ဒေါက်တာခင်မောင်ဝင်း (သချာင်္) လောကဓာတ်ခန်း

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၃)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၃)

Data Sufficiency Question (3)

(မိုးမခ) မေ ၅၊ ၂၀၁၇

နမူနာ​မေးခွန်း နှင့်​ အ​ဖြေ
အသီးစိုက်​ပျိုးသောသူတစ်​​ယောက်​သည်​ လိမ္မော်​သီးခြင်း တစ်​ခြင်းကို ၁၅ ​ဒေါ်လာဖြင့်​​ရောင်းသည်​။ စပျစ်​သီး တစ်​ခြင်းကို ၁၈ ​ဒေါ်လာဖြင့်​​ရောင်းသည်​။ လိမ္မော်သီး ဘယ်​နှခြင်း ​ရောင်းရသနည်း။

အဆို ၁ ။ ​ရောင်းရ​သော လိမ္မော်သီးခြင်းအ​ရေအတွက်​သည်​ စပျစ်​သီးခြင်းအ​ရေအတွက်​၏​ နှစ်​ဆထက်​ ၂၀ ပို သည်​။

အဆို ၂ ။ လိမ္မော်​သီးခြင်း နှင့်​ စပျစ်​သီးခြင်း ​ရောင်းရ​ငွေ နှစ်​ခု​ပေါင်းသည်​ ၃၈၇၀၀ ​ဒေါ်လာဖြစ်​ သည်​။

စဉ်းစားနည်း နှင့်​ အ​ဖြေ။

ကနဦးရရှိချက်​များ

လိ​မ္မော်​သီး တစ်​ခြင်း​ရောင်းရ​သော​ငွေ ၁၅ ​ဒေါ်လာ။
စပျစ်​သီး တစ်​ခြင်း​ရောင်းရ​သော​ငွေ ၁၈ ​ဒေါ်လာ။
လိမ္မော်​သီး ဘယ်နှခြင်း ​ရောင်းရသနည်းဟု ​မေးသည်​။

 အဆို ၁ ကို စဉ်းစား မည်​။
လိမ္မော်​သီးခြင်း အ​ရေအတွက်​ x ထားပါ။
စပျစ်​သီးခြင်း အ​ရေအတွက်​ y ထားပါ ။
ထိုအခါ အဆို ၁ အရ x = 2y + 20
ညီမျှခြင်းတစ်​ခု မသိကိန်း ​နှစ်​ခုဖြစ်​၍ x ကိုရှာ၍ မရပါ။
အဆို ၁ တစ်​ခုတည်းဖြင့်​ x ကိုရှာ၍ မရပါ။

ယခု အဆို ၂ ကို စဉ်းစားမည်​။ အဆို ၁ ကို ​မေ့ထားပါ။ 
လိ​​မ္မော်​သီး နှင့်​ စပျစ်​သီးခြင်း နှစ်​ခု​ပေါင်း ​ရောင်းရ​သော ​ငွေ $ 38700
ထိုအခါ လိ​မ္မော်​သီး နှင့်​ စပျစ်​သီး ​ရောင်းရ​သော​ငွေ 15x + 18y = 38700 ရသည်​။
အဆို ၂ တစ်​ခုတည်းဖြင့်​လည်း ညီမျှခြင်း တစ်​ခုတည်းနှင့်​ မသိကိန်း နှစ်​ခုဖြစ်​ ၍ x  ကိုရှာ မရပါ။

ယခု အဆို ၁ နှင့်​ ၂ နှစ်​ခု​ပေါင်း ၍ ကြည့်​မည်​။
အဆို ၁ အရ x = 2y + 20
အဆို ၂ အရ 15x + 18y = 38700 
ထိုညီမျှခြင်း နှစ်​ခုကို ရှင်းလျှင်​ x နှင့်​ y ရမည်​။
ထို​ကြောင့်​ အဆို ၁ နှင့်​ ၂ နှစ်​ခု ​ပေါင်းတော့မှ အ​ဖြေကိုရမည်​။ အဆို ၁ သို့မဟုတ်​ အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကိုရရန်​ မလုံ​လောက်​ပါ။ အဆို ၁ နှ င့်​ ၂ ​ပေါင်း​တော့မှ အ​ဖြေကို ရမည်​။
ထို့​ကြောင့်​ အ​ဖြေသည်​ C ဖြစ်​သည်​။

 ( C ။ အဆို ၁ နှင့်​ အဆို ၂ နှစ်​ခု​ပေါင်းတော့မှ အ​ဖြေကိုပေးဖို့
လုံလောက်​သည်​။ သို့​သော်​ အဆို ၁ သို့မဟုတ်​ အ ဆို ၂ တစ်​ခုခုဖြင့်
အ​ဖြေကို ​ပေးရန်​ မလုံ​လောက်​ပါ။)

Reference : The Official Guide for GMAT Review 2015.
Data Sufficiency


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts