ကဗျာ မောင်စွမ်းရည်

အောင်သူ (မြင်းခြံ) – ဘီလူးနိုင်ကဗျာဆရာ

 

အောင်သူ (မြင်းခြံ) – ဘီလူးနိုင်ကဗျာဆရာ

(ကဗျာဆရာ မောင်စွမ်းရည် ၈၀ ပြည့်မွေးနေ့အမှတ်တရ။)

(မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၇

ဆရာ စွမ်းရည် တယောက်
ကဗျာ လမ်းနီဖေါက်
ကမ္ဘာ လွှမ်းအမည်ပေါက်တော့
အာဏာငန်းစစ်ဘီလူးတွေ အလွန်ကြောက် ။

အောင်သူ ( မြင်းခြံ )

ဖေဖော်ဝါရီ ၁၄။ အောင်သူဖေ့ဘုတ်မှ ကူးယူဖော်ပြပါတယ်။

ကဗျာရေးသူ အောင်သူ(မြင်းခြံ) မှာ ၁၉၃၆ အောက်တိုဘာ ၁၁ ရက်နေ့ဖွား။ မန်းတက္ကသိုလ်ကျောင်းသားဟောင်း။ ၁၉၆၁ မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ (မတကသ) အတွင်းရေးမှူး။ ၁၉၆၂ မတက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့။ ၁၉၆၄ ဗမာပြည်ကွန်မြူနစ်ပါတီသို့တောခို၊ ၁၉၆၅ ခုနှစ် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂမှာ မြေအောက်ကျောင်းသား စည်းရုံးရေး တာဝန်ခံအဖြစ် လှုပ်ရှားဆောင်ရွက်ရင်း အဖမ်းခံရ။ ၁၉၆၇ ခုနှစ် မှ ၁၉၇၀ ခုနှစ်ထိ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ။ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် မြင်းခြံသပိတ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်။ ဖျက်သိမ်းခံရသော ပြည်သူ့တိုးတက်ရေးပါတီတွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ဆောင်ရွက်ခဲ့။ ၁၉၉၀ တွင် ထောင်ဒဏ် ၂၁ နှစ် ချခံရ။ ထောင်ထဲတွင် ၁၄ နှစ် ၆ လ နေခဲ့ရပြီး ၂၀၀၅ ခုနှစ် ဇန်န၀ါရီတွင် လွတ်မြောက်ခဲ့။
ဗဟိုတရားရုံးချုပ်ရှေ့နေဖြစ်ပြီး ယနေ့အချိန်အထိ မြင်းခြံဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ရဲ့ နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်၊ နိုင်ငံရေးလှုပ်ရှားမှုများကို ယနေ့အချိန်အထိ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “ခေတ်သုံးခေတ်အကျဉ်းသား”စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့။
(ဦးအောင်သူ အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရ လက်ကမ်းပိုစတာမှ ကူးယူဖော်ပြပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts