ကဗျာ

သျှင်မျိုးငယ် – အပြင်းစားထိချက်

 

သျှင်မျိုးငယ် – အပြင်းစားထိချက်

(မိုးမခ) မတ် ၂၈၊ ၂၀၁၇
ကျည်ဆံတွေဟာ
သိပ်စည်းကမ်းမဲ့လွန်းမနေဘူးလား။ကျည်ဆံတစ်ချက်ထိမှန်တိုင်း
ငါတို့မြို့ကလေးဟာ ဒဏ်ရာအပြင်းအထန်ရလို့။

ကျည်ဆံတွေ လေထဲမှာ နေရာအနှံ့
သွေးနံ့သင်းနေတဲ့နေ့စွဲတွေဟာ မကောင်းဆိုးဝါးပဲ။

ခေါင်းတွေကို ထိုးပေးထားလိုက်တယ်
ကျည်ဆံတွေဟာ ပစ်မှတ်ကို ဘယ်လိုသိသလဲ…
ဒါဟာ ငါ့အတွေးသက်သက်ပါ…။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts