ခင်လွန်း လူများ၊ ရုပ်ပုံလွှာများ

ခင်လွန်း – မောင်အောင်ပွင့် ဘ၀ပုံရိပ်မှတ်တမ်း ရုပ်ရှင်

http://www.qtheatre.co.nz/burma-storybook

ခင်လွန်း – မောင်အောင်ပွင့် ဘ၀ပုံရိပ်မှတ်တမ်း ရုပ်ရှင် 
(မိုးမခ) မေ ၂၇၊ ၂၀၁၇

စာဖတ်သူများခင်ဗျာ …

အခုအောက်မှာဖော်ပြမယ့် ဆရာမောင်အောင်ပွင့်ဘဝပုံရိပ် မှတ်တမ်းရုပ်ရှင်ကားဟာ ကျနော်နေထိုင်ရာ နယူးဇီလန်နိုင်ငံ အော်ကလန်မြို့မှာ ပြသနေတဲ့အတွက် အဲဒီ့မြို့နဲ့ မြို့ပတ်ဝန်းကျင်က မြန်မာနိုင်ငံသားများ မသိရမရှိအောင် အသိပေးနှိုးဆော်ထားတဲ့ ကျနော့်ဖေ့စ်ဘွတ်ပေါ်က စတေးတပ်ဖြစ်ပါတယ်။

ယခု မိုးမခမှာဖော်ပြလိုက်ရတာက မြန်မာပြည်အပါအဝင် ကမ္ဘာာပေါ်က ဘယ်နေရာ ဘယ်ဒေသမှာမဆို ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကိုလည်း သိစေချင်တဲ့အတွက် ဖြော်ပလိုက်ခြင်းဖြစ်ပါကြောင်း။

နောက်ဆက်တွဲအဖြစ် ထိုမှတ်တမ်းရုပ်ရှင်ကို သုံးသပ်ဖော်ပြထားတဲ့ နိုင်ငံခြားအွန်လိုင်းဂျာနယ်တခုပေါ်က ဆောင်းပါးတပုဒ်ကိုလည်း ဘာသာပြန်ဆရာ ကျော်အုန်းမြင့်ရဲ့လက်ရာနဲ့ ဖော်ပြပေးထားပါတယ်။ ဒီဘာသာပြန်ပြန်ဆိုချက်က မြန်မာပြည်မှာထုတ်ဝေတဲ့ နေရာတကာဂျာနယ်မှာရေးသားခဲ့တာဖြစ်ကြောင်း ခင်ဗျား။

(စာရေးသူ)

……..

“အောက္ကလန်ဝန်းကျင်က မြန်မာကီဝီများရဲ့အခွင့်အလမ်းကောင်းတခု”
(အရေးတော်ပုံတပ်သားကြီးများကို ဂုဏ်ပြုသွားကြည့်အပ်တဲ့ မှတ်တမ်းရုပ်ရှင်တကား)

……….

နယူးဇီလန် အော်ကလန်မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုများ (အထူးသဖြင့် ၈ လေးလုံး အရေးတော်ပုံ တပ်သားကြီးများအတွက်) အခွင့်အလမ်းကောင်းတခု မလွဲချော်စေချင်လို့ ဒါလေး လက်တို့ပြောပြလိုက်ပါတယ်။

နယူးဇီလန် အောက္ကလန်မြို့ Queen Street က Q Theatre မှာ မြန်မာပြည်ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် အကြွင်းမဲ့ချုပ်ငြိမ်းရေးတို့အတွက် ကလောင်ကိုင်ပြီး ခေတ်အဆက်ဆက်လှုပ်ရှားတောင်းဆိုခဲ့မှုကြောင့် ထောင်အကြိမ်ကြိမ်ကျခံနေရလင့်ကစား ဘဝတခုလုံးပေးဆပ်နေတဲ့ မြန်မာ ကဗျာဆရာကြီးတဦးရဲ့ ဘဝကောက်ကြောင်းကို ချက်နိုင်ငံဇာတိသား ဒါရိုက်တာ ပီတာလွမ်းနှင့် ဒတ်ခ်ျလူမျိုး ထုတ်လုပ်သူ ကော်ရင်ဗွန် ဧဂရာ့တို့နှစ်ဦး၏ ပူးတွဲသရုပ်ဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကား၊ Burma Storybook (မြန်မာပုံပြင် စာအုပ်) ကို မေလ ၂၆ ရက်နေ့ ညနေခင်းနဲ့ မေ ၂၈ နေ့ ၁၂ နာရီတို့မှာ ပြသ တင်ဆက်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကဗျာဆရာအဖြစ် မြန်မာစာပေကဗျာလောကတခုလုံးက လေးစားချစ်ခင်ရတဲ့ ဆရာမောင်အောင်ပွင့်ဟာ သူ့ဘဝတလျှောက်လုံး သူလိုလားတမ်းတနေတဲ့ တိုင်ပြည်ငြိမ်းချမ်းရေး ပြည်တွင်းစစ် လုံးဝဥဿုံချုပ်ငြိမ်းရေးအတွက် ကဗျာများ စပ်ဆိုရေးသားခဲ့တဲ့အတွက် ၁၉၆၇/၆၈ – ပုသိမ်ထောင် ၊ ၁၉၇၈/၈၀ – အင်းစိန်ထောင် ၊ ၁၉၉၇ – တံတားဦးအချုပ် ၊ ၁၉၉၉/၂၀၀၅ – အင်းစိန်/သာယာဝတီထောင်တို့မှာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရတဲ့ ကဗျာဆရာတယောက်ဖြစ်ပါတယ်။

သူရဲ့ ပေးဆပ်အနစ်နာခံမှုတို့အတွက် ၂၀၀၂ ခုနှစ်မှာ အမေရိကန်နိုင်ငံ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ Hellman/Hammett Grant for writers ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှတော့ CPJ လို့ခေါ်တဲ့ – နိုင်ငံတကာသတင်းသမားများကာကွယ်စောင့်ရှောက်မှု ကော်မီတီမှ နိုင်ငံတကာစာနယ်ဇင်း လွတ်လပ်ခွင့်ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ယခုအော်ကလန်မှာပြသနေတဲ့ ဆရာမောင်အောင်ပွင့်ရဲ့ ဘဝမှတ်တမ်းရုပ်ရှင်ကို ဥရောပတခွင်မှာ လှည့်လည်ပြသနေပြီး ဂျပန်၊ စင်ကာပူ စတဲ့ အာရှနိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စု မြို့ကြီးတွေများမှာလည်း ပြသသွားမယ်လို့သိရပါတယ်။

လတ်တလောမှာတော့ ၈ လေးလုံးအရေးတော်ပုံအတွင်း ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့သူများ အများစုရှိရာလည်းဖြစ် ထိုနေ့အမှတ်တရအောက်မေ့ပွဲများ တက်ကြွစွာကျင်းပပြုလုပ်လေ့လည်းရှိ၊ မြန်မာ့ဒီမိုကရေစီရေး အာသီသပြင်းပြခဲ့သူ အများစုကြီးလည်းနေထိုင်တဲ့ အောက်ကလန်မြို့မှာ ဒိမှတ်တမ်းရုပ်ရှင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိပြသနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုရခဲတဲ့ အခွင့်အလမ်းတခုကို မလွဲချော်သွားစေလိုတဲ့စိတ်နဲ့ အခုလို အသိပေးလိုက်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားမှာ မြန်မာပြည်က ကမ္ဘာသိ တိုက်ပွဲဝင်ကဗျာဆရာ တယောက်ရဲ့ ဘဝပုံရိပ်ကောက်ကြောင်းတွေနဲ့ ယနေ့မြန်မာပြည်ရဲ့ ပုံရိပ်တွေကို အောက်မေ့သတိရဖွယ်၊ ရှုခင်းမြင်ကွင်းများနဲ့ဖော်ကျူးထားပြီး ဒီ မှတ်တမ်းရုပ်ရှင်ကို လူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့အဖွင့်ကားအဖြစ် ပြသဖို့ ရွေးချယ်ထားတယ်ဆိုတာလည်း သိထားရပါတယ်။

တကယ်လို့များ စိတ်ဝင်စားလို့အချိန်ပေးနိုင်ရင် ဆရာမောင်အောင်ပွင့်ရဲ့ စိတ်နှလုံးသားကို လေးစားသမှုပြုနိုင်ဖို့နဲ့ မိတ်ဆွေတို့ကျနော်တို့ရဲ့အမိမြေပုံရိပ်လေး တချို့ကိုအလွမ်းပြေရအောင် ဒီနေရာလေး ဝင်ကြည့်လှည့်ပါလား

http://www.qtheatre.co.nz/burma-storybook

သူ့အကြောင်းသိချင်ရင် အမေရိကန်ပြည်ထောင်စု စာပေဝက်ဘ်ဆိုဒ် တခုက သိုးဆောင်းလို ရေးထားတာလေးကို ဖတ်ကြည့်ပါလား
http://www.sampsoniaway.org/fearless-ink/khet-mar/2012/05/30/maung-aung-pwint-peoples-poet/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts