ကဗျာ စိုးနေလင်း

စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ

စိုးနေလင်း ● ကိုယ်တိုင်းကျပ်တဲ့ အရေခွံ
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၇

မြစ်ကရောင်ပြောင်းတောက် အင်္ကျီသစ်နဲ့
တဆစ်ချိုး ကကြိုးအပြောင်းမှာ
ဇာတ်ကောင်စာရင်းအရ
အပြစ်ရှာလိုသူ ဝံပုလွေတကောင်
တောကြောင် ဖားဖားတသိုက်နဲ့
တိမ်းစောင်းသွားတဲ့မြားလမ်းကြောင်းတလျှောက်
လွင့်မြောက် လေပူဖောင်းတို့ တိုးဝှေ့
ရှေ့မှာ….
ဗေဒါကြပ်တဲ့ ကောင်းကင်…ပျပျ
တစွန်းတစမျှသာ။

ဇာတိသွေး ဇာတိမာန် ခေါင်းပေါင်းကို
ဆောင်းချင်သူတွေကလည်း တရဲရဲ
ချောက်ထဲကျလုတဲတဲ အခြေအနေရောက်ဖို့သာ
မုတ်ဆိတ်မှာ ပျားတွေစွဲပါပေါ့။

ဟောဒီ မြစ်ရိုး အသီးသီးမှာတော့
လျှော့ရင်းပြတ်ခဲ့ရတဲ့ စွန်တွေလည်း
ခြာလည်ဝဲကတော့ထဲ မနည်းတော့။      ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts