Ni July ကဗျာ

နီဇူလိုင် – “အို..လွမ်းဖွယ်”

 

နီဇူလိုင် – “အို..လွမ်းဖွယ်”

(မိုးမခ) မေ ၁၊ ၂၀၁၇
“… ငါက ဗိုလ်အောင်ဒင်
နင်က.. ဒါကို မမြင် …”တကယ်တော့ …
မိချောဟာ
ဗိုလ်အောင်ဒင်ကို ဗိုလ်အောင်ဒင်လို မမြင်ခဲ့ရာက
ဒီဇာတ်လမ်းဟာ စခဲ့တာ။

“… မိချောရေ
… မိချောရေ
… မုန့်လုံး …”

ခုတော့
မိချောခမျာ
မုန့်လုံးစက္ကူ ကပ်လို့။

ဗိုလ်အောင်ဒင်က
“ကောင်မလေးကို ငါ့ဆီထားခဲ့” တဲ့။

သီချင်းနှစ်ပုဒ် အဆုံးမှာ
ကိုယ်တို့ဟာ
မိချောကို
ဗိုလ်အောင်ဒင်ဆီ
ထားခဲ့ရပါတယ်။ ။

နီဇူလိုင်
၃၀၊ ၄၊ ၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts