မင်းညွှန့်လှိုင်

Min Nyint Hlaing – Poem

လ က် နှ စ် ဘ က်
မင်းညွှန့်လှိုင်
အောက်တိုဘာ ၇၊ ၂၀၁၃


လက်နှစ်ဘက် ထွက်ခွာရာပုဒ်မတူတဲ့
လက်နှစ်ဘက် အသွေးအမွေးမတူတဲ့
လက်နှစ်ဘက် အရောင်အဆင်းမတူတဲ့
လက်နှစ်ဘက် နောက်ခံကားချပ်မတူတဲ့
လက်နှစ်ဘက် ကြားခံလေထဲမြောက်တက်လာတဲ့
လက်နှစ်ဘက် လှိုက်လှိုက်လှဲလှဲနှုတ်ဆက်မလို
လက်နှစ်ဘက် သူနိုင်ကိုယ်နိုင်မောင်းလှဲမှာလား
လက်နှစ်ဘက် ဆိုက်ရောက်ရာပုဒ်ကိုမရေးခြစ်နိုင်သေးတဲ့

လက်နှစ်ဘက် ………………………………..

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts