သတင်းပဒေသာ

ညွန့်ထွေး (မိုးမခ) ● သတင်းမီဒီယာ စာတမ်းဖတ်ပွဲ၊ စာနယ်ဇင်းဈေးရောင်းပွဲ ရန်ကုန်တွင် ပြုလုပ်မည်


သတင်းမီဒီယာ စာတမ်းဖတ်ပွဲ၊ စာနယ်ဇင်းဈေးရောင်းပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ညွန့်ထွေး (မိုးမခ) မတ် ၁၄၊ ၂၀၁၇

ရန်ကုန်မြို့တော်ခန်းမတွင် ၂ ရက်ကြာ ပြုလုပ်မည့် မြန်မာသတင်းမီဒီယာ စာတမ်းဖတ်ပွဲ နှင့် စာနယ်ဇင်းဈေးရောင်းပွဲတော်ကို မည်သူမဆို တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

မတ်လ ၁၈၊ ၁၉ (စနေ၊ တနင်္ဂနွေ) တွင် နံနက် ၉းဝဝ မှ ညနေ ၄းဝဝ အထိ ပြုလုပ်မည်ဟု မြန်မာနိုင်ငံသတင်းမိဒီယာကောင်စီက ဆိုသည်။
မြန်မာနိုင်ငံသတင်းမီဒီယာသမိုင်းကို လေ့လာသိရှိနိုင်စေရန်၊ သတင်းမီဒီယာတိုးတက်ဖွံဖြိုးစေရန် ရည်ရွယ်သည့် ဤအစီအစဉ်တွင် စာတမ်း ၁၂ စောင် ဖတ်ကြားသွားမည် ဖြစ်ကြောင်း၊  စာနယ်ဇင်းဈေးရောင်းပွဲတော်တွင် သတင်းစာ၊ ဂျာနယ်၊ မဂဇင်း၊ စာအုပ်၊ ရုပ်သံ ထုတ်လွှင့်မှု စသော လုပ်ငန်း အကြောင်းအရာများ ပြသမည်ဖြစ်ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts