စိုးနေလင်း ● လမ်းလွှဲ
(မိုးမခ) ဧပြီ ၂၊ ၂၀၁၇
ကြည့်တတ်လို့ မြင်နေပြန်တော့လည်း
သဲသဲကွဲကွဲနားလည်
နယ်ရုပ်တွေကိုသာ မဟုတ်
ဘုရင်မကိုပါ အကွက်ပြောင်းစေစားခဲ့ကြ
တကွက်မကများ မှားသွားခဲ့ပြီလား။
တအားမျှော်လင်းထားကြသူတွေကတော့
ခေါင်းတောင်မမော့နိုင်ဖြစ်နေဆဲ
သဲပြင်ပေါ်ကရဲတိုက်တွေက ဆောက်မဆုံးနိုင်သေး
တဖြည်းဖြည်းကွေးပြီးဆွဲညှစ်မယ့် မောင်းကွင်းထဲကလက်ညှိုး
မိုးနဲ့မြေကို ဆုံးရှုံးလိုက်ကြရုံသာ။
ရှေ့စာမျက်နှာတွေကို မှန်းဆမရ
ထိုက်တန်တဲ့ အစိုးရကိုသာ ရပေလိမ့်မယ်တဲ့…။
အဲဒီလမ်းကို လိုက်လိုကလည်း လိုက်ကြပေစေတော့။ ။
သရုပ်ဖော် – သန်းဌေးမောင်