ဓာတ်ပုံသတင်း

တောင်ပေါ်အလှနှင့် တောင်ပေါ်ဘဝ

တောင်ပေါ်အလှနှင့် တောင်ပေါ်ဘဝ
ဖြိုးသီဟချို/Myanmar Now၊ မိုးမခ၊ မတ် ၄၊ ၂၀၁၇

တောင်ထူထပ်သည့်မြေမျက်နှာသွင်ပြင်နှင့် ကြမ်းတမ်းသည့် ရာသီဥတုအခြေအနေ ပိုင်ဆိုင်ထားသည့် ချင်းတောင်တန်းသို့ မကြာသေးမီက သွားရောက်ခဲ့သည့် သတင်းထောက်က တွေ့မြင်ရသည့် မြင်ကွင်းတချို့ကို မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ (ဓာတ်ပုံများ – ဖြိုးသီဟချို/Myanmar Now)


aa – ဟားခါးမြို့၊ သီဖူးလ်ကျေးရွာရှိ အမြဲတမ်းစိုက်ပျိုးနိုင်သည့် လှေကားထစ်တောင်ယာ မုံညင်းစိုက်ခင်းဖြစ်သည်။ ကျေးရွာရှိ လှေကားထစ်တောင်ယာ ဧက၂၀ တွင် ဆောင်းသီနှံအဖြစ် မုံညင်း၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အဓိကထားစိုက်ပျိုးကြသည်။

bb – အမြဲတမ်းစိုက်ပျိုးမြေပေါ်တွင် တောင်ယာ လုပ်ကိုင်နေသူများ။ တောင်ယာထွက်ကုန်တို့မှာ ကျယ်ကျယ်ပြန့်ပြန် ရောင်းချရန် ဈေးကွက် အခဲအခဲ ရှိနေသောကြောင့် ဝမ်းစာအတွက်သာ စိုက်ပျိုးကြသည်ကို တွေ့ရသည်။


cc – သီဖူးလ်ကျေးရွာမှ တစ်နာရီကြာ ခြေလျင်သွားရသည့် ခရီးနှင်ပြီး လှေကားထစ်တောင်ယာ စိုက်ခင်းသို့ ရောက်ရှိလာသော အမျိုးသမီးများ။


dd – ကြက်သွန်စိုက်ခင်းတွင် ရေပက်ဖြန်းနေသည့် ချင်းအမျိုးသမီးငယ်နှစ်ဦး။ တောင်ကျချောင်းမှ စီးဆင်းလာသောရေကို မြောင်းဖောက်သွယ်တန်း၍ ကြက်သွန်စိုက်ခင်းအတွင်း စီးဝင်စေသည့်နည်းသည် စိုက်ပျိုးရေအထိရောက်ဆုံး ရရှိနိုင်သည့် နည်းလမ်းဖြစ်သည်ဟု ဆိုသည်။


ee – သီဖူးလ်ကျေးရွာ ဒေသခံတို့၏ ဆုတောင်းပွဲတွင် ချင်းရိုးရာ သီချင်းများ သီဆို ကခုန်နေကြသည်။ သက်ကြီးအမျိုးသားတစ်ဦးက ချင်းဘာသာဖြင့် ရေးစပ်ထားသည့် သီချင်းကို ဦးဆောင် သီဆိုကခုန်ပြီး သီချင်းဆိုရာတွင်ပါဝင်နေသူများကို ဆုတောင်းပေးနေသည်။


ff – တောင်ထူထပ်သောကားလမ်းတွင် နာရီအတန်ကြာ မောင်းနှင်ရပြီး ချင်းဒေသသို့ ရောက်ရှိလျှင်လည်း မြေပြန့်သည့်နေရာကို တွေ့ရန် ခဲယဉ်းသည်။


gg – တောင်ထူထပ်သော ချင်းဒေသတွင် နေအိမ်များကို တောင်စောင်းပေါ်တွင်ပင် တည်ဆောက်ထားကြသည်။


hh – ဟားခါးမြို့ရှိ မြန်မာဘာသာဖြင့် ဝတ်ပြုကြသည့် ဘုရားကျောင်း၏ မြင်ကွင်းတစ်ခု။


ii – ဟားခါးမြို့ရှိ ရှေးခေတ် အုပ်ချုပ်သူတစ်ဦး၏ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားသည်။ သို့သော်လည်း ဧည့်သည် လာရောက် လေ့လာမှု နည်းပါးသည်ဟု သိရသည်။


jj – သီဖူးလ်ရွာအတွင်းရှိ နေအိမ်တစ်ခုတွင် တောကောင်သားရေကျပ်ပြီး နေလှန်းထားသည်။


kk – သီဖူးလ်ရွာတွင် မြစိမ်းရောင် စီမံကိန်း ရှိနေကြောင်း အမှတ်အသား ပြုထားသည့် ဆိုင်းဘုတ်တစ်ခုအနီး စောင်များ လှန်းထားသည်။ ချင်းဒေသသည် ရာသီဥတု ကြမ်းတမ်းသည့် ဒေသတစ်ခု ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts