျင့်ဖင်က အဲဒီရှေးပိုးလမ်းမကြီးကရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ် ရှင်းပြပြီး အခုခေတ်သစ်(၂၁ရာစု)မှာ ဘာကြောင့် ပိုးလမ်းမလိုအပ်တယ်…. ဆိုတာလည်း ဆက်ပြောပါ တယ်။
……လူသားများရဲ့သမိုင်းဟာ အပြင်းအထန်ပြောင်းလဲနေပါတယ်။ တိုင်းပြည်များအကြား အပြန်အလှန် အမှီအခို ပြုမှုအလွန်ကြီးမားလာမှု၊ ကမ္ဘာလူသားများရဲ့ပိုမိုကောင်းမွန်သောဘဝအတွက် လိုလားတောင့်တ မှု၊ ဒီအခက်အခဲတွေကိုကျော်နင်းနိုင်မယ့်နည်းနာများအများအပြားရှိလာမှု၊ …စတဲ့အခွင့်ကောင်းတွေဟာ မကြုံစဖူးပေါ်ပေါက်လာနေပါတယ်….။
ထို့အတူ စိန်ခေါ်မှုတွေကလည်း မနည်းမနော ကြီးမားစွာရှိနေပါတယ်။ ကမ္ဘာဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်ရေးအတွက် တွန်းအားသစ်တွေလိုအပ်နေတာ၊ ဖွံ့ဖြိုးတိုးတက်မှုများဟာ ပိုမို မျှတဖို့၊ အားလုံးပါဝင်နိုင်ဖို့ ပိုမိုလိုအပ်လာနေတာ၊ ဆင်းရဲ ချမ်းသာကွာခြားမှုကို ရှုံ့ပစ်ဖို့ ပိုမိုလိုအပ်လာနေ တာ…. စတာတွေဖြစ်ပါတယ်။ ဒါ့အပြင် တချို့ဒေသကအပူကွက်များမှာ မတည်ငြိမ်မှုနဲ့ အစွန်းရောက် အကြမ်းဖက်မှုများအပျံ့အနှံ့ပေါ်ပေါက်နေပါတယ်။ ဒါတွေအားလုံးဟာ လူသားအားလုံးအတွက် အန္တရာယ် တွေပါ….တဲ့။
     ဒီသမရိုးကျမဟုတ်တဲ့စိန်ခေါ်မှုများကို တနိုင်ငံတည်းကမဖြေရှင်းနိုင်တော့ဘဲ တကမ္ဘာလုံးချီတဲ့ ဖြေရှင်း နည်းသစ်တွေ ကို တီထွင်ဖန်တီးမှုရှိစွာ ဝိုင်းဝန်းရှာဖွေဖော်ထုတ်သင့်တယ်။ ပြုပြင်ပြောင်းလဲစရာရှိရင်လည်း အဆောက်အအုံဆိုင်ရာ ပြုပြင်မှုများကို ရဲရဲရင့်ရင့်လုပ်ဆောင်ကြဖို့လိုတယ် … ဆိုတဲ့အမြင်အောက်မှာ ရှီကျင့်ဖင်က ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ကြီးကို ၂၀၁၃ ခှုနှစ်ကစပြီး နိုင်ငံတကာဆိုင်ရာ အစည်းအဝေး ကြီးတွေမှာ တင်ပြနေတာပါ။
တဘက်ကလည်း အဲဒီစီမံကိန်းဆိုင်ရာ စမ်းသပ်မှုအမျိုးမျိုးကိုလည်း နိုင်ငံတချို့မှာ (ဥပမာ အာဖရိကနို င်ငံများ- အရှေ့တောင်အာရှနိုင်ငံများ) လုပ်ဆောင်ခဲ့ပါတယ်။
၎ နှစ်တာကာလအတွင်း (၂၀၁၃-၂၀၁၇) လုပ်ဆောင်ခဲ့မှုများကိုလည်း ရှီကျင့်ဖင်က ဒီမိန့်ခွန်းထဲမှာ နိဂုံးချုပ်ပြီး ဘာတွေရရှိခဲ့တယ်၊ ဘာတွေပြုပြင်သင့်တယ်ဆိုတာတွေကို စနစ်တကျ တင်ပြသွားပါသေး တယ်။
 

…….ဒီ(၄)နှစ်တာကာလအတွင်းရရှိချက်များကတော့…..
၁။ နိုင်ငံများရဲ့ပေါ်လစီများတဆက်တစပ်တည်း ဖြစ်လာမှု။
ဥပမာ။ ။  ရုရှားက၂၀၀၇ ခုနှစ်ထဲကစပြီး စီမံလုပ်ဆောင်နေတဲ့ (ယခင်ဆိုဗီယက်ယူနီယံက ကွဲထွက် နိုင်ငံများကို စုစည်းပြီး) ယူရေရှားစီးပွားရေးယူနီယံနဲ့ ပိုးလမ်းမစီမံကိန်းကို ဆက်စပ်လိုက်နိုင်မှု။
၂။ အခြေခံအဆောက်အအုံများတဆက်တစပ်တည်းဖြစ်လာမှု။
   ဥပမာ။ ။  တရုတ်-လာအိုရထားလမ်း၊ ပါကစ္စတန်ကဂွါတာဆိပ်ကမ်းကိုအဆင့်မြှင့်လိုက်နိုင်မှု… စသဖြင့် ရထားလမ်းများ၊ဆိပ်ကမ်းများ၊ရေနံပိုက်လိုင်းများ၊သတင်းအချက်အလက်ဖလှယ်ရေးဆိုင်ရာ အမြန်လမ်း များအပြင် ဘက်စုံရည်ညွှန်းတဲ့အခြေခံအဆောက်အအုံကွန်ရက်များ။ ဥပမာ- တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြန်လမ်း… စတာတွေတည်ဆောက်နိုင်ခဲ့။
၃။ ကုန်သွယ်ရေးလုပ်ငန်းများတဆက်တစပ်တည်းဖြစ်လာမှု။
   ဥပမာ။ ။ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေချောမောပြေပြစ်စေဖို့ တရုတ်နိုင်ငံအနေနဲ့လမ်း တလျှောက်က နိုင်ငံများနဲ့ပူးပေါင်းပြီးနည်းလမ်းကောင်းတွေ ရှာခဲ့ပါတယ်။ အကောက်အခွန်စည်းကြပ်မှုကိုတသမတ်တည်းသတ်မှတ်ဖို့စတာတွေအပြင် နိုင်ငံပေါင်း(၂၀)ကျော်မှာ တရုတ်ကုမ္ပဏီတွေက စီးပွားရေးပူးပေါင်းလုပ်ဆောင်ရေးဇုန်နယ်တွေ ဖွင့်ခဲ့ပါတယ်။
အဲဒါတွေကနေ အခွန်ငွေစုစုပေါင်းဒေါ်လာ-၁.၁ဘီလီယံရခဲ့ပြီး အလုပ်အကိုင်ပေါင်း (၁၈၀,၀၀၀) ကို ဖန်တီးခဲ့ပါတယ်။
၎။ ဘဏ္ဍာရေးဆိုင်ရာတဆက်တစပ်တည်း ဖြစ်လာမှု။
 
ဥပမာ။ ။ တရုတ်ကအဓိကရင်းနှီးမြှုပ်နှံတဲ့ အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asain Infrastructure Investment Bank AIIB) နဲ့ ပိုးလမ်းမရံပုံငွေအဖွဲ့တွေဟာ နိုင်ငံတကာ ဘဏ္ဍာ ရေးအဖွဲ့အစည်းများဖြစ်တဲ့ ကမ္ဘာ့ဘဏ်စတာများနဲ့ပူးတွဲပြီး ပိုးလမ်းမစီမံကိန်းမှာပါဝင်တဲ့နိုင်ငံများက စီမံကိန်းအများအပြားကို ဖော်ဆောင်နေပါတယ်။
၅။ ပြည်သူများအကြား တဆက်တစပ်တည်းဖြစ်လာမှု။
  ဥပမာ။ ။ တရုတ်အစိုးရအနေနဲ့ နှစ်စဉ်နိုင်ငံအများအပြားကှို ပညာတော်သင်ဆု (၁၀,၀၀၀) ချီးမြှင့်ပေး အပ်နေပြီး၊ ပညာရေး၊သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပြည်သူအချင်းချင်းကြား ဆက်ဆံရေး စတာတွေမှာ ပူးတွဲလုပ်ဆောင်နေပါတယ်။ ရုပ်ရှင်ပွဲတော်တွေ၊ သုတေသနဆွေးနွေးပွဲတွေလည်း လုပ် ဆောင်နေပါတယ်။
  ဒါတွေက ပိုးလမ်းမစီမံကိန်းကြီးဟာ အချိန်အခါနဲ့ကိုက်ညီပြီး ဖွံ့ဖြိုးတိုးတက်ရေးရေစီးကြောင်းနဲ့လည်း တပြေးတည်းဖြစ်ကာ ပြည်သူလူထုအများအတွက်လည်း အကျိုးရှိတာဖော်ပြနေပါတယ်။ နောင်တိုးတက်မယ့်အလားအလာကလည်း အများကြီးပါ….-တဲ့။
      ဒါတွေကတော့ ပိုးလမ်းမစီမံကိန်းရဲ့ပထမအဆင့်အောင်မြင်မှုများဆိုပြီး သမ္မတရှီက သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားတဲ့အချက်များပါ။
                 ————————————

မှတ်ချက်။ ။ ပုံများကို-www.google.com.မှ ရယူပါတယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts