ရသဆောင်းပါးစုံ

မြတ်လှိုင်း – ဈေးကွက်ဝင်စာပေဟောပြောပွဲ

မြတ်လှိုင်း – ဈေးကွက်ဝင်စာပေဟောပြောပွဲ
(ဈေးကွက်ဂျာနယ်) သစ်ခက်သံလွင်၊ မိုးမခ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇

 မွန်းကြပ်နေတဲ့ပြည်သူတွေကို ရီစရာတွေပြောနိုင်ရင်၊ သီချင်းတွေဆိုပြရင်၊ မိမိကိုယ်တိုင်မကျေမနပ်နဲ့ ဘ၀  ရှင်သန်နေရ တဲ့ခေတ်ကို စင်မြင့်ပေါ်က ကိုယ်စားသရော်ပြ ရင်၊ ဈေးကွက်ဝင် စာရေးဆရာ အမည်ခံစာဟောသူဖြစ်နေတဲ့ခေတ်ပါ။ တချို့ကလည်းနားထောင်တဲ့ပရိတ်သတ်ရဲ့ အကြိုက်ကို နပ်နေတဲ့ စာရေးဆရာ၊ ဆရာမတွေ၊ စာဟောစားတဲ့သူတွေ၊ လူရွှင်တော်တွေ၊ ကျူရှင်ဆရာတွေ ကတော့ စာပေဟောပြောပွဲတွေမှာ အမည်ပေါက်နေ ကြပါတယ်။ အမည်ပေါက်နေသူတွေက ဈေးကွက်ဝင်နေပါတယ်။

…..
ကျွန်တော်တို့မြန်မာနိုင်ငံမှာ မြန်မာသက္ကရာဇ်အရလတိုင်းအထိမ်းအမှတ်ပွဲတော်တွေ ကျင်းပခဲ့ကြတာ အစဉ်အလာဖြစ်နေပါတယ်။ မြန်မာပြည်မှာနေထိုင်တဲ့ လူတိုင်းသိခဲ့ကြပါတယ်။ အဲဒီလိုပဲနတ်တော်လရောက်တိုင်း စာဆိုတော်နေ့ကိုကျင်းပခဲ့ကြပါတယ်။ ရှေးစာဆိုကြီးများရဲ့ စာပေတွေ ရဲ့ကျေးဇူးကို ဂုဏ်ပြုတဲ့အနေနဲ့ စာပေပြိုင်ပွဲတွေ၊ စာပေဟောပြောပွဲတွေကို မြို့နယ် အသီးသီးမှာ ကျင်းပပြု လုပ်ခဲ့ကြပါတယ်။ စာဆိုတော်နေ့ကို တစ်နှစ်မှတစ်ကြိမ် ကျင်းပခဲ့ကြတာပါ။ စာဆိုတော်နေ့မှာစာပေဗဟုသုတတွေ၊ စာပေလောကအတွေ့အကြုံတွေကို စာရေးဆရာကြီး ဆရာမကြီးများ က ဟောပြောခဲ့ကြပါတယ်။ စာပေအစဉ်အလာအရ၀ါသမ္ဘာကြီးမားတဲ့စာရေးဆရာကြီးတွေက ငယ်ရွယ်သူ စာပေ၀ါသနာရှင်တွေ၊ စာပေရေးသားသူတွေ၊ စာပေဗဟုသုတနဲ့စာပေလောက အတွေ့အကြုံတွေကို နားထောင်မှတ်သားလိုကြတဲ့ သူတွေကို ဟောပြောခဲ့ရပါတယ်။

ကျွန်တော်အနေနဲ့ပြောရရင် ကျွန်တော်တို့စာပေ၀ါသနာရှင်လူငယ်မျိုးဆက်များအတွက် တနှစ်မှတခါ နားထောင် မှတ်သားခွင့်ရနိုင်တဲ့ နေ့တနေ့ပါ။
အဲဒီလိုပဲ တစ်နှစ်မှာမှ တခါကျင်
းပတဲ့စာပေပြိုင်ပွဲမှာ ၀င်ရောက်ရေးသားပြီး ကလောင်ကိုသွေးခွင့်ရခဲ့ တဲ့နေ့ပါ။ ဒီတနှစ်မှတကြိမ်သာပြိုင်ပွဲဝင်ပြိုင်ခွင့်ကနေတဆင့် စာပေနယ်ထဲကိုခြေချခွင့်ရနိုင်အောင် ဆက်ကြိုးစားခဲ့ရပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့မြို့က တစ်နှစ်တစ်ခါကျင်းပတဲ့စာဆိုတော်နေ့ကို ရန်ကုန်မြို့မှလာရောက်ဟောပြောတဲ့စာရေးဆရာကြီးများကလည်း စာပေများကိုဆက်လက်ရေးသားနိုင်အောင်တိုက်တွန်းခဲ့ကြသလို၊ စာပေလောကရှိတဲ့ရန်ကုန်မြို့ကို လာရောက်ဖို့ပြောဆိုပြီး၊ ရန်ကုန်မြို့ရောက် တဲ့အခါ ကူညီမှုတွေကိုပေးနိုင်သမျှပေးခဲ့ကြပါတယ်။ ကျွန်တော်တို့မြို့တင်မဟုတ်ပါဘူး။ တခြားခြားသောမြို့   တွေက စာပေရေးသားသူတွေကိုပါ ကူညီပေးခဲ့ကြတာပါ။
နောက်တခုအနေနဲ့ပြောချင်တာကစာေ
ရးဆရာကြီးများအနေနဲ့လည်း စာဆိုတော်ရာသီလ တလတည်း သာ စာပေဟောပြောပွဲတွေမှာ ဟောပြောဖို့ ခရီးထွက်ခွာနိုင်ခွင့် ရနိုင်ပါတယ်။ တနှစ်မှာ တလတည်းပါ၊ ကျန်တဲ့ဆယ့်တစ်လမှာ စာပေတွေရေးသားခဲ့ကြပါတယ်။ ရေးသားစရာမဂ္ဂဇင်းတွေကလဲအမြောက်အမြား ထွက်ခဲ့ပါတယ်။
အခုခေတ်မှာစာပေဟောပြောပွဲတွေကို
အမြို့မြို့အနယ်နယ်ရပ်ကွက်ကျေးလက်တောရွာလေးတွေပါမကျန် ကျင်းပပြုလုပ်နေကြပါပြီ။ အဲဒီအပြင်တက္ကသိုလ်ကျောင်းတွေ၊ အထက်တန်းကျောင်းတွေမှာပါ စာပေဟောပြောပွဲတွေ ကျင်းပပြုလုပ်နေကြပါပြီ။ မြင်တွေ့ကြားသိရတာအင်မတန်ဝမ်းသာဖို့ကောင်းပါတယ်။ ဒီခေတ်မှာ စာတွေမဖတ်ကြတော့တာ(မဖတ်နိုင်တာလည်းပါပါတယ်)ကို သိမြင်နေရတဲ့အတွက် စာပေဟောပြောပွဲတွေ ကျင်းပပြုလုပ်နေတော့ ပြည်သူတွေအနေနဲ့စာဖတ်နေရသလိုဖြစ်နိုင်ပါတယ်လို့ ထင် မှတ်စရာပါပဲ။ စာပေဟောပြောပွဲတွေက လိုအပ်နေတဲ့ပြည်သူတွေရဲ့စာဖတ်မှုကို ၀င်ရောက်ဖြည့်စွက်ပေး သလိုဖြစ်နေပါတယ်။ အခုအချိန်က အရင်တုန်းကလို တနှစ်မှာမှ စာဆိုတော်လ ရာသီတရာသီ၊ တရာသီမှာ တလထဲ စာပေဟောပြောပွဲတွေ ကျင်းပနိုင်တာမျိုးမဟုတ်တော့ပါဘူး။ ပြောင်းလဲရမည်ဆိုသလို တနှစ်လုံး စာပေဟောပြောပွဲတွေ ကျင်းပနေနိုင်ပါပြီ။ စာရေးဆရာတွေလည်း တနှစ်တာကာလလုံး ခရီးတွေ မနားရအောင်ထွက်နေရပါပြီ။ ၀မ်းနည်းနှမျောစရာကောင်းတာက တကယ့် စာရေးဆရာကြီးတွေရဲ့ စာတွေ မဖတ် နိုင်တော့တာပါပဲ။ အခုအချိန်မှာစာပေလောကအတွက်ဝမ်းနည်း စရာကောင်းတဲ့ကိစ္စပါ။ ရသစာပေတွေ အလွန်ရှားပါးနေပါပြီ။ အဆိုးဆုံးက ရသ၀တ္ထုတွေပျောက်ဆုံး သလို ဖြစ်နေပါတယ်။ လူတွေစာသိပ်မဖတ်ကြတော့တဲ့အချိန်မှာစာဖတ်ချင်သူနည်းနည်းအတွက် ရသ စာပေအသစ်အသစ်တွေ   ပေါ်မလာနိုင်ခဲ့ကြပါဘူး။ ပြောမယ်ဆိုရင်တကယ့်ကိုရသစာပေအရေးကောင်းတဲ့ စာရေးဆရာ၊ ဆရာမကြီးတွေလည်း စာပေဟောပြောပွဲတွေနဲ့ အချိန်ကုန်နေပါတယ်။ စာမရေးနိုင်လောက်   အောင်  မြန်မာ့တပြည်လုံး အနှံ့ခရီးတွေသွားနေရပါတယ်။ မြန်မာတပြည်လုံးအနှံ့ခရီးတွေကရတဲ့   ဒေသန္တရ ဗဟုသုတတွေကို ရသစာပေအနေနဲ့ ပြန်ရေးသားနိုင်မယ်ဆိုရင် အလွန်တန်ဖိုးရှိမှာပါ။ စာရေးဆရာ၊ဆရာမကြီးတွေကလဲမရေးနိုင်လောက်အောင်စာပေဟောပြောပွဲတွေဆက်နေပါတယ်။ တစ်ခုရှိတာက စာရေးဆရာကြီးဆရာမကြီးအတွက် စာရေးဖို့နယ်ပယ်ရှားပါးသလိုဖြစ်နေတာလည်း ပါပါတယ်။ စာပေတပုဒ်ရေးသားနိုင်ရင် သောင်းဂဏန်းထက် ပိုမရနိုင်ပါဘူး။ စာပေဟောပြောပွဲတွေ လိုက်ဟောရင် အနည်းဆုံးသိန်းဂဏန်းတော့ ရနေပါတယ်။ မြန်မာတပြည်လုံးစာပေဟောပြောပွဲတွေကိုလည်းလိုက်ပြီး စာပေဆိုင်ရာဗဟုသုတတွေ၊ စာပေဆိုင်ရာအတွေ့အကြုံတွေ၊ ရသစာပေတွေ၊ ရသ၀တ္ထု အကြောင်းတွေကိုဟောပြောနိုင်မယ့်စာရေးဆရာ၊ ဆရာမကြီးတွေအရေအတွက်ကလည်း သိပ်မရှိပါဘူး။
အမြို့မြို့အနယ်နယ်ကဖိတ်တဲ့စာေ
ပဟောပြောပွဲတွေကို မလိုက်နိုင်ကြတော့ပါဘူး။ သူတို့နေရာမှာ စာပေဟောပြောသူအသစ်တွေက၀င်ရောက်နေရာယူလာပါတယ်။
နယ်တွေကစာပေဟောပြောပွဲကျင်းပမယ့်
သူတွေက လိုချင်တဲ့စာရေးဆရာကြီးဆရာမကြီးတွေကို ဖိတ်လို့ မရတဲ့အခါ စာပေဟောပြောစင့်မြင့်ပေါ်ကိုရတဲ့သူတွေကိုတင်ရတော့တာပါပဲ။
ဒီနေရာမှာဈေးကွက်ဝင်စာရေးဆရာ၊
 ဆရာမတွေနဲ့ဈေးကွက်ဝင်စာပေဟောပြောပွဲတွေဆိုပြီး ပေါ်လာတော့ တာပါပဲ
ပြောရမယ်ဆိုရင် မိမိကိုယ်တိုင်စာေ
ပနဲ့ပတ်သက်ပြီး မသိသူတွေအနေနဲ့ စာပေဟောပြောပွဲစင်မြင့်ကို တက်ပြီး၊ စာပေဟောပြောပွဲစင်အောက်က နားထောင်နေတဲ့သူတွေ(ပရိတ်သတ်တွေ)ရဲ့ အကြိုက်   ဟောပြောနိုင်ရင် ဖြစ်နိုင်နေကြတာပါပဲ။ ပြည်သူတွေအနေနဲ့စင်ပေါ်ကသီချင်းကောင်းကောင်းဆိုပြနိုင် ရင်၊ ပြည်သူတွေ အကြိုက်နိုင်ငံရေးအကြောင်းကို သရော်တဲ့အပြောအဆိုမျိုးနဲ့ ပြောနိုင်ရင် နားထောင်နေ သူတွေ လက်ခုတ်တီးပြီး လက်ခံလိုက်တော့တာပါပဲ။ တချို့စာပေဟောပြောပွဲတွေဟာ နိုင်ငံရေးစင်မြင့်   ဖြစ်နေကြပါတယ်။
ဒီစာဟောသူတွေဟာဈေးကွက်ဝင်ေ
နကြပါတယ်။ ဈေးကွက်ဝင်စာဟောသူတွေအတွက် ဈေးကွက်ဝင် စာပေဟောပြောပွဲတွေကလည်း အဆင်သင့်ရှိနေပါတယ်။
တချို့ဈေးကွက်ဝင်စာဟောသူတွေက စာ
တပုဒ်ကျက်သလိုကျက်ပြီး နေရာအနှံစာလိုက်ဟောစားသူတွေဖြစ်   နေပါတယ်။ ရှေ့တပွဲမှာလဲဒီစာ၊ နောက်ပွဲမှာလဲဒီစာ၊ ဤသည်တောင် မကွဲတော့ပါဘူး။စာပေဟောပြောပွဲစင်တခုမှာ ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေညံသွားရင် စာဟောစားဖို့ ခွင်ဝင် သွားတော့တာပါပဲ။
မွန်းကြပ်နေတဲ့ပြည်သူတွေကို ရီ
စရာတွေပြောနိုင်ရင်၊ သီချင်းတွေဆိုပြရင်၊ မိမိကိုယ်တိုင်မကျေမနပ်နဲ့ ဘ၀  ရှင်သန်နေရတဲ့ခေတ်ကိုစင်မြင့်ပေါ်က ကိုယ်စားသရော်ပြရင်၊ ဈေးကွက်ဝင်စာရေးဆရာအမည်ခံစာဟော သူဖြစ်နေတဲ့ခေတ်ပါ။ တချို့ကလည်းနားထောင်တဲ့ပရိတ်သတ်ရဲ့အကြိုက်ကိုနှပ်နေတဲ့စာရေးဆရာ၊ ဆရာမတွေ၊ စာဟောစားတဲ့သူတွေ၊ လူရွှင်တော်တွေ၊ ကျူရှင်ဆရာတွေကတော့ စာပေဟောပြောပွဲတွေမှာ အမည်ပေါက်နေကြပါတယ်။ အမည်ပေါက်နေသူတွေက ဈေးကွက်ဝင်နေပါတယ်။ အဲဒီအခါဈေးကွက်သဘောအရ ဈေးစကားပြောလာကြတာ တွေ့မြင်နေရပါတယ်။ သူ့ကိုဖိတ်ရင် ဘယ်လောက်ပေးမှဆိုပြီး ဈေးစကားပြောနေကြပါပြီ။ စာပေဟောပြောပွဲတစ်ပွဲကို လက်ခံထားပေမယ့် အဲဒီပွဲထက်ပိုပြီးပေးတဲ့နောက်ပွဲကို လက်ခံလိုက်တာတွေကိုလည်း သိနေကြားနေရပါတယ်။
နောက်ပြောချင်တာတစ်ခုက လူရည်လည်
သူတွေအနေနဲ့ဈေးကွက်ဝင်စာပေဟောပြောပွဲတွေကို စီစဉ်ပေး တဲ့ လူတွေပါ။ စာပေဟောပြောပွဲဖြစ်အောင်စီစဉ်ပေးတဲ့လူတွေ၊ စာပေဟောပြောပွဲကိုလိုက်ဟောမယ့် သူတွေကို စီစဉ်ပေးတဲ့လူတွေ အမျိုးမျိုးရှိပါတယ်။ ဒီလိုစီစဉ်ပေးတဲ့လူတွေကလဲဈေးကစားပြီးခေါင်းပုံဖြတ် သလိုလုပ်ဆောင်နေတာလည်း ကြားနေရပါတယ်။
အခုအချိန်မှာကဗျာစာအုပ်တစ်အုပ်ေ
လာက်၊ ၀တ္ထုစာအုပ်တအုပ်လောက်ထုတ်ပြီး စာရေးဆရာ အမည် ခံပြီး ဟောနေသူတွေများနေပါတယ်။ ကဗျာစာအုပ်တစ်အုပ်၊ ၀တ္ထုစာအုပ်တစ်အုပ်လောက်ထုတ်ဖို့ကလည်း မခဲယဉ်းတော့ပါဘူး။ စာပေဟောပြောပွဲဈေးကွက်မှာ အမည်ပေါက်ဖို့ပဲ လိုတာပါ။
အခုမှိုလိုပေါက်နေတဲ့ စာပေဟောပြော
ပွဲတွေကို တကယ့်စာပေ၀ါသနာပါသူတွေ၊ စာပေရေးသားလိုသူတွေ ၊ ရေးသားနေသူတွေအနေနဲ့ စိတ်ပါဝင်စားစွာနားမထောင်တော့ပါဘူး။ စာပေကိုကောင်းကောင်းနား မလည် သူတွေက စာပေစင်မြင့်ပေါ်ကနေဟောပြောနေတာကို စိတ်ပျက်နေကြပါပြီ။
ကျွန်တော်စိတ်မကောင်းဖြစ်မိတာ
က တကယ့်စာရေးဆရာကြီး၊ ဆရာမကြီးတွေစာမရေးနိုင်တာကိုပါ။ ဒီလိုစာမရေးနိုင်ကြလို့လည်း ရသစာပေအပါအ၀င် စာပေများစွာ ရှားပါးနေရတယ်လို့ ထင်မိ၊မြင်မိပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ စာရေးဆရာ၊ ဆရာမတွေ၊ ကဗျာဆရာဆရာမတွေ အလွန်ပေါနေပါတယ်။ပုံနှိပ်မဂ္ဂဇင်းတွေကတော့ တအုပ်ပြီးတအုပ် ရပ်ဆိုင်းပြိုလဲနေပါပြီ။ ဒါလည်း ဈေးကွက်ဝင်စာပေဟောပြော ပွဲတွေက ပြည်သူတွေရဲ့အနေအထားကိုပြနေပါတယ်။ ပြည်သူတွေဆင်းရဲကြပ်တည်းမှုတွေကိုရုန်းကန် ရင်ဆိုင်နေရတဲ့ခေတ်ကာလမှာ သူတို့ရဲ့ထွက်ပေါက်ကို ခပ်ပေါပေါနဲ့ဝယ်လို့ရတဲ့ဈေးကွက်ထဲရောက်နေကြ ပါတယ်။ စာပေရဲ့အနှစ်သာရကိုတွေ့အောင်မရှာချင်ကြတော့ပါဘူး။ မလေ့လာချင်တော့ပါဘူး။ မဆည်းပူးချင်ကြတော့ပါဘူး။
ဈေးကွက်ဝင်စာပေဟောပြောပွဲတွေ(
အားလုံးကိုမဆိုလိုပါဘူး)က ပြည်သူတွေရဲ့ဘ၀တွေမတိုး တက်နိုင်သေးတဲ့ပြယုဂ်ကို ပြနေပါတယ်။ အရေးကြီးတာက ပြည်သူတွေအနေနဲ့စာပြန်ဖတ်နိုင်တဲ့အခြေ အနေတလိုအပ်နေပါတယ်။ ဒီလိုစာဖတ်တဲ့သူတွေများလာရင် ကျွန်တော်တို့စာပေလောကနဲ့ ကျွန်တော်တို့တိုင်းပြည်တိုးတက်လာပြီလို့ ယူဆနိုင်ပါပြီ။ ဈေးကွက်ဝင်စာပေဟောပြောပွဲတွေကလည်း ခေတ်အခြေအနေက စကားပြောနေပါတယ်။မြတ်လှိုင်း
ဈေးကွက်ဂျာနယ်၊ အမှတ် ၁၀၀၂၊ ဖေဖော်ဝါရီလ ၂၃ ၊၂၀၁၇ 
-စာရေးသူ၏ ခွင့်ပြုချက်အရတင်ပါသည်။
 (သစ်ခက်သံလွင်) 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts