ကဗျာ

ဝင်းမောင် ● မြေနုကျွန်းဆီသို့

ဝင်းမောင် ● မြေနုကျွန်းဆီသို့
(မိုးမခ) မတ် ၁၄၊ ၂၀၁၇

အမှောင်ထဲမှာ
ခလုပ်မထိဆူးမငြိအောင်သွားနိုင်သူ သူရဲကောင်းကြီးများမတော့
နောက်
ဘယ်တော့မှမသေတော့မယ့်ဆေးတွေနဲ့
လှလို့
ပလို့
ဝလို့

စောစောကထင်ရဲ့
ဘကြီးသာအောင်ပြောလိုက်တာက
အသွားလည်း ဒီကူးတို့လှေ
အပြန်လည်း ဒီကူးတို့လှေ

ဒါပေမဲ့
အသေအချာငုံ့ကြည့်တော့
ကမ်းကခခွာဖို့ ကြိုးမဖြည်ကြသေးဘူး။ ။

ဝင်းမောင်
၁၂၊ ၃၊ ၂၀၁၇
နံနက် ၁း ၁၀ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts