ဓာတ်ပုံသတင်း ဌေးအောင် (မိုးမခ)

ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

(ဌေးအောင်၊ မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီနှင့် အငှါးယာဉ်မောင်းဦးနေ၀င်းတို့ အတွက် အောက်မေ့ဖွယ်အခမ်းအနားအား ယနေ့ (၂၆.၂.၂၀၁၇)နေ့ လည်(၁)နာရီတွင် ရန်ကုန်မြို့  ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အမှတ်တရအောက်မေ့ဖွယ်မိန့် ခွန်းကို တက်ရောက်ပြောကြားခဲ့သည်။

အခမ်းအနားသို့  အစိုးရအဖွဲ့ ဝင် ၀န်ကြီးများ၊ လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ ပါတီဝင်များ၊ ရှေ့ နေများနှင့် စုစုပေါင်း ဧည့်ပရိတ်သတ်(၁၅၀၀)ကျော်တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

ဓာတ်ပုံ-ဌေးအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရှေ့နေဦးကိုနီနဲ့ ဦးနေ၀င်းတို့အတွက် အောက်မေ့ဖွယ်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
  1. ၅၀ကျော်တွေကို
    လူငယ်သဘာဝလို့ တံဆိပ်ကပ်တာပြည်သူကို စော်ကားတာပဲ
    (ဦးဝင်းထိန်)
    .
    .
    /////
    ဒီနေ့ သတင်းစာ ရှင်းလင်းပွဲကို ဘယ်လို မြင်ပါသလဲ။

    ကိုနေ၀င်းရဲ့ အုတ်ခဲတလုံးကြောင့်
    မဖြစ်မနေ ဖေါ်ထုတ်ပြရတဲ့ ပွဲလို့မြင်ပါတယ်။

    ဒါဆို ကိုနေ၀င်း သာ မပစ်ခဲ့ရင်ကော …………

    ငါးလောင်းပြိုင် လိုပဲ ၀ါးညောင်းထိုင် သွားမယ် ထင်ပါတယ်။

    ဘာဖြစ်လို့ပါလဲ။

    တောက်အပ် က အရာ
    တယောက်ပြား တာကြာပြီလေ။

    ဗြောင်ဇင် (နေမျိုးဇင်)
    .
    .
    /////
    တစ်လ လုံးလုံး တိတ်ဆိတ် ငြိမ်သက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
    ဦးကိုနီ နဲ့ဦးနေဝင်း ရဲ့ တစ်လပြည့်အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာပြီး အောက်ပါအတိုင်း ပြောခဲ့တာပါ။ မင်းမြတ်သူရ (စာရေးဆရာ)
    .
    ////
    ” အဖွဲ့ချုပ်ထဲမှ ဦးကိုနီ၊ ဦးနေဝင်း တို့တွေလို ပုဂ္ဂိုလ် ရှိတယ်ဆိုတာ အင်မတန်မှ ကျေနပ်စရာ၊ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ဘယ်တော့မှ မမေ့ပါနဲ့။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အချိန်မှာ ကြောက်လို့ မလွန်ဆန်ရဲတဲ့အချိန်တွေမှာ အာဇာနည်သူရဲကောင်းများ အဖွဲ့ချုပ်ရဲ့သားကောင်းများ နိုင်ငံရဲ့သားကောင်းများ ရှိတယ်ဆိုတာ အသိကို အမြဲအောက်မေ့ပြီး အင်အားဖြည့်တတ်ပါစေ ဆန္နပြုပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် DVB TV”
    .
    .
    /////
    သတင်းစာရှင်းပွဲက ပြည်သူကို မီးလောင်ရာ လေပင့်သလိုပဲ။
    ဒေါ်စုကို တင်ပြရမယ်
    (ဦးဝင်းထိန်)
    .
    .
    /////
    ·
    ကြောက်စရာကြီးနော်….
    အသက် ၄၀ကျော် ၅၀ အရွယ်..
    မြန်မာလူငယ်တွေဟာ…
    လူငယ်သဘာဝ လဖက်ရည်ဆိုင်ထိုင်…
    အစွန်းရောက်သွားပြီး လူသတ်ဖို့တိုင်ပင်ရာက….
    လူသတ်ဖြစ်သွားတယ်တဲ့….
    (ထမင်းစားရေသောက် ဘာမှမထူးဆန်းသလိုပဲ နော်…)
    .
    ကမ္ဘာ့အလယ်မှာ ပွဲလယ်တော့တင့်ဦးတော့မှာပဲ….
    Myat Tun (a son of NLD founder lawer, living in Singapore)
    .
    .

Comments are closed.