ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ
(မိုးမခ) ဇွန် ၁၅၊ ၂ဝ၁၇

အခုတလော အတော်လူပြောများနေတဲ့ ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း ဖတ်မိသမျှတွေကို ပြန်မျှဝေချင်လာပါတယ်။ တရုတ်ပြည်ကထုတ်ဝေတဲ့ စာစောင်စာတန်းများနဲ့ တရုတ်ဗဟိုရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့အစီအစဉ်များက ပြောပြထား တဲ့အချက်များသာဖြစ်ပါတယ်။ ဒါတွေကို အပိုင်း (၅) ပိုင်းခွဲပြီး တင်ပြသွားပါ့မယ်။ (တကယ့်အခိုင်အမာသက်ဆိုင်ရာ နိုင်ငံ များရဲ့ပြည်တွင်းအခြေအနေများနဲ့ ဘယ်လောက်ကိုက်ညီတယ်ဆိုတာတော့မသိပါဘူးလို့ အရင်ဝန်ခံပါရစေ။)

မန္တလေး-ဘုရားကြီးကုန်းရွာမှ-မြန်မာ-တရုတ်ရေနံပိုက်လိုင်းစီမံကိန်းရံပုံငွေနဲ့တည်ဆောက်ထားတဲ့သောက်သုံးရေဖြန့်ဝေ ရေးဌာနကရေများ ရွာသူရွာသားများက သယ်ယူနေကြပုံ


● အပိုင်း (၁) ပေကျင်း ရီဗျူးဆောင်းပါး (အကျဉ်း)
ဒီဆောင်းပါးကိုရေးဖို့ပြင်ဆင်နေစဉ်မှာပဲ၊ နောက်ဆုံးထုတ်ပေကျင်းရီဗျူး (၁၈-၅-၂ဝ၁၇ နေ့ထုတ်) မှာ မြန်မာ-တရုတ် ရေနံ ပိုက်လမ်းနဲ့ပတ်သက်တဲ့ဆောင်းပါးတပုဒ် ပါလာပါတယ်။ တကယ်လက်တွေ့ဖြစ်ပျက်နေတာနဲ့ ကိုက်မကိုက် ချင့် ချိန်ကြည့် နိုင်ဖို့ အကျဉ်းချုပ်ဘာသာပြန်ပေးလိုက်ပါတယ်။ အဲဒီဆောင်းပါးထဲပါတဲ့ အချက်များကတော့ ….

၁။ မြန်မာ-တရုတ် ရေနံနဲ့ ဓာတ်ငွေ့စီမံကိန်းကြီးဟာ တရုတ်ပြည်အတွက်ဝယ်ယူထားတဲ့ ကမ္ဘာအရပ်ရပ်က ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာပြည်ကဖြတ်ပြီးသယ်ဆောင်ဖို့ရည်ရွယ်ပြီး၊ ဒီစီမံကိန်းကြီးမှာ တသီးတခြားဖြစ်ပြီး မျဉ်းပြိုင် သွားနေတဲ့ပိုက်လမ်း (၂) လိုင်း ပါပါတယ်။

(က)။ ရေနံစိမ်းပိုက်လိုင်း – မြန်မာပြည်အနောက်ဖက်ကမ်းရိုးတန်းရှိ မဒေးကျွန်းကစတင်ပြီး တရုတ်အနောက်တောင်အ ရပ်ရှိ ယူနန်ပြည်နယ်က ရွှေလီမြို့အထိ တည်ဆောက်ထားပါတယ်။ ၇၇၁ ကီလိုအရှည်ရှိတဲ့ ဒီပိုက်လမ်းတည်ဆောက်ရာမှာ ရော စီမံခန့်ခွဲလုပ်ဆောင်ရာမှာရော ပူးတွဲလုပ်ဆောင်တဲ့ကုမ္ပဏီကြီး (၂) ခုကတော့ တရုတ်အမျိုးသားဓာတ်ဆီကော်ပိုရေး ရှင်း နဲ့မြန်မာရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကြီး (အင်တာပရိုက်စ်) တို့ဖြစ်ပါတယ်။

(ခ)။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း-ကျောက်ဖြူ ရမ်းဗြဲကျွန်းကစတင်ပါတယ်။ ၇၉၃ ကီလိုအရှည်ရှိတဲ့ ဒီပိုက်လမ်းဟာ၂ဝ၁၃ ခုနှစ်ကစပြီး လုပ်ငန်းတွေလုပ်ဆောင်နေပြီး လမ်းခရီးတလျှောက်မှာလည်း ကျောက်ဖြူ-ရေနံချောင်း-တောင်သာနဲ့ မန္တလေး-(၄) နေရာမှာ ပိုက်လိုင်းခွဲတွေနဲ့ ဓာတ်ငွေ့တွေ ခွဲဝေပေးနေပါတယ်။ ဒီဓာတ်ငွေ့ပိုက်လမ်းအတွက် ရင်းနှီးမြှုပ်နှံရာမှာရော၊ လုပ်ငန်းတွေကိုစီမံခန့်ခွဲလုပ်ဆောင်ရာမှာရော တာဝန်ခံကုမ္ပဏီဟာ ၂ဝ၁ဝ ခုက ဟောင်ကောင်မှာ နိုင်ငံပေါင်း (၄) နိုင်ငံက ကုမ္ပဏီ (၆) ခု (မြန်မာ၊ တရုတ်၊ အိန္ဒိယက ကုမ္ပဏီ(၁) ခုစီ တောင်ကိုးရီးယားကုမ္ပဏီ (၂) ခု စုပေါင်းတည်ထောင်ထားတဲ့အရှေ့တောင်အာရှ-ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ-လီမီတက်ဖြစ်ပါတယ်။

ဒီပိုက်လမ်းကြီး (၂) လိုင်းတည်ဆောက်ရာမှာ အာရှ၊ ဥရောပနဲ့မြောက်အမေရိကက ကုမ္ပဏီပေါင်း (၂၂ဝ) ပါဝင်ပါတယ်။ ဥပမာ-သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့လာစည်းကြပ်ခြင်းလုပ်ငန်းကို ဂျာမဏီကုမ္ပဏီကလုပ်ဆောင်ပြီး၊ စက်မှု ဆိုင်ရာပစ္စည်းကိရိယာများကို အမေရိကန်ကဝယ်ယူခဲ့ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများအတွင်းကန်ထရိုက်လုပ်ငန်းများကို အိန္ဒိယ၊ မြန်မာ၊ ထိုင်းနဲ့ တရုတ်ကုမ္ပဏီများက ရရှိခဲ့ပါတယ်။

(၈)။ ပိုက်လိုင်းများမှမြန်မာနိုင်ငံကရရှိတဲ့အကျိုးကျေးဇူးများ။
၁။ ပိုက်လိုင်းအတွက် ဖြတ်သန်းခအခွန်ငွေ။ တနှစ် ဒေါ်လာ ၁၃.၈၁ သန်း။
၂။ ရေနံစိမ်း ၁ တန်အတွက် အခွန် တနှစ် ၁ ဒေါ်လာနှုန်း။
၃။ ရေနံစိမ်း တနှစ်တန်ချိန် ၂ သန်း။
၎။ သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၂ဝဝဝ။
၅။ လူမှုရေးဆိုင်ရာ တာဝန်ယူမှုများ။ စီမံကိန်းကာလအလုပ်အကိုင်ဖန်တီးမှု။ အမြင့်ဆုံးအချိန် ၆ဝဝဝ ရှိခဲ့။

စွမ်းအင်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်ပေးခဲ့။
ယခုအချိန် ဒေသခံလုပ်သား ၈ဝဝ (လုပ်သားစုစုပေါင်းရဲ့ ၇၂%) ရှိ။
ဒါ့အပြင်၊တက္ကသိုလ်ဘွဲ့ရမြန်မာကျောင်းသား (၅၈) ယောက်ကို တရုတ်ပြည်သို့လွှတ်ပြီး တည်ဆောက်ရေးပညာ၊ လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာသင်တန်းများ တက်ရောက်စေပါတယ်။ ကျောင်းသား (၂) ယောက်လည်း ဘွဲ့လွန်သင်တန်းတွေ တက်နေပါတယ်။

၆။ ဒီနှစ် မတ်လအထိ၊ ဒေါ်လာ ၂၃ သန်းရင်းနှီးမြှုပ်နှုံပြီး ကျောင်း (၇၂) ကျောင်း
— ဆေးရုံဆေးခန်း (၂၉) ဆောင်၊
— ရေပေးဝေရေးစနစ် (၆) ခု။
— ဓာတ်အားပေးစက်ရုံ (၅) ရုံ။
— တယ်လီဖုန်းဌာန (၂) ခုတို့ကိုပြုပြင်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

● မြန်မာနိုင်ငံတွင်းတရုတ်၏တခြား ရင်းနှီးမြှုပ်နှံမှုများ
၁။ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ဟာအများဆုံးနိုင်ငံဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလအထိ-တ ရုတ်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းပေါင်း ၂၈၄ ခု ရှိပါတယ်။

က။ သံလွင်အထက်ပိုင်းရှိ မုန်းတုံရေအားလျှပ်စစ်စက်ရုံ။
ခ။ လေအားလျှပ်စစ်စက်ရုံများ။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့များမှာတည်ဆောက်ရန်၊ ဧရာဝတီတိုင်းချောင်း သာမှာ တည်ဆောက်နေတဲ့စက်ရုံကတော့ ၂ဝ၁၉ မှာ စတင်လည်ပတ်ပါလိမ့်မယ်။
ဂ။ နေပြည်တော်နဲ့ မန္တလေးမှာ မီးရထားတည်ဆောက်ရေးစက်ရုံ ၂ ရုံ စသည်တို့ ပါဝင်ပါတယ်။

ဒါတွေကတော့ အဲဒီဆောင်းပါးထဲက အချက်အလက်များပါ။
——–

ကိုးကား။
http://www.bjreview.com/Current_Issue/Editor_Choice/201705/t20170513_800096104.html

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts