ဒေါက်တာခင်မောင်ဝင်း (သချာင်္) လောကဓာတ်ခန်း

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၃

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်​ပျူတာအတွက်​ အင်္ဂလိပ်​စာ – ၃
(မိုးမခ) မေ ၂၇၊ ၂၀၁၇

English for Computers (3)
INTEGRATED CIRCUIT

An integrated circuit is a complete circuit in miniature : just a few millimeters square . It is also called silicon chip.It controls everything in calculators,computers and electronic games. It moves characters around the screen, keep a record of the score,beep when we win or lose. These circuits are controlled by keyboards or by joysticks.Integrated or all-in-one circuits carry out all the tasks performed by the circuits made made from separate electronic components. Integrated circuits have made electronic equipment cheaper,more efficient and smaller.

What is circuit board ?

Most simple devices have one main chip or integrated circuit and a few other components. But the computer is a more complex machine. It has many chips mounted on a printed circuit board . It is called a circuit board.The board has the connections between the chips and other components.These connections are integrated circuits printed on copper.

ဘက်​စုံ​ပေါင်းစည်းထား​သော ဆားကစ်

ဘက်​စုံ​ပေါင်းစည်းထား​သော ဆားကစ် ​သို့မဟုတ်​ လျှပ်​စစ်​ကွမ်​ယက်​သည် ​ပြည့်​စုံ​သောဆားကစ်​အငယ်​စား ဖြစ်​သည်။ ၄င်းသည်​ အရွယ်​အားဖြင့်​ မီလီမီတာ အနည်းငယ်​မျှသာ ရှိသည်​။ ဤတွင် ​ပြည့်​စုံ​သော ဟူသည်​မှာ မီးထွန်းခြင်း အစရှိ​သော လျှပ်​စစ်​နှင့်​လုပ်​​သော အလုပ်​များကိုလုပ်​နိုင် ​ဟုဆိုလိုသည်​။ ၄င်းကို စီလီကွန်​အပိုင်းအစဟုလည်း ​ခေါ်သည်​။ ၄င်းသည် ​ဂဏန်းတွက်​စက်​များ ကွန်​ပျူတာများနှင့်​ အီလက်​ထ​ရောနစ်​ဂိမ်းများထဲတွင်​ အရာရာကို ထိန်းချုပ်​နိုင်​စွမ်းရှိသည်​။

၎င်းသည် ​ဖန်​သား​ပေါ်​တွင် ​စာများဂဏန်းများ အမှတ်​အသားများကို ​ရွှေ့​ပေးသည်​။ အရာရာကို မှတ်​တမ်းတင်​​ပေးသည်​။ နိုင်​သည့်​အခါ သို့မဟုတ် ​ရှုံးသည့်​အခါနှင့်​ အ​ကြောင်းတစ်​ခုခု ရှိသည့်​အခါ အသံဖြင့်​ အချက်​​ပေးသည်​။ လျှပ်​စစ်​လမ်း​ကြောင်းများကို ထိမ်းချုပ်​​ပေး​သောအရာများမှာ ခလုပ်​ခုံနှင့်​ ဂျွိုင်းစတစ်​ ​ခေါ် ဒုတ်​​ချောင်း​လေးဖြစ်​သည်​။

အရာရာကို ​ပေါင်းစည်းထား​သောတစ်​ခုထဲတွင်​ အားလုံးပါဝင်​​သော ဆားကစ်​များသည် ​သီခြားဆားကစ်​များက လုပ်​​သောအလုပ်​များကို လုပ်​နိုင်​စွမ်းရှိသည်​။ ဤကဲ့သို့ အီလက်​ထ​ရောနစ်​ဆိုင်​ရာ သီးခြားအပိုင်းများက လုပ်​​သောလုပ်​ငန်းများကို တစ်​​နေရာထဲတွင်​စု​ပေါင်း၍ လုပ်​နိုင်​​သော​ကြောင့်​ အီလက်​ထ​ရောနစ်​စက်​ကရိယာများသည်​ ပို၍ ​ဈေးသက်​သာလာသည်​။ အလုပ်​လုပ်​ရာတွင် ​တိကျ​သေသပ် လာသည်​ ​သေးငယ်​လာသည်​။

ဆားကစ်​ကားချပ်​ဟူသည်​အဘယ်​နည်း
ရိုးသား ရှင်းလင်း​သော စက်​ကရိယာများတွင်​ အဓိကအပိုင်းအစ သို့မဟုတ် ချစ်​တစ်​ခုနှင့်​ အခြားအပိုင်းများ
ရှိသည်​။ အဓိကမှာ ဘက်​စုံ​ပေါင်းစည်းထား​သော ဆားကစ်​ဖြစ်​သည်​။ ကွန်​ပျူတာသည် ​ဒါထက်​ရှုပ်​​ထွေး​သောစက်​ဖြစ်​သည်​။ ၄င်းတွင် ​ပုံနှိပ်​ထား​သော ဆားကစ်​ကားချပ်​​ပေါ်တွင် အပိုင်းအစ​လေးများစွာကို တင်​ထားသည်​။ ထိုကားချပ်​တွင်​ အပိုင်းအစချစ်​များနှင့်​ အခြားအစိတ်​အပိုင်းများကို ဆက်​သွယ်​ထားသည်​။ ယင်း ဆက်​ထား​သောအရာများမှာ ဘက်​စုံ​ပေါင်းစည်းထား​သော ဆားကစ်​များဖြစ်​သည်​။  ယင်းဆားကစ်​များကို ​ကြေးနီပြား​ပေါ်တွင် ​ပုံနှိပ်ထားသည်​။

Language NotesIntegrate (v) ဘက်​စုံ ​ပေါင်းစည်းသည်
Circuit (N) လျှပ်​စစ်​ကွမ်​ယက်
Complete (adj) ပြည့်​စုံ​သော
Miniature (N) အ​သေးစား
Millimeter – mm – မီလီမီတာ။ တစ်​လက်​မတွင်​၂၅ မီလီမီတာရှိသည်​။
Chip (N) အပိုင်းအစ
Calculate (v) တွက်​ချက်​သည်
Calculator (N) ဂဏန်းတွက်​စက်
Character (N) စာသ​င်္ကေတ၊ ဂဏန်း
Record (v, N) မှတ်​တမ်းတင်​သည်​။ မှတ်​တမ်း။
Score (N) အမှတ်​၊ အမှတ်​အသား
beepv (N) တတီတီမြည်​သည်​။ တီတီမြည်​သံ
Joystick (N) ဒုတ်​​ချောင်း
All-in-one (N) တစ်​ခုထဲတွင်​အားလုံးပါ​သော အရာ
Board (N) ကားချပ်
separate (adj) သီးခြား
efficient (adj) တိကျ​သေချာသော
Cheap (adj) ​ဈေးသက်​သာ​သော
Main (adj) အဓိကကျ​သော
Mount (v) တင်​ထားသည်
Print (v, N) ပုံနှိပ်​သည်​။ ပုံနှိပ်​​သောအရာ
Connect (v) ဆက်​သွယ်​သည်
Connection (N) အဆက်​အသွယ်
Copper (N) – ​ကြေးနီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts