စာအုပ်စင်

Than WIn Hlaing’s MoeMaKa Articles published in Rangoon …

သန်းဝင်းလှိုင်ရဲ့ မိုးမခနိုင်ငံရေးဆောင်းပါးများ ရန်အောင်စာပေက ထုတ်ဝေ
မိုးမခစာအုပ်စင်၊ အောက်တိုဘာ ၆၊ ၂၀၁၃

“တော်လှန်ရေးကောင်စီ ဘာကြောင့်နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့သလဲနဲ့ မိုးမခနိုင်ငံရေးဆောင်းပါးများ” လုံးချင်းစာအုပ် ရန်ကုန်မြို့၊ ရန်အောင်စာပေက ၂၀၁၃ သြဂုတ်လက စတင် ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ မိုးမခအွန်လိုင်းမှာ ပင်တိုင်စာရေးတဲ့ သန်းဝင်းလှိုင်ရဲ့ ဆောင်းပါးများထဲက (၁) တော်လှန်ရေးကောင်စီ ဘာကြောင့် အာဏာသိမ်းသလဲ အပိုင်း ၅ ပိုင်း ။ (၂) ၊ မြင်သာမြင် မကြင်ရသေးသည့် မြန်မာ့လွတ်လပ်ရေး (၃) ၆၉  နှစ်မြောက် လွတ်လပ်ရေးမှသည် ဒီမိုကရေစီပန်းတိုင်သို့ (၄) ပင်လုံဇာတ်ကြောင်း ပြန်ပြောင်းလေ့လာသော် အပိုင်း ၄ ပိုင်း၊ နှင့် ၆၆ နှစ်ပြည့် အောင်ဆန်း အက်တီလီစာချုပ် ဆောင်းပါးတို့ ပါဝင်သည်။
သန်းဝင်းလှိုင်ရဲ့ ပင်တိုင်ဆောင်းပါးများကို မိုးမခရဲ့ သည်နေရာမှာ ပြန်လည် ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

မြန်မာပြည်တွင်းက စာဖတ်သူအများစုကြီးဟာ အင်တာနက်အွန်လိုင်းနဲ့ နီးစပ်ကြသူများ မဟုတ်တဲ့အတွက် သန်းဝင်းလှိုင်ရဲ့ ဆောင်းပါးစာအုပ်ဟာ ၀ယ်ယူ စုဆောင်း အားပေးကြမယ့် စာအုပ်ဖြစ်တယ်လို့ ရန်ကုန်မြို့က စာဖတ်သူတဦးကပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts