ကဗျာ

ကိုသစ် (သီတဂူ) ● အရင်လိုဘဝမျိုး ပြန်ရချင်သေးတယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကိုသစ် (သီတဂူ) ● အရင်လိုဘဝမျိုး ပြန်ရချင်သေးတယ်
(မိုးမခ) မေ ၂၆၊ ၂၀၁၇

အပြောကျယ်ဝန်းလှတဲ့ ဒီကောင်းကင်ကြီးထဲ
ကောသမ္ဘီမြို့သားတွေကွဲသလို
ငါတို့တွေ ကွဲခဲ့ကြ
အရင်လိုဘဝမျိုး ပြန်ရချင်သေးတယ်။

အစိမ်းအကျက်မရွေး
အဖေ့ရဲ့ဆိုဆုံးမမှုတခုတည်းအောက်မှာ
လက်ရည်တပြင်တည်း ကြီးပြင်းခဲ့ရ
အရင်လိုဘဝမျိုး ပြန်ရချင်သေးတယ်။

ချစ်ခြင်းမုန်းခြင်းအစွန်းနှစ်ဘက်မှာ
ငါတို့တွေ လူကောင်ထွားခဲ့ကြပြီးပြီ
ရလဒ်က ဘာလဲ၊
အမြင်မတူလို့ အတူမမြင်နိုင်ကြတဲ့ ခဏလေးတွေရဲ့နောက်မှာ
အရင်လိုဘဝမျိုး ပြန်ရချင်သေးတယ်။

ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
အဖြူးအမည်းတွေခွဲလို့
ငါတို့ပဲ ကိုယ့်ကိုယ်ကိုယ် အပွန်းခံပြီး ခြစ်ခဲ့ကြတာမဟုတ်လား
အမေတွေပြုံးဖို့ အမုန်းတွေ ပြေကြစို့
ငါတို့အရင်လိုဘဝမျိုး ပြန်ရချင်သေးတယ်။

လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ ယုံပါ
ငါ့တရား ငါစီရင်တယ်ဆိုတာတောင်
ငါကြိုက်နေရုံနဲ့ မပြီးတော့တဲ့ခေတ်မှာ
ငါတို့အားလုံးက လှေကြီးထိုးရိုးရိုး
နည်းလမ်းအသစ်တွေ ရှာဖို့လိုဦးမှာပေါ့။

အမြဲတမ်းစီးဆင်းနေတဲ့ မြစ်ကြီးတစင်းထဲ
ကိုယ်တို့အားလုံးဟာ တလှေတည်းစီး
တခရီးတည်းသွားနေကြတဲ့ မိသားစုတွေဖြစ်တယ်။
ကိုယ့်ဝန်ကိုယ်ထမ်းရင်း
အလိုမတူသူတွေ မျက်မုန်းကျိုးခဲ့ရတဲ့ ညနေခင်းထဲ
အရင်လိုဘဝမျိုးလေး ပြန်ရချင်သေးတယ်။

ကိုသစ် (သီတဂူ)
မေ ၁၄၊ ၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts