မှတ်စုမှတ်တမ်း

မိုးမခက ကဗျာဆရာ ကြည်ဇော်အေးသို့ တောင်းပန်စကား

မိုးမခက ကဗျာဆရာ ကြည်ဇော်အေးသို့ တောင်းပန်စကား

(မိုးမခ) ဧပြီ ၅၊ ၂၀၁၇ 

မိုးမခ မဂ္ဂဇင်း အွန်လိုင်းစာမျက်နှာမှာ မတ်-၁၉-၂၀၁၇ မှာ ဖော်ပြခဲ့တဲ့ ကဗျာဆရာ ကြည်ဇော်အေး ရဲ့ ကဗျာ ‘မျက်မြင်သက်သေ’ ကို ကဗျာဆရာဆီက အသုံးပြုခွင့် ကြိုတင်ခွင့်တောင်းဖို့ မိုးမခ အယ်ဒီတာအဖွဲ့က ပျက်ကွက်ခဲ့ပါတယ်။

ဒီအတွက် ကဗျာဆရာ ကြည်ဇော်အေးကို မိုးမခ အယ်ဒီတာအဖွဲ့က အနူးအညွတ်  တောင်းပန်အပ်ပါတယ်။

မိုးမခ ကို မြန်မာစာပေ၊ ယဉ်ကျေးမှုနဲ့ လွတ်လပ်တဲ့ လူ့ဘောင်သစ် အတွက် စာပေနဲ့ စာနယ်ဇင်း အသိုင်းအဝန်းမှာ သီးခြား အသက်မွေးဝမ်းကျောင်းပြုနေသူ  ဝါသနာတူ၊ လမ်းကြောင်းတူ မိတ်ဆွေတွေ အခမဲ့ ဝိုင်းဝန်းနေကြပြီး စာပေဆိုင်ရာ ကျင့်ဝတ်၊ မီဒီယာ ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ လူထုအကျိုးပြု မူဝါဒကို အမြဲ အလေးထား ဦးထိပ်ပန်ဆင်ပါတယ်။

အခုလို ချွတ်ချော်ခဲ့မှုမျိုးက ကာလ ဒေသ မတူညီတဲ့ ကမ္ဘာ့ တနေရာစီက နိုင်ငံ ၄ ခု မှာ နေထိုင်နေကြတဲ့ အဓိက ဝိုင်းဝန်းနေသူတွေရဲ့ ကြား ချိတ်ဆက်မှု အားနည်းသွားတဲ့ အတွက် ဖြစ်ပါတယ်။

ကဗျာဆရာ ကြည်ဇော်အေးကို ဒီအတွက် အလေးအနက် ဝမ်းနည်းကြောင်း တောင်းပန်ပါတယ်။

မိုးမခ အယ်ဒီတာ အဖွဲ့

 

Moemaka Media
Email : editors@moemaka.net
Website: http://moemaka.com
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts