ကဗျာ

လင်းမိုးစွေ ● သက်သတ်လွတ်မရောင်းပါ

လင်းမိုးစွေ ● သက်သတ်လွတ်မရောင်းပါ
(မိုးမခ) ဧပြီ ၄၊ ၂၀၁၇

နေလို့လည်း အဆင်ပြေ
သေဖို့လည်း အဆင်ပြေတယ်ဆိုရင်
ဒီကဗျာကို ဖတ်ပါ။

သားသတ်ရုံထဲက မြနေတဲ့ ဓား
သွေးကတည်းက သွေးတွေချည်း
တစ်ချက်ဆို
တစ်သက်ပဲ။

ကျွမ်းကျင်တဲ့သားသတ်သမားလည်း
ဒီတစ်သက်ပါပဲ။

အကုသိုလ်က ညှီစို့စို့နဲ့
နှာခေါင်းနား ကပ်ပြောသွားတယ်
နောင်သံသရာထိ
နံတယ်။

ယင်တလောင်းလောင်းမနက်ခင်း
အသားကောင်းရဖို့
ရှေ့မှာ
တန်းစီစောင့်နေကြသလို
နောက်မှာ
အသက်တွေ တန်းစီစောင့်နေပါတယ်။

စကားမစပ်
ကြားဖြတ်မေးပါဦးမယ်
ဘာသားနဲ့စားမှာလဲ…။

လင်းမိုးစွေ
၂၅.၃.၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts