စာစုတို

သူသူမေ (မော်ကျွန်း) ● စတစ်ကာလေးများ

သူသူမေ (မော်ကျွန်း) ● စတစ်ကာလေးများ

(မိုးမခ) ဇွန် ၄၊ ၂၀၁၇

ယခုရက်ပိုင်းတွင် စာရေးရန် ကျမမျက်စိကျနေသည်မှာ စတစ်ကာလေးများဖြစ်သည်။ ရှေးယခင်က ကျမတို့တွေကြား ပျံ့နှံ့ ခဲ့သည့် စတစ်ကာလေးများမှာတော့ ထိတွေ့ကိုင်တွယ်၍ရသည့် စတစ်ကာလေးများဖြစ်ကြသည်။ ကျမတို့အသီးသီး ထိုစ တစ်ကာလေးများအား အသုံးပြုဖြစ်ကြသည့်ရည်​ရွယ်​ချက်မှာ မိမိပိုင်ပစ္စည်းလေးများအား မှတ်သားကြသည့်အမှတ်အသားတခုအနေဖြင့်သာ ဖြစ်သည်။

ကျမတို့အတော်များများသည် အသက်အရွယ်တဖြည်းဖြည်းကြီးလာကြသော်လည်း ကျမတို့၏မသိစိတ်တွင် အရုပ်ကလေး များမြင်လျှင် ချစ်တတ်သည့်စိတ်ကလေးကတော့ ရှိတတ်ကြစမြဲဖြစ်သည်။ သို့အတွက် အမှတ်အသားတခုအနေဖြင့် ဝယ်ကြ သည်ဆိုသော်လည်း မိမိပတ်ဝန်းကျင်လုပ်ငန်းခွင်မှ အခြားသူများနှင့် ကွဲပြားပြီးလှပသည့်စတစ်ကာလေးများအား ရွေးခြယ် ကပ်ဖြစ်ကြလေသည်။ ဤသည်မှာ ကျမတို့အကြား စတင်ထိုးဖောက်ခဲ့ဖူးသော စတစ်ကာလေးများ၏ ပုံရိပ်များဖြစ်သည်။

ဒီကနေ့ခေတ်တွင်တော့ စတစ်ကာလေးများ၏အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရပါသည်။ ကျမတို့ လူမှု ကွန်ယက် ဆိုရှယ်မီဒီယာများ၊ အင်တာနက်များစတင်သုံးစွဲရာကြရာက အသားကျလာပြီးဖြစ်ရာ ဗိုက်ဗာ (viber) လူမှုကွန် ယက်ကို ပထမဆုံး စတင်ဖွင့်လိုက်စဉ်အတွေ့အကြုံလေးမှာ ဤကဲ့သို့ စတစ်ကာရုပ်ကလေးများရှိကြောင်း၊ အရုပ်လေးများကို ဆက်သွယ်ကြသူချင်း အပြန်အလှန်ပို့၍ရကြောင်းသိရှိရသည့်အခါ ပျော်ရွှင်ကြည်နူးသွားရပါသည်။ ကျမ၏မိတ်ဆွေများဆို လျှင် စတစ်ကာရုပ်များကို အပြိုင်​အဆိုင်​ဒေါင်းလုတ်ဆွဲကြပြီး အရုပ်လှလှလေးရ၍ ပျော်နေကြပါသည်။ အရုပ်အသစ်များ ရှိကြောင်း အပြန်အလှန်ပို့ပြီးပြကြသဖြင့် အရုပ်များအား ကြော်စားကြဟု အချင်းချင်းနောက်ပြောင်ဖြစ်ကြသည် အထိဖြစ် သည်။ ကျမတို့သည် ထိုစဉ်က အရုပ်တရုပ်စီတွင်ပါသည့် အဓိပ္ပါယ်​ကို သတိထားကြည့်ဖြစ်သည်ကနောက်၊ အရုပ်များရရှိ ရေးက အရင်ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင်တော့ စတစ်ကာရုပ် ကလေးများ၏အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာပါသည်။

ဖေ့ဘုတ်လူမှုကွန်ယက်တွင် ကျမတို့အချင်းချင်း စတစ်ကာရုပ်များကို အဓိပ္ပာယ်​သိစွာနှင့် အသုံးပြုလာဖြစ်ကြသည်။ စတစ် ကာရုပ်လေးများမှာလည်း ငိုချင်လျှင် ငိုသည့်ပုံ၊ ပျင်းလျှင်လည်းပျင်းသည့်ပုံ၊ စသည့် စိတ်ခံစားမှုမျိုးစုံအား အရုပ်ကလေး များတွင် ပီပြင်စွာ ဖော်ပြထားပါသည်။ ကျမတို့အချင်းချင်း ထိုအရုပ်ကလေးများအကူအညီဖြင့် ကျမတို့၏ ရင်တွင်းခံစား ချက်ကို ပုံဖော်ဖြစ်ကြသည်။ တယောက်ကို တယောက် မှတ်ချက်ပေးသည့်အခါတွင်လည်း အသုံးပြုရအဆင်ပြေလှသည်။ မအားလပ်သည့်အခါများတွင်ဖြစ်စေ၊ အလွယ်သုံးလိုသည့်အခါတွင်ဖြစ်စေ၊ စကားပြောသည့်အခါ ပေါ့စေလိုလျှင်ဖြစ်စေ၊ လေးနက်စေလိုလျှင် ဖြစ်စေ စသဖြင့် အမျိုးမျိုးအသုံးပြု၍ရသလို လူအများသည်လည်း ပို၍ပို၍တွင်ကျယ်စွာ အသုံးပြုတတ် လာကြပြီဖြစ်သည်။ တဦးနှင့်တဦးကြား စကားလုံးဖြင့်ဖော်ပြရန် အကဲပိုသည်ထင်ရသောအရာများဖြစ်လျှင် စတစ်ကာရုပ် ကလေးများသည် သံတမန်အဆင့်မျှထိ တာသွားကြပါသည်။

တခါကဆိုလျှင်ဖြင့် အွန်လိုင်းပေါ်မှာ ကဗျာရေးစာရေးကောင်းသူ စာရေးသူတယောက်သည် သူ၏ကဗျာများတွင် စတစ်ကာ ပုံများဖြင့် မှတ်ချက်ပေးလျှင် မကြိုက်သည့်ပုံရပါသည်။ သူသည်လည်း အခြားသူကို စတစ်ကာရုပ်များဖြင့် ပြီးစလွယ် မှတ်ချက်မပေးကြောင်း သူ့အား စတစ်ကာရုပ်များဖြင့် ပြီးစလွယ် မှတ်ချက်ပေးလျှင်လည်း စိတ်ဆိုးကြောင်း ပိုစ့်တင်ဖူးပါ သည်။ သူ၏အမြင်တွင် သူ့မှာတော့ ရင်နှင့်ခံစား၍ ရေးရသည်။ သူ့ကိုတော့ ပြီးစလွယ်အရုပ်များ မှတ်ချက်ပေးသည်ဟုထင်မြင် ပုံရပါသည်။ ထိုစဉ်က ကျမသည် သူ၏ စာဖတ်ပရိသတ်တဦးလည်းဖြစ် သူ၏ကဗျာရေးပုံအား လေးစားနေသူတဦးလည်းဖြစ် ပါသည်။ သူ့ကဗျာများတင်လျှင် အကုန်မဖတ်ဖြစ်တောင် ၃ ပုံ ၂ ပုံခန့် ဖတ်ဖြစ်ပါသည်။ ကြိုက်နှစ်သက်လွန်း၍ တခါ တခါ စာသားနှင့် မှတ်ချက်ပေးသည်။

ကဗျာများမှာကောင်းလွန်း၍ (ကျွန်​မအမြင်) သူ့အားမှတ်ချက်ပေးရန် လွန်စွာမှ စဉ်းစားရပါသည်။ တခါတရံများတွင် မှတ် ချက်ပေးရန် စကားလုံးဖြင့်မဖော်ပြတတ်တော့သဖြင့် စတစ်ကာရုပ်ကလေးများဖြင့်ပေးရပါသည်။ ထိုသို့ သူ့အား မှတ်ချက်ပေး လျှင်လည်း ကျမသည် ကိုယ့်တွင်ရှိသည့်အရုပ်များနှင့် ပြီးစလွယ်မပေးခဲ့ဘဲ စိတ်ခံစားချက်နှင့် လိုက်ဖက်မည်ထင်သည့် ကောင်းနိုးရာရာ စတစ်ကာလေးများအား ချက်ချင်းဒေါင်းလုတ်ယူ၍ မှတ်ချက်ပေးခဲ့ဖူးပါသည်။ စတစ်ကာရုပ်ကလေးများဖြင့်မှတ်ချက်ပေးတိုင်း ပြီးစလွယ်ဟု ပြော၍မရပါ။ ရှိနှင့်ပြီးသားစတစ်ကာရုပ်ကလေးများနှင့် မှတ်ချက်ပေးသည်ဆိုဦးတော့ ပြီးစ လွယ်ဟုပြော၍မရကြောင်း ကျွန်​မကိုယ်တိုင်နှင့် ယှဉ်၍ထင်မြင်မိပါသည်။

ကျွန်​မမှာ ယခုချိန်ထိလည်းမည်သူ၏ ကဗျာကိုမဆို၊ မည်သူ၏ပိုစ့်ကို မဆိုစိတ်ရင်းဖြင့်မှတ်ချက်ပေးရန် အရုပ်လေးများအား တကူးတက ဆွဲ၍ပေးလေ့ရှိပါသည်။ ကျွန်​မ၏ပိုစ့်အောက်မှ မှတ်ချက်စတစ်ကာလေးများအားလည်း တန်ဖိုးထားပါသည်။  ကျွန်​မတွင် ရှိပြီးသား စတစ်ကာလေးများသည်လည်း ကျွန်​မစိတ်ရင်း၏တမန်တော်များသာဖြစ်ပါသည်။ စတစ်ကာရုပ်က လေးများ၏ဟန်ဆောင်မှုကင်းသည့် မျက်နှာလေးများနှင့် ချစ်စဖွယ် အမူအရာလေးများမှာ  ကြိုက်နှစ်သက်စရာ​​ကောင်း​လှပါသည်။ ကျွန်​မသည် ဟန်ဆောင်ခြင်းအား ရူးသွပ်စွာ မုန်းတီးတတ်​သူပီပီ ဟန်ဆောင်မှုကင်းသည့်ပတ်ဝန်းကျင်တွင်သာ နေလိုလှသဖြင့် ဟန်ဆောင်ရမည်ဟုမြင်သည့် ပတ်ဝန်းကျင်ဆိုလျှင်လည်း မနေ၊ တနည်းနည်းဖြင့် ရှောင်ခွာထွက်ပြေး တတ်ပါသည်။ ကျွန်​မမှာ  ယခုအခါတွင်တော့ ဟန်ဆောင်မှုကင်းစင်နယ်မြေတွင် စတည်းချနေပြီဖြစ်​သည်​။

ကျွန်​မ စာသင်ခန်းအတွင်းဝင်လိုက်သည်နှင့် ကလေးများ၏ ဖြူစင်မှုအဟုန်သည် ကျွန်​မ၏စိတ်အစဉ်ကို လွမ်းခြုံသွား သကဲ့ သို့ခံစားမိပါသည်။ ပကတိဖြူစင်ခြင်း၏အရိပ်တွင် ကျွန်​မနှစ်သက်သည့် အငို အရယ်ပုံမျိုးစုံနှင့် စတစ်ကာလေးများကို ကြည့် နေရသကဲ့သို့ ပီတိဖြစ်နေပါတော့သည်။

စတစ်ကာလေးများသည် ကျွန်မ​စိတ်ရင်း၏အမှတ်အသားပုံရိပ်ဖြစ်သလို ကျွန်​မ၏ ကျောင်းသားကလေးများသည်လည်း ကျွန်မ​၏တုံ့ပြန်မျှော်လင့်ခြင်းနထ္ထိ ဖြူစင်သည့်စေတနာ မေတ္တာအမှတ်အသားလေးများဖြစ်သည်။ စတစ်ကာလေးများသည် တစုံတခုသောအကြောင်း၏ အမှတ်အသားဖြစ်သလို၊ ကျွန်​မတို့၏ကျောင်းသားလေးများသည်လည်း ကျွန်​မတို့ကျောင်း၏ စတစ်ကာလေးများ၊ ကျွန်မ​တို့တိုင်းပြည်၏စတစ်ကာလေးများဖြစ်ကြသည်ဟုပင် မြင်မိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts