ဂျုနီယာဝင်း စာအုပ်စင်

အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ – ဂျူနီယာဝင်း

အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ – ဂျူနီယာဝင်း
(မိုးမခစာအုပ်စင်) ဇွန် ၇၊ ၂၀၁၇

ထုတ်ဝေသူ – ဦးလှတိုး
တိုက် – ရန်အောင်စာပေ
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး။ ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
ပထမအကြိမ် ၂၀၁၆ ဧပြီ
ဒုတိယအကြိမ် ၂၀၁၆ နိုဝင်ဘာ
အုပ်ရေ – ၁၀၀၀
တန်ဖိုး – ၃၅၀၀ကျပ်
စာမျက်နှာ ၄၁၆

ယခုစာအုပ်သည် ၂၀၁၆ခုနှစ် အတွင်း အချိန်တိုအတွင်းမှာ ဒုတိယအကြိမ် ရိုက်နှိတ်ထုတ်ဝေ လိုက်ရသော စာအုပ်တစ်အုပ်ဖြစ်သည်။ စွယ်စုံကျမ်းကဲ့သို့သော လေးလံထိုင်းမှိုင်းဖွယ် ကောင်းသည့်စာအုပ်ကို စာဖတ်ပရိသတ်က လက်ခံပေးလိုက်ခြင်းသည် ၀မ်းသာစရာဖြစ်သည်။ ၂၀၁၁ခုနှစ်ကတည်းက စာအုပ်ငယ်ကလေးများ အဖြစ်ပရိသတ်ကို မိတ်ဆက်ပေးလာတာ ဖြစ်တာကြောင့် ယခု ၂၀၁၆မှာ ထိုစာအုပ်ငယ်များစုစည်းထွက်ရှိလိုက်ခြင်းသည် စွယ်စုံကျမ်း၏ အောင်မြင်မူ တစ်ခုဖြစ်သည်။

မူရင်းစာအုပ်တွင် မပါရှိသော မြန်မာပြည်နဲ့ ပတ်သက်သည့် အကြောင်းအရာများကို ဖြည့်စွက်ပေးထားခြင်း၊ ပုဂံရာဇ၀င်ထည့်သွင်းထားခြင်း၊ ရွှေတိဂုံဘုရားသမိုင်းကို စိတ်ဝင်စားဖွယ်ဖော်ပြထားမူ၊ နာဂစ်မုန်တိုင်းအကြောင်း၊ ကမ္ဘာတလွှားစိတ်ဝင်စားနေရသည့် စူပါမွန်းအပါအ၀င် ယနေ့ခေတ်တွင် ခေတ်မှီသော အကြောင်းအရာတစ်ခုဖြစ်လာသည့် Noise Pollution အကြောင်းများသည် စွယ်စုံကျမ်းအား မြန်မာပရိသတ်များ အာရုံစိုက်မိ လာစေသည့် အကြောင်းများ ဖြစ်လိမ့်မည်။ စာဖတ်သူများအနေနှင့် နိုင်ငံတကာတွင် နှစ်စဉ်ထွက်ရှိလျက်ရှိသော Encyclopedia စာအုပ်များအား စာအုပ်ဆိုင်များတွင် အင်္ဂလိပ်လိုရေးသားထားသည်များကို တွေ့ရှိပါက ယခုမြန်မာပြန်စာအုပ်ကို အားမကိုးတော့ပဲ အပြင်စာများကိုပါ ဖတ်ရူလေ့လာကြည့်ကြဖို့ စာရေးသူက သူ့အမှာစာတွင် တိုက်တွန်းရေးသားထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts