ဇော်အောင် (မုံရွာ)

Zaw Aung (Moneyar) – Burma Makeup

မြန်မာ့သနပ်ခါး
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၇၊ ၂၀၁၃


မြန်မာ့သနပ်ခါး ကမ္ဘာကျော်ရန်၊ မြန်မာများကသုံးစွဲ၊မြှင့်တင်နေပါသည်။ 
မုရန်သနပ်ခါးသည် မြန်မာများ၏ အမွှေးအကြိုင်ဖြစ်သည်။ ယဉ်ကျေးမှုလည်းဖြစ်သည်။ မြန်မာပြည်ပြန်လျှင် တောမြို့မကျန် ကလေး သူငယ်များ၊ အမျိုးသမီးကြီးငယ်များကြားတွင် ဖြတ်သန်းသွားပါက သနပ်ခါးနံ့မွှေးမွှေးအနံ့သည် မြန်မာပြည်ကို မွှေးကြိုင်စေခြင်းဖြစ်သည်။ သူတို့၏ မျက်နှာတွင် ချယ်လိမ်းထားသော သနပ်ခါးပါးကွက်များသည် မြန်မာကိုကမ္ဘာက သိစေသည့် မွှေးကြိုင်မှုဖြစ်သည်။ အားပေးကြပါမည်။ မကြာမီ သနပ်ခါးရေမွှေးများပေါ်လာပါမည်။ (Singapore Mustafa ကုန်တိုက်ကြီးတွင် သနပ်ခါးရေမွှေးရောင်းချနေပြီဟု သိရသည်)။ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားတွင် သနပ်ခါးရောင်းချနေသော အမျိုးသမီးကြီးများကို ခွင့်တောင်းက ဓါတ်ပုံရိုက်ခဲ့ပါသည်။ ဂုဂယ်တွင် မြန်မာလို သနပ်ခါး ဟုရိုက်ပြီး ဓါတ်ပုံများရှာထည့်လိုက်ပါသည်။

မုရန်သည် မွှေးကြိုင်သည်။ သခင်ယေရှုဖွားမြင်စဉ် အရှေ့တိုင်းပညာရှိ၃ပါးက ရွှေငွေ၊လောဗန်၊မုရန် ဆိုသော လက်ဆောင်များလာရောက်ဆက်သ၊ဖူးမြော်ကြသည်။ မုရန်သည် အရှေ့အလယ်ပိုင် အစ္စရေး (အိသရေလလူမျိုး)နှင့်အာရပ်လူမျိုးများသုံးစွဲသော အမွှေးအကြိုင်ဖြစ်သည်။ ထိုအမွှေးအကြိုင်ကို မြန်မာ့သစ်မွှေး သစ်ပင်၊သစ်စေးမှထုတ်ယူရရှိသည်။ လူသေခြင်းသည် ဝမ်းနည်းစရာမဟုတ်။ တစ်နေ့တွင်သေရမည်။ သေခြင်းတခါးဝကိုကျော်ဖြတ်ပြီးမှ ထာဝရအသက်ကိုရမည်။ ကောင်းကင်ဘုံတွင် ထာဝရဘုရားရင်ခွင်သို့ရောက်မည်ဟု ခရစ်တော် ကိုယုံကြည်သူများက မျှော်လင့်သည်။ အလားတူ ဗုဒ္ဓကိုယြုံ ကည်သူ ဗုဒ္ဓဘာသာဝင်များလည်း သေလွန်ပါကနောင်ဘဝတွင် အနည်းဆုံးသောသပန်ဖြစ်ဘဝဖြစ်ရန် မျှော်လင့်ကြသည်။ ပုပ်လာမည့်လူသေအလောင်းကိုပင် မုရန်အမွှေးကြိုင်ကိုသုံးသည်။ ပုပ်ပျက်သော မြန်မာစစ်အာဏာရှင်များ၏ လုပ်ရပ်ဟောင်းများကို အမွှေးနံ့သာများဖြင့် ဖုံးလွမ်းအောင်လုပ်နိုင်သူများကို နေရာဖယ်ပေးရန်ဖြစ်သည်။ မြန်မာများ၏ အတိတ်က ရက်စက်စွာအချင်းချင်းဖိနှိပ်မှုများသည် ဝမ်းနည်းဖွယ်၊သင်္ခန်းစာယူရမယ်ဖြစ်သည်။ ယခုခေတ်တွင် ဝိသမစီးပွားလုပ်နေပြီး၊အချင်းချင်းကြီးနိုင်ငယ်ညှင်း၊ ငွေ၊အာဏာဖြင့်အနိုင်ကျင့်မှုသည့် အပုပ်နံ့များကြောင့် နိုင်ငံခြားမှကုမဏီကြီးများ ရင်းနှီးမြှပ်နှံရန် စိုးရိမ်နေဆဲဖြစ်သည်။ မကြာမီ အစိုးရနှင့်အတိုက်အခံများ ပူးပေါင်းလုပ်ဆောင်မည်ဟု မျှော်လင့်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts