ဓာတ်ပုံသတင်း

သွန်းခ- မြန်မာကျိုခ့်ရှင်း အာစရိယပူဇော်နှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်

သွန်းခ- မြန်မာကျိုခ့်ရှင်း အာစရိယပူဇော်နှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်
(မိုးမခ) မေ ၄၊ ၂ဝ၁၇

(၄၄)နှစ်မြောက် အာစရိယပူဇော်ပွဲနှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ၈ကြိမ်မြောက် အိုင်ကေအိုမာဆုရှိမား ဆုပေးဖလား မြန်မာနိုင်ငံကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲကြီးအား မေလ ၁ ရက်နေ့၊ နံနက် ၉နာရီတွင် အမှတ် (၆ဝ၁)၊ ပြည်လမ်း၊ ယုဒဿန်ခန်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားဖွင့်လှစ်ပြီး ဝါရင့် ကရာတေးဆရာကြီးဦးမောင်မောင်မြင့် မှ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကရာတေးဆရာကြီး ဦးမောင်မောင်မြင့်နှင့် ဆရာကြီး ဦးစိုးတင့်တို့အား ကရာတေးပညာသင်တပည့် များမှ ကန်တော့ခံပစ္စည်းများဖြင့်ပေးအပ် ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ ကရာတေးအခြေခံလှုပ်ရှားမှုများနှင့် ကရာတေးပညာရပ်များကို မျိုးဆက်သစ်လေးများ၊ သင်တန်း သား၊ သင်တန်းသူများ၊ သင်တန်းမှူးများ၊ နည်းပြဆရာများမှ တင်ဆက်ပြသခဲ့ကြသည်။

Tameshi Wari(ခေါ်) Breaking စွမ်းရည်ပြသသည့် ရေခဲတုံးများအားပိုင်းခွဲပြသခြင်း၊ ဂျပန်ရိုးရာကရာတေး လက်နက်ဖြစ်သည့် Tonfa ၏ Kata နှင့် အသုံးချခြင်း၊ ဓား သင်တန်းကျောင်းမှလည်း Iaido ဓားပညာ ပြသခြင်း၊ Tameshi Wari (ခေါ်) Breaking စွမ်းရည်ဖြင့် အုတ်ကြွပ်များ ပိုင်းခွဲပြသခြင်းများဖြင့်လည်း တင်ဆက်ခဲ့ကြသည်။

တစ်ဦးချင်းစီ၏ ကရာတေးစွမ်းရည်များအား သတ်မှတ်ကီလိုဝိတ်တန်းများအလိုက်ခွဲ၍ ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ်ကလေးများအား ဆုချီးမြှင့်ခြင်း၊ နှစ်ပေါင်း (၄ဝ) ကျော် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် သင်တန်းမှူးများ၊ နည်းပြဆရာများအား ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်ခြင်း၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်းများ ပြုလုပ်၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

 မြန်မာကျိုခ့်ရှင်း ကရာတေးသင်တန်းအား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် ၇း၃၀ မှ ၉း၃၀ အထိ လည်းကောင်း၊ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင်ညနေ ၅နာရီမှ ၆း၃၀အထိ လည်းကောင်း အမှတ် ၆ဝ၁၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts