ကဗျာ

နိုင်မြန်မာ ● ရွှေပြည်တော်မျှော်တိုင်းဝေး

နိုင်မြန်မာ ● ရွှေပြည်တော်မျှော်တိုင်းဝေး

(မိုးမခ) မေ ၁၄၊ ၂၀၁၇

“နေရစ်ဦး’နေရစ်ဦး ” နဲ့
ခုထိလည်း”ပေ”ဖြစ်တုန်းပါပဲ

“စောင့်ပါဦး” ”စောင့်ပါဦး” နဲ့
တစ်ထောင့်တစ်ညလုံးပါပဲ

အနှီလူ”ဗလောင်းဗလဲ”တွေကြောင့်
ပြည်သူတွေမပြောင်းလဲပုံက
ခုထိလည်း’ မြောင်း”ထဲကျနေတုန်း

လူတစုကတော့ ထင်တိုင်းကျဲလို့
လူထုကတော့ အရင်အတိုင်းပဲဗျို့။ ။

နိုင်မြန်မာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts