ကဗျာ

နရီမင်း – “သမိုင်းဝင်နွား”

နရီမင်း – “သမိုင်းဝင်နွား”
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

သူဟာ ပိုင်ရှင်ရှိနွားဖြစ်ကြောင်း
နွားက ခလောက်ကလေး ခါခါပြတယ်။

နွားက Tom&Jerry ကာတွန်းကား ကြည့်ထားတော့
လည်ပတ်ရဲ့ အရေးပါပုံကို သိတာကိုး။

လူ သန်းပေါင်း ၅၀ အတွက် ထွန်ယက်ခဲ့ရပါတယ်လို့
မပြောလိုက်ပါနဲ့လား နွားရေ။

မင်းက ငါတို့ ထွန်ယက်ထားတာတွေကိုသာ
သခင်ကို မျက်နှာလိုအားရနဲ့ ရောင်းစားလိုက်တာပါ။

မင်းရဲ့ ရုန်းအားဟာ မင်းသခင်ရဲ့ လွတ်မြောက်ရာပေါ့။

သခင်စီးတဲ့လှည်းကို နဖားကြိုးစေရာ ဆွဲရင်း
နွားက အိုလာတယ်။

ဒီအသက် ဒီအရွယ်ရောက်တဲ့အထိ
နွားက သူ့ကိုယ်သူ
သားသတ်ရုံဆီ သွားနေမှန်း မသိရှာခဲ့ဘူး။

၁၆- ၂- ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts