လူများ၊ ရုပ်ပုံလွှာများ အတွေးအမြင်

ထွန်းသိန်းဦး – ကမ္ဗည်းတင် တော်လှန်ကဗျာဆရာရဲ့ စကားပြေ

 

ထွန်းသိန်းဦး – ကမ္ဗည်းတင် တော်လှန်ကဗျာဆရာရဲ့ စကားပြေ
(မိုးမခ) မတ် ၂၊ ၂၀၁၇

အကြမ်းအားဖြင့် ကဗျာ နဲ့ စကားပြ ရယ်လို့ စာပေပုံစံ နှစ်မျိုးရှိတဲ့အနက် ကဗျာဆရာတွေရေးတဲ့ စကားပြေတွေဟာ အမြဲတမ်း စိတ်ဝင်စားစရာကောင်းတယ် လို့ ထင်မိပါတယ်။ ကဗျာအတွေး၊ ကဗျာအရေးတွေနဲ့ ရေးထားတဲ့ အရေး အသားတွေမှာ ကဗျာနဲ့ စကားပြေကို ပိုင်းခြားထားတဲ့ နယ်စပ်မျဉ်းဟာ ပိုပြီးမှုန်ဝါးသွားတတ်တယ်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညက ကွယ်လွန်သွားတဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ ဆရာမောင်စိမ်းနီရဲ့ စကားပြေစာအုပ် နှစ်အုပ်ဟာ မှတ်မှတ်ရရ ဖြစ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ ပိတောက်ပွင့်သစ် ကဗျာ /စာပေအနုပညာ မဂ္ဂဇင်းရဲ့ မာလိန်မှူးကြီး ဆရာမောင်စိမ်းနီရဲ့ စာပေမှတ်တိုင်တွေမှာ ၁၉၆၉ ခုနှစ်က တော်လှန်ကဗျာ၊ ၂၅ နှစ်ကျော် အတွင်း အုပ် ၇၀ ကျော် ခန့်ထွက်ခဲ့တဲ့ ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွေ၊ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ စာရေးဆရာကိုအောင်ဆန်း စာ အုပ်ကြီးနဲ့အတူ အဲဒီ စာအုပ်လေး နှစ်အုပ်ကိုလည်း ထည့်ရပါမယ်။ မဂ္ဂဇင်းတွေမှာ သူရေးခဲ့တဲ့ စာစု တွေကို စုစည်း ထားတဲ့ လွတ်လပ် လေညင်း (၂၀၀၉) နဲ့ အမှန်တရားလည်း ကျန်းမာပါစေ (၂၀၁၁) ဆိုတဲ့ စာအုပ်နှစ်အုပ်ပါ။

မဟေသီမဂ္ဂဇင်းမှာ ဆရာမောင်စိမ်းနီ ရေးခဲ့တဲ့ နော်မန်၊ အရှင်အာဒိစ္စဝံသ၊ တော်လှန်ကဗျာ၊ ပိတောက် ပွင့် သစ်နှင့် မိုးရာသီ လို့ အမည်ပေးထားတဲ့ စာစုတွေပါ။ ဆောင်းပါး လည်းမဟုတ်၊ အက်ဆေးလည်း မဟုတ်၊ ရေးချင် တဲ့ ပုံသဏ္ဍာန်နဲ့ လွတ်လွတ်လပ်လပ်ရေးဖွဲ့ထားတဲ့ ကဗျာဆန်တဲ့အဖွဲ့အနွဲ့စာစုတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စကား ပြေကို ကဗျာလိုလှအောင် ရေးဖွဲ့ထားတဲ့ အရေးအသားတွေပါ။ စကားပြောဟန်နဲ့ရော၊ ရေးဟန်နဲ့ပါ ရေးဖွဲ့ ထားပါတယ်။ အခန်းတစ်ခန်းရဲ့အဆုံး နဲ့ အစကို တူညီတဲ့ စကားလုံး၊ စာစု လေးတွေနဲ့ ဇာတ်ဆန်ဆန် လှလှပပ ချိတ် ဆက်ထား ပါတယ်။ ဥပမာ – အခန်းတစ်ခန်းကို ရထားတရွေ့ရွေ့ ဆိုတဲ့ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေရဲ့ ကဗျာ အပိတ် နဲ့ အဆုံး သတ်ထားပြီး နောက်တစ်ခန်းကို တရွေ့ရွေ့လှမ်းသွားတဲ့ သူ့ခြေလှမ်းတွေကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ် ဆိုတဲ့ ဝါကျ နဲ့ အစချီထားတယ်။ စာမေးပွဲတွေပြီးတဲ့အချိန်ကစပြီး နာမည်ကျော် အရှင်အာဒိစ္စဝံသ ကျောင်းရဲ့ အရိပ်ကို ကျွန်တော် ကျောခိုင်းခဲ့တယ် နဲ့ အဆုံးသတ်ထားပြီး ကျောခိုင်းခဲ့ပေမဲ့ ကျွန်တော့်ကျောင်းလွယ် အိတ်ထဲမှာ ကျောက်တံ အတိုလေးတွေ ရှိနေဆဲဖြစ်တယ် နဲ့ နောက်တစ်ခန်းကို အစပြုထား တာမျိုး။ အဖွဲ့အနွဲ့နဲ့ ပတ် သက်ပြီး ဆရာ တော် တော် အားထုတ်ထားမှန်းသိသာပါတယ်။

အကြောင်းအရာအားဖြင့်တော့ အဲဒီ စာစုလေးတွေမှာ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးရဲ့ ရိုက်ချက်တွေနဲ့အတူ ဆရာ မောင်စိမ်းနီ ထိတွေ့ရာ စာ ပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အနုပညာသမားတွေရဲ့ ဘဝအမောတွေ၊ ခံစားချက်တွေ၊ နာ ကျင်မှု တွေအကြောင်း ပြန်ပြောင်းအတိတ်ဆောင် အမှတ်ရချက်တွေပါသလို ဆရာရဲ့ငယ်ဘဝ နဲ့ မိသားစုအကြောင်းတွေ လည်း ပါ တယ်။ စာသမား၊ အနုပညာသမား အချင်းအချင်းကြားက ခိုင်မာ တဲ့ သံယောဇဉ်၊ ရဲဘော်ရဲဘက်စိတ်၊ ကိုယ် ချင်း စာနာစိတ် နဲ့ ကူညီဖေးမမှုတွေအကြောင်း ဖွဲ့နွဲ့သလို တော်လှန်ကဗျာ၊ ပိတောက်ပွင့်သစ် အစောပိုင်းကာလ တွေနဲ့ မဂ္ဂဇင်းပြန်ထုတ်ဖို့ ကြိုးပမ်းမှုတွေကိုလည်း လွမ်းမောဖွယ် ပြန်ပြောင်းအောက့်မေ့ထားတယ်။ နာကျင်ကြေကွဲစရာတွေ ပါ သလို မေတ္တာ၊ သစ္စာတရား၊ ကရုဏာတရားနဲ့ ကိုယ်ချင်းစာနာစိတ်တို့ နွေးထွေးစွာ ခံစားရစေတဲ့ စာစုလေးတွေလည်း ဖြစ်ပါတယ်။

ဆရာမောင်စိမ်းနီရဲ့ စကားလုံး ဖွဲ့နွဲ့မှုတွေအတိုင်း ဆိုရရင် ရေကြည်ရာ မျက်နုရာမဟုတ်ဘဲ ရေနောက်ပြီး ခြေ ရာ ပျောက်သွားကြသော တစ်ကွဲစီဖြစ်သွားကြသည့် ဘဝများ၊ ခေတ်ပျက်ကြီးထဲတွင် တရားမျှတမှုနှင့် အမှန် တရား အတွက် ရပ်တည်ခဲ့ကြသူများ၊ အခြေခံ မပျက်သော ရပ်တည်ခြင်းများနဲ့ ရောင်းရင်းမိတ်ဆွေများ၊ အနုပညာရပ်ဝန်း ထဲ က ပြည်သူကိုသစ္စာစောင့်သိပြီး ပြည်သူကိုချစ်တဲ့ အနုပညာ ဖန်တီးသူများ၊ ဖြတ်သန်းလာခဲ့ရာ ခေတ်ကြီးထဲက မေ့မရ သော ဖြစ်ရပ်များစွာအနက် ပြန်ပြောမှ ပြတ်ပြတ်ထင်ထင်ရှိမယ့် ကိစ္စများ၊ ယုံကြည်စွာ တည်ဆောက်ခဲ့ကြသော လွမ်း မောစရာ အမှတ်အသားများ၊ ကဗျာ၊ စာပေဆိုင်ရာရပ်ဝန်း၊အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခဲ့ကြမှုများ စသည်ဖြင့် ပါပဲ။ ဆရာမောင်စိမ်းနီရဲ့ ဘဝအချို့အကွေ့များထဲက မှတ်မှတ် ထင် ထင် ဖြစ်ရပ်တွေနဲ့ မှတ်မှတ်ထင်ထင် လူပုဂ္ဂိုလ် အနုပညာရှင် တွေအကြောင်း ဖွဲ့နွဲ့ထားတဲ့ စာစုလေးတွေပါ။

သိသာတာက ဒီစာစုလေးတွေမှာ ဆရာမောင်စိမ်းနီရဲ့ ကဗျာချစ်မက်စိတ်၊ ခိုင်မာတဲ့ ယုံကြည်ချက်၊ မပြောင်း လဲ တဲ့ ရပ်တည် ချက်နဲ့ စိတ်ဓာတ်ပြင်း ပြမှုတွေကို ကူးစက်ခံစားရတာပါ။ ကောက်နှုတ်ချက်အချို့ကိုဖတ်ကြည့်ပါ။

လူတစ်ယောက်အတွက် အရေးကြီးဆုံးဟာ အမှန်တရားကို သစ္စာရှိရှိ စောင့်ရှောက်ဖို့ပဲ၊ ဒါကို မလွဲမသွေ ယုံကြည် တယ်။

မလိုသည်ကို ခြစ်ပစ်လိုက်ရုံဖြင့် အမှန်တရားစစ်စစ်ကို ရှာဖွေမတွေ့နိုင်။

အမှန်တရားကို ရှာဖွေရင်း ထမင်းလုပ်မြိုတဲ့အလုပ်ကို မလွှဲမရှောင်သာ လုပ်နေသူအချင်းချင်း တွေ့ရှိခဲ့တာ။

ဘဝအထွေထွေ နဲ့ ကံကြမ္မာ လှံဖျားမှာ တရားလက်လွတ် နှိပ်စက်တဲ့ သူတွေကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ရင် ဆိုင် လက်ချင်းတွဲခဲ့ကြတဲ့ မိတ်ဆွေရင်း ရဲဘော်။

အမှန်တရား နဲ့ သစ္စာတရားကို တည်တံ့အောင် ထိန်းသိမ်းနိုင်စွမ်း သူ ဖြစ်တဲ့အတိုင်း ခေတ်အရိုင်းတွေကို တွန်းလှန် ဖြိုဖျက်ဖို့ ကြိုးစားခဲ့

အမှန်တရား၊ ယုံကြည်မှုနဲ့ သစ္စာမပျက်သူတွေ ပြန်လည်တွေ့ဆုံခြင်း၊

ကဗျာအတွေးနဲ့ဖွဲ့တဲ့စာသားအချို့ကို ကြည့်ပါဦး။

နေသာသော နေ့များတွင်သာ ကျင်လည်ကျက်စားခဲ့သူ ဖြစ်သည့်အလျောက် ဒဏ်ရာနည်းပါးလှသည်။

အတ္တနဲ့ အမုန်းတရားတွေ ပျစ်ခဲနေတဲ့ ရပ်ဝန်းမှာ အမှောင်ခေတ်ကြီးက ကြီးစိုးသွားတယ်။

အကုသိုလ်သည် မဆုတ်မနစ်၊ ကုတ်ခြစ်တက်လာသည့် ကျားတစ်ကောင်ပမာ အတ္တကျွံသူ၏ လည်မျိုမှ လည် ချောင်းသွေး ကို ဖောက်သောက်ပေ တော့သည်။

အတိတ်တွေကို ပြန်ခေါ်တော့ ဘေးမသိရန်မခ လှလှပပ ပြန်ရောက်လာသည်။

ကမ္ဘာပေါ်က ဒုက္ခတရားတွေကို ခဏဖြစ်ဖြစ်၊ ပြောင်းပြန်လှန်ပြီး မြင် ကြည့်ချင်တယ်။

ရုရှစာရေးဆရာကြီး အီလျာအာရင်ဘတ်က သူရဲ့ နာမည်ကျော် လူများ၊ သက္ကရာဇ် များ- ဘဝ (Men, years-life) စာအုပ်တွဲကြီးမှာ သူ့ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ယုံကြည်ချက် နဲ့အတူ ဒုတိယကမ္ဘာစစ်မတိုင်းမီ နဲ့ စစ်ကြီးအတွင်းက သူ့ဘဝအတွေ့အကြုံတွေကို ရေးဖွဲ့ခဲ့ပါတယ်။ ကျွဲကူးရေပါဆိုသလို အဲဒီ ခေတ်ကြီး၊ စစ်ကြီးကို အတူဖြတ်သန်းခဲ့ကြ တဲ့၊ နိုင်ငံရေး အပြောင်းအလဲတွေအောက်မှာ ပျောက်ကွယ် သွားကြတဲ့ ဘဝတူ စာရေးဆရာတွေရဲ့ အကြောင်း အမှတ်ရ တို့ထိ ချက်တွေလည်း ပါတယ်။ ဆရာမောင်စိမ်းနီရဲ့ ဒီစာစုလေးနှစ်အုပ်ကလည်း ၁၉၆၀ ပြည့်လွန် နှစ်ကာလတွေက နေ ၂၀၀၀ ပြည့်နှစ်ကျော်အထိ မြန်မာပြည် ရဲ့ စာပေအနုပညာရပ်ဝန်းမှာ ဆရာထိတွေ့ ဖြတ် သန်းခဲ့တဲ့ လူများ၊ သက္က ရာဇ် များ၊ ဘဝများအကြောင်း လို့လည်း ဆိုနိုင်ပါတယ်။

ဒီစာအုပ်နှစ်အုပ်အပြင် ဆရာမောင်စိမ်းနီရဲ့ အခြားဆောင်းပါး/ စာစု စုစည်းမှုတွေ ထွက်ဖူးသလားတော့ ကျွန် တော် မသိပါ။ စုံနံ့သာ စတဲ့ မဂ္ဂဇင်းတွေနဲ့ အပတ်စဉ်ထုတ်ဂျာနယ်အချို့မှာတော့ ဆရာ မောင်စိမ်းနီရဲ့ အလား တူ စာစု လေးတွေ ၂၀၁၅ ခုနှစ်ကုန်လောက်အထိ ဖတ်ရဖူးတယ်။ နှင်းဆီဖြူ စာပေ ကလည်း ဆရာမောင်စိမ်း နီရဲ့ စာ အုပ် သစ် တစ်အုပ် ထွက်မယ်လို့ ကြေညာထားဖူးတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဖော်ပြခဲ့ဖူးတဲ့ ပြန့်ကျဲနေတဲ့ ဆရာရဲ့ လက် ကျန် စာစုလေးတွေ ဖြစ်မယ်ထင်ပါရဲ့။ တရွေ့ရွေ့နဲ့ ရှင်သန်နေတဲ့ ပိတောက်ပွင့်သစ်တွေနဲ့အတူ ဆရာမောင်စိမ်းနီရဲ့ နောက် ဆုံး စာအုပ် လေး ကိုလည်း မျှော်လင့်နေမိပါတယ်။ ။

ထွန်းသိန်းဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts